သူတို့အိမ် အခန်း – ၂၂

    ကလေး လူကြီး ——————-   သည်တစ်ခေါက် အလှူအပြီး ရွာက ပြန်လာတော့ ကိုယ့်ကိုကိုယ် ကလေးလို့ မထင်တော့ဘဲ လူကြီးဖြစ်တော့မယ်ဟု စိတ်ထဲမှာ အလိုလိုဖြစ်နေ၏။ စာမေးပွဲအောင်စာရင်းထွက်အပြီး ၅တန်းတက်ရမှမို့ အလယ်တန်းကျောင်းသား ဖြစ်တော့မည်ဟု လူကြီးစိတ်ဝင်ချင်တာလည်းဖြစ်မည်။ ထို့ကြောင့် ရွာကအပြန် ခေါင်းတုံးနှင့် ကျွန်တော့်ကို တွေ့တဲ့သူတိုင်းက “ဟ ကျော်ဆန်းကြီး အသားတွေမည်းပြီး ဝလာတယ်၊ အရပ်လည်းမြင့်လာတယ်” ဟု ပြောကြတာ သတိထားမိသည်။ သည်တစ်ခါ ကျောင်းအပိတ်တွင် အဘက သူ့အလုပ်အားသည့် အချိန်ရောက်လျှင် ကျွန်တော့်ကို ခေါ်ကာ သူကိုင်နေကျ လွယ်အိတ်အဟောင်းလေးကို ထုံပြီး သစ်ဆိုင်တွေဆီသွားသည်။     စကားစပ်လို့ အဘကို သူအလုပ်အားသည့်အချိန်ဟု ဆိုရာ အဘ၏ ဆီစက်ဘွုင်လာမီးထိုးအလုပ်က မနက်ဆိုင်းဆိုလျှင် မနက် ၅နာရီက နေ့လယ် ၁နာရီအထိ၊ နေ့ဆိုင်းဆိုလျှင် နေ့လယ်…

Read More
VOM News

FREE
VIEW