လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၄)

ဆူးငှက် ကျွန်တော်ဇာတ်ကြိုက်ပါသည်။ ဇာတ်ပွဲကို ဘယ်တုန်းကစကြည့်ဖူး တာလဲဟု စဉ်းစားလိုက်တော့ ကျွန်တော် ၄နှစ်၅နှစ်လောက်ပဲ ရှိမှာပေါ့။ သီတင်းကျွတ် ကျောက်တော်ကြီးပွဲမှာ ရွှေမန်းတင်မောင် ဇာတ်ကို အမေ့လက်ဆွဲပြီး လိုက်ကြည့်ရတာဖြစ်သည်။ အမေက ပဲဆီ၊နှမ်းဆီစတဲ့ စားဆီတွေကို ပုံးထဲထည့်ခေါင်းပေါ်ရွက်ပြီး တစ်ရပ်ဝင်တစ်ရပ်ထွက် လှည့်လည်ဈေးရောင်း ရသော ခေါင်းရွက်ဗျပ်ထိုးဈေးသည်ဖြစ်သည်။ မန္တလေးအနောက်ပြင် ထန်းမြင့်ရပ်ထဲကိုလည်း အမေက ဆီရောင်းထွက်ရသည်။ ထန်းမြင့် ရပ်ထဲမှာ ရွှေမန်းတင်မောင်တိုက်ရှိသည်။ ဝင်းကျယ်ကျယ်ထဲက တစ်ထပ်တိုက်ခပ် ကြီးကြီးပါပဲ။ ထိုဝင်း၏ မြောက်ဘက်ကပ်လျက် ကြားလမ်းထဲက အမေ့ ဆီဖောက်သည် အိမ်ကနေ ဇာတ်တိုက်နေသော ရွှေမန်းတင်မောင်ကို ဆီဗျပ်ကြီးဘေးချပြီး အမေ က ငေးမောနေကျတဲ့။ အမေစတည်းချနေကျ ထိုကြားလမ်းထဲက အိမ်ကလည်း ရွှေမန်း တင်မောင် ဇာတ်ထဲက မင်းသားလတ် စိန်လှမောင်နဲ့ မမညွန့်တို့အိမ်တဲ့။ မမညွန့်က စက်ချုပ်သည်။ ဇာတ်သူ ဇာတ်သားများ၏ ဇာတ်ဝတ်ဇာတ်စားတွေ မှန်သမျှ…

Read More

အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေ ချက်ချင်းပြန်စမ်းသပ်ဖို့ ဒေါ်နယ်ထရန့် အမိန့်ပေး

ဝါရှင်တန်၊ အောက်တိုဘာ-၃၀-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်အနေနဲ့ ရုရှား၊ တရုတ်တို့လို တခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်ဖို့ နျူကလီးယားလက်နက်တွေ ပြန်လည်စမ်းသပ်ဖို့ သမ္မတ ဒေါ်နယ်ထရန့်က စစ်ဘက်တာဝန်ရှိသူတွေကို အမိန့်ပေးလိုက်ပါတယ်။ “အခြားနိုင်ငံတွေက နျူကလီးယား စမ်းသပ်အစီအစဉ်တွေကြောင့် မိမိတို့ရဲ့ နျူကလီးယားလက်နက်တွေကို တန်းတူရည်တူ စတင်စမ်းသပ်ဖို့ စစ်ဘက်တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့တယ် “လို့ တောင်ကိုရီးယားမှာ တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံမှုမပြုမီ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ အမေရိကန်မှာ တခြားနိုင်ငံတွေထက် နျူကလီးယားလက်နက်တွေ ပိုမိုပိုင်ဆိုင်ထားကြောင်း ထရန့်ကပြောကြားခဲ့ပါတယ်။ ရုရှားက ဒုတိယနဲ့ တရုတ်က တတိယနေရာမှာ ခပ်ခွာခွာ လိုက်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်ဟာ ၁၉၉၂ ခုနှစ်မှစပြီး နျူကလီးယားလက်နက်စမ်းသပ်မှုတွေ မလုပ်ခဲ့ပါဘူး။ အကွာအဝေး အကန့်အသတ်မရှိ ပစ်ခတ်နိုင်တဲ့ နျူကလီးယားစွမ်းအင်သုံး ဒုံးကျည်တစင်းကို ရုရှားက စမ်းသပ်မှုအတွက် ထရန့်က ရှုချခဲ့ပြီး ရက်ပိုင်းအကြားမှာ အခုလို အမိန့်ပေးလိုက်တာပါ။…

Read More

ထရန့်နဲ့ ရှီကျင်းပင် ထိပ်သီးဆွေးနွေးပွဲပြီးဆုံး၊ ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ထိုးနိုင်တော့မယ်ဆို

ဆိုးလ်၊ အောက်တိုဘာ-၃၀-၂၀၂၅ ရတီ(VOM) တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တရပ်ကို များမကြာခင်မှာ လက်မှတ်ရေးထိုးနိုင်တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရှီကျင်းပင်နဲ့ ထိပ်သီးဆွေးနွေးပွဲပြီးနောက် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ တောင်ကိုရီးယားမှာ တနာရီ မိနစ် ၄၀ ကြာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ကုန်သွယ်ရေးအပါအဝင် သဘောတူညီချက် တစုံတရာကို ထုတ်ပြန်ကြေညာခြင်းတော့မရှိသေးပါဘူး။ ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ခေါင်းဆောင်နှစ်ဦးစလုံးထံမှ ချက်ချင်းလူသိရှင်ကြား မှတ်ချက်ပေးတာမျိုးလည်း မရှိခဲ့ပါဘူး ။ ဒါဟာ ကမ္ဘာ့စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုတွေ ဖြေလျှော့ဖို့ ကြိမ်းပမ်းနေချိန်မှာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ထရန့်နဲ့ ရှီကျင်းပင်တို့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ကတော့ နှစ်ဖက်တွေ့ဆုံမှု အခြေအနေကောင်းပြီး ရှီဟာ ခေါင်းဆောင်ကောင်းတယောက်လို့ ဆိုပါတယ်။ အရေးကြီးတဲ့အချက်အတော်များများကို နိဂုံးချုပ် သဘောတူခဲ့ပြီး မကြာခင်ထုတ်ပြန်သွားမယ်လို့ သမ္မတလေယာဉ်ပေါ်မှာ ထရန့်က သတင်းထောက်တွေကို ပြောပါတယ်။ အမေရိကန်အနေနဲ့…

Read More

တောင်ကြီးတန်ဆောင်တိုင်မှာ ကားတစီး ငါးသောင်း၊ ဆိုင်ကယ်တစီး နှစ်သောင်းကျပ်အထိ ယာဉ်ရပ်နားခကောက်လို့ ဝေဖန်မှုတွေရှိ

အောက်တိုဘာ ၃၀ ၊ ၂၀၂၅ GG (VOM) တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ ယာဥ်ရပ်နားစခန်း လေလံရရှိထားသူတွေက ယာဥ်ရပ်နားခအဖြစ် ကားတစီးကို ငါးသောင်းကျပ်( ၅၀၀၀၀) နဲ့ ဆိုင်ကယ်တစီးကို နှစ်သောင်းကျပ် (၂၀၀၀၀) နူန်းအထိ အဆမတန် ကောက်ခံမှုရှိနေတယ်လို့ ခရီးသွားလာသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ ” ကားတစီး ငါးသောင်း တောင်းပြီး ရပ်နားကွင်းက ချိုင့်ခွက်တွေနဲ့ ။ကားတွေဘီးတောင်ဝင်နေတော့ ကားတွေနာတယ်။ ပိုက်ဆံဒီလောက်တောင်းထားတာ သေချာလေး လုပ်ထားသင့်တာပါ။၅၀၀၀၀ ဆိုတဲ့ပမာဏ ကလည်းများတယ်ဗျာ။ ” လို့ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို အလည်အပတ်ရောက်ရှိနေသူတယောက်က ပြောပါတယ်။ ယာဥ်ရပ်နားစခန်း လေလံရရှိသူတွေအတွက် ယာဥ်ရပ်နားခကောက်ခံဖို့ သတ်မှတ်ထားတဲ့ နူန်းထားတွေကို ဆိုင်ကယ်တစီးကို ၂၀၀၀ ကျပ် ၊ တတန်အောက် ကားတစီးကို ၅၀၀၀ ကျပ် ၊ တတန် အထက်ကားတစီးကို တသောင်း ကျပ်ထက်…

Read More

ပန်းတောင်း ကပစ ၁၆ အနီးအထိ AA တပ်ဖွဲ့တွေ ရောက်ရှိလာပြီး တိုက်ပွဲပြင်းထန်နေ

အောက်တိုဘာ ၂၉ – ၂၀၂၅ SN (VOM) ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း အစိုးရတပ်နဲ့ AA ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ဖြစ်ပွားလျက်ရှိတာမှာ လက်ရှိမှာ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ – ၁၆) အနီးအထိ AA တပ်တွေ ရောက်ရှိနေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်ကာ ကပစ – ၁၆ အနီးရှိ ကာကင်း စခန်းကုန်းတွေကို ပြန်လည် သိမ်းယူနိုင်ဖို့ ထိုးစစ် ဆင်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ “AA ဘက်က အစိုးရတပ်ရဲ့ ၆၆၆ ပွိုင့်ကုန်းကို ထိန်းချုပ်လိုက်ပြီး အဲဒီနောက်ပိုင်း ကပစ – ၁၆ ယမ်းချက်စက်ရုံကို ထိုးစစ်ဆင်လာတာပေါ့။…

Read More

ကသာမြို့အနီးဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ ​လေး​​ယောက်​သေဆုံး

အောက်တိုဘာ ၃၀-၂၀၂၅ SKT(VOM) ကသာမြို့နယ်အနီးမှာ‌ အောက်တိုဘာ ၂၉ ရက်ည ၁၀နာရီကျော်အချိန်လောက်က လေကြောင်းတိုက်ခိုက်ခံရလို့ ကသာမြို့နယ်ရဲ့အောက်ဖက်မှာရှိတဲ့ ညောင်ခြေထောက်ရွာ ဘုန်းကြီးကျောင်းနဲ့အနီးရှိ နေအိမ်​တွေ ပျက်စီးသွားကာ၊ ဒေသခံလူ(၄)ဦးထိခိုက် သေဆုံးတယ်လို့ ကနဦးသတင်းရရှိထားပါတယ်။ “ညက အရင်ဆုံး အသံက ပစ်လိုက်သလို အသံအပြင်းဆုံးသုံးချက်ကြားရတယ်။ သုံးမိနစ်လေးမိနစ်လောက်နေတော့ လေယာဉ်ကပျံဝဲလာတဲ့အသံကြားရတယ်။ အတော်ကြာကြာမြို့အရှေ့အနောက်ဝဲနေတယ်။ နောက်တော့ ကသာမြို့အောက်ဖက်ဦးတည်သွားတယ်။ ဗုံးချလိုက်တဲ့အသံဂျိမ်းဂျိမ်းနဲ့ ခုနှစ်ချက်‌လောက်ကြားရတယ်။”လို့ ကသာမြို့ဒေသခံတဦးက ပြောပါတယ်။ ညအချိန် မထင်မှတ်ပဲရောက်ရှိလာတဲ့အတွက် ကသာအနီးအနားကကျေးရွာတွေမှာ စိုးရိမ်စိတ်တွေရှိ‌တဲ့အတွက်‌ ကသာမြို့ပေါ်ကို လာရောက်နေထိုင်ဖို့ ပြင်ဆင်ကြတယ်လို့သိရပါတယ်။ “ကသာမြို့ပေါ်တော့အခုကဘာမှမဖြစ်သေးဘူး။ရွာထဲမှာနေတာဆိုတော့ ညတုန်းကလို တိုက်‌ေလယာဥ်လာခဲ့မှာစိုးရိမ်လို့ပါ”လို့ ကသာမြို့အနီးကျေးရွာဒေသခံကဆိုပါတယ်။ ကသာမြို့အနီး ညအချိန်လေကြောင်းတိုက်ခိုက်ခဲ့သလို ဗန်းမောက်မြို့မှာလည်း မနက်ပိုင်း(၈)နာရီခွဲက ဗုံးအလုံးပေါင်း(၄၀)ကျော်ကျဲချခဲ့လို့ အဆောက်အဦတွေ ပျက်စီးခဲ့ရ‌တယ်လို့ သိရပါတယ်။

Read More

တောင်ကိုရီးယားမှာ နျူကလီးယား ရေငုပ်သင်္ဘောတစင်း တည်ဆောက်ဖို့ အမေရိကန်ခွင့်ပြု

ဆိုးလ်၊ အောက်တိုဘာ-၃၀-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ‌ဒေါ်နယ်ထရန့်ဟာ တောင်ကိုရီးယားအတွက် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်း တည်ဆောက်ရန် အတည်ပြုခွင့်ပြုပေးလိုက်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီလိုခွင့်ပြုလိုက်တာကြောင့် တောင်ကိုရီးယားဟာ နျူကလီးယားရေငုပ် သင်္ဘောပိုင်ဆိုင်တဲ့ နိုင်ငံအနည်းငယ်ထဲက တနိုင်ငံဖြစ်လာတော့မှာပါ။ တောင်ကိုရီးယားကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာတဲ့ ဖီလာဒဲလ်ဖီးယားရှိ သင်္ဘောကျင်းမှာ ရေငုပ်သင်္ဘောတည်ဆောက်သွားမယ်လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နဲ့ အခြားဒေသဆိုင်ရာ ခေါင်းဆောင်တွေနဲ့ အာရှခရီးစဉ်အတွင်း တွေ့ဆုံခဲ့တဲ့ သမ္မတထရန့်က တောင်ကိုရီးယားဟာ အမေရိကန်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အမြောက်အမြားကို ဝယ်ယူဖို့ သဘောတူခဲ့တယ်လို့ ပြောပါတယ်။ ထရန့်နဲ့ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်တို့ဟာ အောက်တိုဘာ ၂၉ ရက်က တောင်ကိုရီးယားမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးအတွင်း နှစ်နိုင်ငံအကြား ရှုပ်ထွေးတဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရဲ့ အသေးစိတ်အချက်အလက်တွေကို အပြီးသတ် သဘောတူခဲ့ကြပါတယ်။ တောင်ကိုရီးယားအနေနဲ့ နျူကလီးယားလောင်စာ ကိုယ်ပိုင်ထုတ်လုပ်ဖို့ အမေရိကန်၏ ခွင့်ပြုချက်ကိုလည်း သမ္မတလီဂျေးမြောင်က…

Read More

တွဲကားတွေ ထားတဲ့ ခြံတခုမီးလောင်လို့ တွဲကား၊ ဘက်ဟိုးယာဥ်နဲ့ အဆောက်အဦတချို့ မီးလောင်ပျက်စီး

မန္တလေး၊ အောက်တိုဘာ- ၃၀- ၂၀၂၅ SA(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မြစ်ငယ် – ထုံးဘိုလမ်း ဘေးက တော်လှကျေးရွာမှာ ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က တွဲကားရပ်နားတဲ့ ခြံတခု မီးလောင်မှုဖြစ်လို့ တွဲကား သုံး စီး၊ ဘက်ဟိုးယာဥ် တစီး အပါအဝင် အဆောက်အဦတချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ခြံစောင့်လောက်ပဲ ရှိတယ် လူအထိအခိုက်ကတော့ မရှိဘူးကြားတယ်၊ အသင်းကနေ သိရတာတော့ တွဲကား သုံး စီး၊ ဘက်ဟိုး ၁ စီး နဲ့ အဆောက်အဦတချို့ မီးလောင်ပျက်စီးခဲ့တယ် “လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး တိုင်းရုံး) က တာဝန်ရှိသူတဦးက ပြောပါတယ်။ ဖြစ်စဥ်နေရာကို အမရပူရမြို့နယ်မီးသတ်စခန်း က မီးငြှိမ်းသတ်ယာဥ် တစီးနဲ့ အတူ သန္ဓေမီးသတ်တပ်ဖွဲ့…

Read More

ပြင်သစ် လုဗ်ပြတိုက် ဖောက်ထွင်းမှု သံသယရှိသူငါးယောက်ကို ထပ်မံဖမ်းဆီး

ပါရီ၊ အောက်တိုဘာ-၃၀-၂၀၂၅ ရတီ(VOM) ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ လုဗ်ပြတိုက် ဖောက်ထွင်းမှုမှာ ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီး သံသယရှိသူ ငါးယောက် ကို ထပ်မံဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သံသယရှိသူငါးယောက်ကို ပါရီဒေသမှာ ဖမ်းဆီးခဲ့တာလို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အဓိကသံသယရှိသူတယောက် ပါဝင်တယ်လို့ဆိုပါတယ်။ ခိုးယူမှုမှာ ပါဝင်တဲ့ အမျိုးသားနှစ်ယောက်ကို စစ်ဆေးပြီးနောက်မှာ နောက်ထပ်လူတွေကို ဖမ်းဆီးခဲ့တာပါ။ ယူရို ၈၈ သန်းတန်ဖိုးရှိ ရှေးဟောင်းရတနာပစ္စည်းတွေကို အောက်တိုဘာ ၁၉ ရက်မှာ သူခိုးလေးယောက် နေ့ခင်းကြောင်တောင်အချိန်မှာ အဆောက်အအုံထဲ ဝင်ရောက်ခိုးယူသွားခဲ့တာပါ။ ဒီပြတိုက်ဟာ ကမ္ဘာ့အလည်အပတ်အများဆုံး ပြတိုက်တွေထဲက တခုဖြစ်ပါတယ်။ ခိုးယူခံရတဲ့ ရတနာတွေကို ပြန်လည်မတွေ့ရှိရသေးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတယောက်ရဲ့ DNA ဟာ ရာဇဝတ်မှုဖြစ်ပွားရာနေရာနဲ့ ဆက်စပ်နေနိုင်ကြောင်း ဆိုပါတယ်။ ပြင်သစ်စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ဖမ်းဆီးထားသူတွေရဲ့ အသေးစိတ်အချက်အလက်တွေစွာကို အသေးစိတ်ထုတ်ပြန်တာမရှိသေးပေမယ့် တရားစွဲဆိုခံရခြင်း သို့မဟုတ်…

Read More

အင်ဒိုးနီးယားမှာ အခမဲ့အစားအသောက်အစီအစဉ်ကြောင့် ကျောင်းသား ၇၀၀ နီးပါး အစာအဆိပ်သင့်ပြန်

ဂျကာတာ၊ အောက်တိုဘာ-၃၀-၂၀၂၅ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ ယော့ယာကာတာပြည်နယ်မှာ .ယခုသီတင်းပတ်အတွင်း ကလေး ၇၀၀ နီးပါး အစာအဆိပ်သင့်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါဟာ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ စာသင်ကျောင်းတွေမှာ အခမဲ့အစားအစာအစီအစဉ်အောက်မှာ ပြင်ဆင်ကျွေးမွေးတဲ့ အစားအစာတွေကို ကျောင်းသားတွေက စားသုံးပြီးနောက် အစာအဆိပ်သင့်မှု နောက်ဆုံးဖြစ်စဉ်လည်း ဖြစ်ပါတယ်။ ဇန်နဝါရီလမှာ စတင်ခဲ့တဲ့ အဲဒီအစီအစဉ်ဟာ ပရာဘိုဝိုရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး အဓိက ကတိကဝတ်တခုဖြစ်ပေမယ့်လည်း အောက်တိုဘာ ၂၉ ရက်နေ့အထိ ကလေး ၁၅၀၀၀ ခန့် အစာအဆိပ်သင့်ကြောင်း အစိုးရမဟုတ်သောအဖွဲ့အစည်းတခုဖြစ်တဲ့ JPPI ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ JPPI ကတော့ ဒီအစီအစဉ်ကို ရပ်ဆိုင်းဖို့ တောင်းဆိုထားပါတယ်။ အစားအစာတွေကို မသင့်လျော်စွာ သိုလှောင်ခြင်းနဲ့ ချက်ပြုတ်ထားတဲ့ အစားအစာတွေကို နောက်ကျပို့ဆောင်တာတွေကြောင့် အဆိပ်သင့်မှု ဖြစ်ပွားရတာလို့ အာဏာပိုင်တွေက ပြောပါတယ်။…

Read More
VOM News

FREE
VIEW