အောက်တိုဘာ ၃၁ ၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊ မန္တလေး – မတ္တရာ – စဥ့်ကူး – မိုးကုတ် လမ်းပေါ်ရှိ ချောင်းကူးတံတားတစင်းဖြစ်တဲ့ တံငါတံတား ( ကျောက်စရစ်ကုန်းတံတား)ဟာ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရပြီး တံတားကျိုးကျပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဆိုပါ တံငါတံတားက မတ္တရာမြို့နယ် ၊ တောင်တံငါရွာနဲ့ မြောက်တံငါရွာအကြားမှာရှိတဲ့ ချောင်းကူးတံတားဖြစ်ကြောင်း ၊ မိုင်းခွဲဖျက်ဆီးခံလိုက်ရတာက မြောက်တံငါရွာဘက်ခြမ်းရှိ တံတားအပိုင်းဖြစ်ပြီး တံတားမှာ ၆၅ ပေခန့် ပျက်စီးသွားတယ်လို့သိရပါတယ်။ မတ္တရာမြို့နယ်ကနေ လက်ပန်လှရွာ ၊ ရွှေပြည် ၊ စဥ့်ကူး မြို့နယ် ၊သပိတ်ကျင်း ၊ ဖော့တောလမ်းဆုံ ၊မိုးကုတ်မြို့တို့ကို သွားလာမယ်ဆိုပါက အဆိုပါ တံငါး တံတားကို အဓိက…
Read MoreDay: November 1, 2025
ဆူဒန် အယ်လ်ဖာရှာမြို့ရှိ ဆေးရုံမှာ လူ ၄၆၀ ကျော်ကို ပြည်သူ့စစ်အဖွဲ့ သတ်ဖြတ်
ခါတွမ်၊ အောက်တိုဘာ-၃၁-၂၀၂၅ ရတီ(VOM) ဆူဒန် အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့ဟာ အယ်လ်ဖာရှာမြို့ကိ သိမ်းပိုက်ပြီး ရက်အနည်းငယ်အကြာမှာ ဆေးရုံတရုံရှိ အရပ်သားရာပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ အယ်လ်ဖာရှာမြို့ရှိ ဆော်ဒီဆေးရုံမှာ လူ ၄၆၀ ဦး သတ်ဖြတ်ခံခဲ့ရပြီး လူနာ၊ ကလေးငယ်နဲ့ ဆရာဝန်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ပြည်သူ့စစ်တွေဟာ ဆေးရုံမှာ တွေ့သမျှလူအားလုံးကို သွေးအေးအေးနဲ့ သတ်ဖြတ်ခဲ့တာလို့ ဆူဝန်ဆရာဝန်ကွန်ရက်ကလည်း ပြောပါတယ်။ ဆရာဝန်လေးယောက်၊ ဆေးဝါးပညာရှင်တယောက်နဲ့ သူနာပြုတယောက်အပါအဝင် ဆေးဘက်ဆိုင်ရာဝန်ထမ်းခြောက်ယောက်ကို ပြန်ပေးဆွဲခဲ့ပြီး ပြန်လွှတ်ပေးရေးအတွက် ဒေါ်လာ တသိန်းခွဲ ပြန်ပေးငွေတောင်းဆိုခဲ့တယ်လို့ ဆရာဝန်ကွန်ရက်က ပြောပါတယ်။ ဒါဖာဒေသရှိ ဆူဒန်စစ်တပ်ရဲ့ နောက်ဆုံးခြေကုပ်ယူရာ အယ်လ်ဖာရှာမြို့ကို အာအက်စ်အက်ဖ်ပြည်သူ့စစ်တွေက ၁၈ လကြာဝိုင်းရံတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး မြို့ခံတွေဟာ အစာရေစာငတ်မွတ်ခေါင်းပါးမှုနဲ့ သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ် အောက်တိုဘာ ၂၆ ရက်မှာတော့ ပြည်သူ့စစ်အဖွဲ့က မြို့ကို ထိန်းချုပ်လိုက်ကြောင်း…
Read Moreရခိုင်ပြည်နယ် မြို့သုံးမြို့မှာ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ခြောက်ယောက် သေ၊ ၁၇ ယောက်ဝန်းကျင် ဒဏ်ရာ ရ
အောက်တိုဘာ ၃၁ – ၂၀၂၅ SN (VOM) ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်း မြို့နယ်တွေမှာ မနေ့ အောက်တိုဘာ ၃၀ ရက်က လေကြောင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးကာ ၁၇ ယောက်ထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင်အခြေစိုက် ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။ AA ထိန်းချုပ်ထားတဲ့ ကျောက်ဖြူ မြို့နယ်၊ ဇင်ချောင်းတိုက်နယ်က ဇင်ချောင်းကုန်ဘွေ ကျေးရွာမှာ မနေ့ ညနေ ၄ နာရီကျော် ဝန်းကျင်က လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ ငါးယောက် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့သလို နေအိမ် ခြောက်လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ကျောက်ဖြူဖြစ်စဥ်မှာ ငါးယောက်လုံးက နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတာပါ။ ဒဏ်ရာ ရသူတွေထဲမှာ အနီရောင်အဆင့်…
Read Moreမိုးကုတ်ကနေ TNLA ဆုတ်ခွာနေပေမယ့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ ဆက်ရှိနေပြီး မြို့ခံအချို့ ကြိုတင်စစ်ရှောင်
အောက်တိုဘာ ၃၁ ၊ ၂၀၂၅ GG (VOM) မိုးကုတ်မြို့ကနေ TNLA တပ်တွေ မြို့ပြင်ကို စတင် ဆုတ်ခွာမှုတွေရှိနေပေမယ့် ကျန်တဲ့ ဒေသတွင်းလက်နက်ကိုင် တပ်ဖွဲ့တွေကတော့ မြို့ထဲမှာ ဆက်ပြီးရှိနေသေးကြောင်း မိုးကုတ်ဒေသခံတွေဆီမှ သိရပါတယ်။ TNLA က မိုးကုတ်မြို့ကို အစိုးရတပ်ဆီ ပြန်ပေးဖို့ သဘောတူညီလိုက်ပေမယ့် လက်ရှိ မိုးကုတ်မြို့မှာ ရှိနေတဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေကတော့ မြို့ကနေဆုတ်ခွာခြင်းမရှိဘဲ စစ်တပ်ကိုပြန်လည် ခုခံတိုက်ခိုက်သွားမယ့် အခြေအနေတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ” TNLA ကနောက်လ ၂၉ ရက်နေ့ အပြီး ထွက်ရမယ်လို့တော့ပြောနေ တယ်။အခု မြေပြင်အခြေအနေက ရှုပ်ယှက်တော့ ခပ်နေတယ်။ဘယ်လိုဖြစ်နေ လဲဆိုတော့ မြို့ပြင်ထွက်သူတွေက ထွက်ကုန်ကြပြီ။ ဒီမှာ ဘယ်လိုမှမထွက်ဘူး ပုံစံမျိုးနဲ့ ကျန်တဲ့အဖွဲ့အစည်းတွေက ခံချမယ်ဆိုတာမျိုးလုပ် နေတော့ မြေပြင်အနေအထားက နည်းနည်း ရှုပ်ထွေးနေသလိုတော့ဖြစ်နေတာပေါ့။ကျန်တာတော့ သေချာမသိပါဘူး။…
Read Moreအင်ဒရူးရဲ့ တော်ဝင်မင်းသားဘွဲ့ ချားလ်ဘုရင် ရုပ်သိမ်းလိုက်ပြီး အိမ်တော်ကနေဆင်းဖို့ကိုလည်း ညွှန်ကြား
လန်ဒန်၊ အောက်တိုဘာ-၃၁-၂၀၂၅ ရတီ(VOM) ဗြိတိန် ချားလ်စ်ဘူရင်က ညီတော်ဖြစ်သူ မင်းသားကြီး အင်ဒရူးရဲ့ တော်ဝင်မင်းသားဘွဲ့ကို ရုပ်သိမ်းလိုက်ပြီး လက်ရှိနေထိုင်နေတဲ့ အိမ်တော်ကလည်း ရွှေ့ပြောင်းခိုင်းလိုက်တယ်လို့ ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်တွေနဲ့ တရားရင်ဆိုင်ပြီး ထောင်ထဲမှာ သေဆုံးသွားတဲ့ အမေရိကန်နိုင်ငံသား ဂျက်ဖရီအပ်စတိုင်းအမှုမှာ မင်းသားကြီးအင်ဒရူးဟာလည်း အရွယ်မရောက်သေးသူတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လိုတဲ့ စွပ်စွဲချက်တွေက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ ဘက်ကင်ဟမ်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ အင်ဒရူးရဲ့ မင်းသားဘွဲကို ရုပ်သိမ်းလိုက်ပြီး သူ့ကို အင်ဒရူးမောင့်ဘက်တန်ဝင်ဆာအဖြစ်သာ ခေါ်ဝေါ်သုံးစွဲရတော့မှာဖြစ်ပါတယ်။ အသက် ၆၅ နှစ်အရွယ် မင်းသားကြီးအင်ဒရူးကတော့ ဒီကိစ္စတွေကြောင့် ယောက်မြို့စားအပါအဝင် တော်ဝင်ဘွဲ့အချို့ကို ယခုလအစောပိုင်းမှာ စွန့်လွှတ်ကြောင်း ကြေညာခဲ့ပါတယ်။ လက်ရှိမှာတော့ မင်းသားအင်ဒရူးရဲ့ အဆောင်အယောင်တွေ၊ ဘွဲ့တွေနဲ့ ဂုဏ်ထူးဆောင်တွေကို ဖယ်ရှားဖို့ တရားဝင်လုပ်ငန်းစဉ်တခုကို စတင်နေပြီလို့ ကြေညာခဲ့ပြီး ဝင်ဆာအိမ်တော်မှာ နေထိုင်ခွင့်ကိုလည်း စွန့်လွှတ်ဖို့ တရားဝင်…
Read Moreဧရာဝတီတိုင်းမှာ အချိန်အခါမဟုတ် မိုးဒဏ်ကြောင့် ရိတ်သိမ်းဆဲမိုးစပါးတွေ မိုးမိရေစို
အောက်တိုဘာ ၃၁ – ၂၀၂၅ KKL(VOM) ဧရာဝတီတိုင်းမှာ အချိန်အခါမဟုတ် မိုးရွာတာကြောင့် တောင်သူတွေရဲ့ ရိတ်လက်စ စပါးခင်းတွေ ရေစိုပျက်စီးတဲ့အထိ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတောင် သူတွေဆီက သိရပါတယ်။ အောက်တိုဘာလ ၂၈ ရက်ကနေ ၃၁ ရက်အထိအချိန်အခါမဟုတ် ရက်ဆက်ရွာသွန်းတဲ့မိုးဒဏ်ကြောင့် ဧရာဝတီတိုင်းထဲက ဝါးခယ်မ ၊ ငပုတော ၊ အိမ်မဲ ၊ ညောင်တုန်း ၊ ပန်းတနော် ၊ ဓနုဖြူ ၊ မအူပင် ၊ လပွတ္တာ ၊ ကျိုက်လတ် ၊ ကန်ကြီးထောင့် ၊ မော်လမြိုင်ကျွန်း စတဲ့ မြို့နယ်တွေက ဒေသခံ တောင်သူတွေ စိုက်ထားတဲ့ ရိတ်သိမ်းနေဆဲမိုးစပါးတွေ ရေနစ်မြုပ်ကာ တချို့စပါး ခင်းတွေပျက်စီးတဲ့အထိဖြစ်ပေါ်နေတာလို့ ဆိုပါတယ်။ “မရိတ်ရသေးတဲ့စပါးအပင်တွေလည်း လဲကျကုန် တာ။ မိုးရွာမယ်လို့ သတင်းဖတ်ထားရတာကြောင့် အားချင်း…
Read Moreဂျပန်မှာ ဝက်ဝံတိုက်ခိုက်မှုတွေ မြင့်တက်လာလို့ မုဆိုးတွေငှားရမ်းပြီး သုတ်သင်ဖို့ စီစဉ်နေ
တိုကျို၊ အောက်တိုဘာ-၃၁-၂၀၂၅ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ဝက်ဝံတိုက်ခိုက်မှုတွေ သိသိသာသာမြင့်တက်လာခြင်းအပေါ် စိုးရိမ်မှုတွေ တိုးပွားလာနေချိန်မှာ ဝက်ဝံများကို သတ်ဖြတ်ဖို့အတွက် ဂျပန်အစိုးရဟာ မုဆိုးတွေ စုဆောင်းဖို့ စီစဉ်နေပါတယ်။ လူနေရပ်ကွက်တွေထဲကို လှည့်လည်သွားလာပြီး ဒေသခံတွေကို တိုက်ခိုက်နေတဲ့ ဝက်ဝံတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လိုင်စင်ရ မုဆိုးတွေနဲ့ အခြားဝန်ထမ်းတွေကို ငှားရမ်းဖို့ ရန်ပုံငွေတွေ ခွဲဝေပေးမယ်လို့ သဘာ၀ပတ်ဝန်းကျင် ဝန်ကြီးဌာနက ဒီကနေ့မှာပြောပါတယ်။ ဒါဟာ နိုင်ငံမှာ ကြီးထွားလာနေတဲ့ ဝက်ဝံတိုက်ခိုက်မှုပြဿနာကို ဖြေရှင်းဖို့ အဆင့်မြင့်အစည်းအဝေးတခု ကျင်းပပြီးနောက် အဆိုပြုထားတဲ့ အစီအမံတွေထဲမှ တစ်ခုဖြစ်ပါတယ်။ ယခုနှစ်အတွင်း ဝက်ဝံတိုက်ခိုက်မှုတွေကြောင့် လူ ၁၂ ယောက်သေဆုံးခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ မှတ်တမ်းတွေစတင်ပြီးနောက်ပိုင်း အမြင့်ဆုံးအရေအတွက်ဖြစ်ပါတယ်။ ဝက်ဝံတွေဟာ အများပြည်သူဘေးကင်းရေးအတွက် ပြင်းထနေတဲ့ ခြိမ်းခြောက်မှုအဖြစ် ဖော်ပြခဲ့တဲ့ အစိုးရက ရဲအရာရှိတွေအနေနဲ့ ထုတ်ပေးထားတဲ့ ရိုင်ဖယ်တွေနဲ့ ဝက်ဝံတွေကို ပစ်ခတ်ခွင့်ပြုဖို့လည်း စဉ်းစားနေပါတယ်။…
Read More