မန္တလေး နိုဝင်ဘာ ၂၁-၂၀၂၅
မန္တလေးတိုင်း၊မဟာအောင်မြေခရိုင်မှာပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲကို ၇၈လမ်းနဲ့ ၃၈ လမ်းထောင့်မှာ ဒီနေ့ နိုဝင်ဘာ ၂၁ရက် မနက်က ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲမှာ မဟာအောင်မြေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်လှလှ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသံလွင်ထွန်း၊ ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နန်းစွမ်းမောက်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးပြည့်ဖြိုးအောင်၊ တိုင်းဒေသကြီး အချိုးကျကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဦးဝေလွင်ဖြိုး၊ မဲဆန္ဒနယ် အမှတ်၂ အချိုးကျကိုယ်စားပြု ကိုယ်စားလှယ်လောင်းဦးဇော်မျိုးဦးတို့ကို VOMက တွေ့ဆုံမေးမြန်းကြည့်ခဲ့ပါတယ်။
