ဒီဇင်ဘာ ၁၅၊ ၂၀၂၅
Shv V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မူဆယ် – ၁၀၅ မိုင်ကြား ပြည်ထောင်စုလမ်းမပေါ် ဒီဇင်ဘာလ ၂၄ ရက်နေ့မိန်းလွဲ ၂ နာရီခွဲကျော်ခန့်က ကားတစီး ဘရိတ်ပေါက် တိုက်မိရာက လူတချို့ သေဆုံး၊ ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဗြုံးကျောက်တင်တဲ့ ၆ ဘီးကား ဘရိတ်ပေါက်သွားလို့ လမ်းဘေးက လူတွေကိုတိုက်သွားပြီး တိမ်းမှောက်ခဲ့တာမှာ လူ ရှစ်ယောက် ဒဏ်ရာရပြီး နှစ်ယောက် သေဆုံးခဲ့ကြောင်း ပါရမီ လူမှုကူညီရေးအသင်း ဆီက သိရပါတယ်။
“သေဆုံးသွားသူတွေက ဂိတ်ရောက်လို့ ကားပေါ်ကနေ ဆင်းပြီး လမ်းလျှောက် နေသူတွေ ဖြစ်တယ်။ မူဆယ်ကပါ” လို့ အသင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကားပေါ်က လူတွေရော၊ လမ်းလျှောက် နေတဲ့သူတွေရော အဲဒီ အနီးနားက လူတွေရော ပါဝင်ပြီး အသ်အန္တရာယ် စိုးရိမ်ရလောက်တဲ့ အထိ ဒဏ်ရာ ပြင်းထန်သူတွေတော့ မပါဘူးလို့ သူက ပြောပါတယ်။
“အဆင်းနေရာကြီးကို ဂိတ် လုပ်ထားတော့ အန္တရာယ် အရမ်းများတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အဲဒီနေရာမှာ မြောက်ပိုင်း မဟာမိတ်ညီနောင်တပ်ဖွဲ့တွေ စစ်ဆေးရေးဂိတ် ချထားပြီး ခရီးသွားတွေကို ကားပေါ်ကနေဘဆင်း လမ်းလျှောက်ခိုင်းသလို ဆိုင်ကယ်တွေလည်း ဆင်းတွန်းရတဲ့ နေရာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မူဆယ်မြို့ပေါ် အစိုးရ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေပေမယ့် မြို့ပြင် နမ့်ခုမ်ရွာ အကျော် အမိုက်ပုံအနီးက နေ မူဆယ် – ၁၀၅ မိုင် လမ်း တလျှောက် မြောက်ပိုင်း မဟာမိတ် ညီနောင်တပ်ဖွဲ့ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
Photo Crd# ပါရမီလူမှုကူညီရေးအသင်း
