ဖေဖော်၀ါရီ ၊ ၂၃၊ ၂၀၂၅ KH (VOM) စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် နဲ့ ဂန့်ဂေါမြို့နယ်ကြားမှာ ရှိတဲ့ ကျေးရွာတွေဟာ အခု ရက်ပိုင်းအတွင်းလေကြောင်း တိုက်ခိုက်ခံရမှုတွေ များပြားလာပြီး ၊ လေကြောင်းရန်ကနေ ကင်းေ၀းဖို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကလေးမြို့နယ် တောင်ပိုင်းမှာ နေထိုင်ကြတဲ့သူတွေဆီက သိရပါတယ်။ ” လေယာဥ်က နေ့ရော ညပါ ပျံသန်းနေတယ် ၊ နောက်ပြီး သူတို့သတင်းရတဲ့ နေရာ ပစ်မှတ်တွေပေါ်ကို ဗုံးကျဲချတယ် ၊ အခုတလော အဲ့ဒီလို ဗုံးကျဲချခံရတာ ရွာပေါင်း ဆယ်လေးငါးရွာထက်မနည်း ရှိနေပြီဖြစ်တယ် ” လို့ ကလေးမြို့နယ် တောင်ပိုင်း တင်သားကျေးရွာမှာ နေထိုင်တဲ့ ဒေသခံ တယောက်က ပြောပါတယ် ။ အဲ့ဒီလို လေကြောင်း တိုက်ခိုက်ခံရတဲ့ ရွာတွေကတော့ နတ်ချောင်း ၊…
Read MoreYear: 2025
ဟိုပန်က ကျားဖြန့်လုပ်ငန်းတခုကို UWSA ဝင်စီးရာ ကျားဖြန့်လုပ်ကိုင်သူ ၁၀၅ဦး ဖမ်းဆီးရမိ၊ ကျားဖြန့်တွေ အဖမ်းခံရမှုများလာ
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅’ ZY(VOM) “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့က ကျားဖြန့် လုပ်ငန်းတခုကို UWSAမှ ဖေဖော်ဝါရီလ ၂၁ရက်က ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖျန့်လုပ်ကိုင်သူ ၁၀၅ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ဟိုပန်မြို့၊ မိန်းပန်း(ရှမ်း) ရပ်ကွက်ထဲရှိ ကျားဖြန့် လုပ်ငန်းတခုကို သတင်းပေးပို့လာချက်အရ ဖေဖော်ဝါရီလ ၂၁ရက်၊ မနက်အစောပိုင်းက ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကျားဖြန့်လုပ်ကိုင်သူ ၁၀၅ဦးနဲ့အတူ စက်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ည ၁၂ကျော်၊ တစ်နာရီဝန်းကျင်မှာ ဝင်ဖမ်းတာ။ ဖမ်းခံရတဲ့သူတွေအများစုက လူငယ်တွေများတယ်။ မိန်းကလေးတွေလည်း ၂၀ကျော်ပါတယ်။ တချို့ကိုတော့ ပိုက်ဆံနဲ့ညှိပြီး ပြန်လွှတ်ပေးလိုက်တာ။ သတင်းပေးလာလို့ ဝင်ဖမ်းတာ ပြောတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ အဲဒီလုပ်ငန်းကို အဓိကဦးဆောင်လုပ်ကိုင်သူမှာ တရုတ်အမျိုးသားဖြစ်ပြီး…
Read Moreရှမ်းမြောက်ရှိ KIA ဂိတ်စခန်း သုံးခုနဲ့ တိုက်နယ်ရုံးတခုကို TNLA ဝင်စီး၊ လက်နက်တွေသိမ်းယူပြီး တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသွား
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မန်တုံမြို့နယ်အတွင်းရှိ KIA ဂိတ်စခန်း သုံးခုနဲ့ တိုက်နယ်ရုံးတစ်ခုရှိ TNLA တပ်ဖွဲ့တွေက ဒီကနေ့ ဖေဖော်ဝရီလ ၂၃ရက်၊ မနက်အစောပိုင်းအချိန်က ဝင်ရောက်စီးနင်းကာ လက်နက်ခဲယမ်းတွေသိမ်းယူပြီး တပ်ဖွဲ့ဝင်တွေကို ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ KIA တပ်မဟာ ၄၊ လက်အောက်ခံ တပ်ရင်း (၃၄)အောက်မှာရှိတဲ့ KIAစစ်တပ်ရဲ့ လောက်ကျယ်ဂိတ်၊ ရော်ကျိန်းဂိတ်၊ မန်ဖန်ဂိတ်နဲ့ မန်မောက်ရွာက မန်ပွန်းတိုက်နယ်ရုံးတို့ကို TNLA တပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းကာ KIA အရာရှိတွေနဲ့ တပ်သားတွေကို ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ “မနက်အစောက ဖြစ်သွားတာ၊ အော်ဟစ်ဆဲဆိုသံတွေတော့ ကြားတယ်။ သေနတ်သံတွေတော့ မကြားရဘူး။ ဘာကြောင့်ဖြစ်တာလဲဆိုတာလည်း မသိရသေးဘူး။ ဒီလိုဖြစ်စဉ်တွေ၊ နယ်မြေကိစ္စအငြင်းပွားတာတွေ ခဏခဏဖြစ်နေတော့ တိုက်ပွဲဖြစ်လာမှာ ကြောက်နေရတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။…
Read Moreနောင်ချိုမှာ နစကနဲ့ TNLA တိုက်ပွဲပြင်းထန်နေပြီး အထိအခိုက်များ
ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ တအာင်းတပ် (TNLA)ဟာ နစကပြန်လည်ထိန်းချုပ်ထားတဲ့ နေရာတချို့ကို ပြန်လည် ထိုးစစ်ဆင်နေလို့ တိုက်ပွဲ ပြင်းထန်နေပြီး နစကဖက်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေကြောင့် တိုက်ခိုက်မှုတွေကြောင့် အထိအခိုက်များနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက နစကတပ်ထံ လက်လွှတ်လိုက်ရတဲ့ နောင်ချိုမြို့နယ်၊ တောင်ရှည်နဲ့ မန်မော်ရွာကြားက ဆယ်တောင်ပြည့်ကုန်းကို TNLAမှ မနေ့ ဖေဖော်ဝါရီလ ၂၂ရက်ကစတင်ပြီး ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။ “အထိအခိုက်ကတော့ များတယ်၊ အတိအကျတော့ မသိရဘူး။ လေယာဉ်လာကြဲတာကလည်း ငါးကြိမ်ရှိပြီ။ လက်နက်ကြီးသံကလည်း ဆက်တိုက်ပဲ။ အရပ်သားတွေ ထိခိုက်တာတော့ မကြားရမိသေးဘူး။ နှစ်ဖက်စလုံးက အင်အားအလုံးအရင်းနဲ့ တည်ထားတဲ့သဘောပဲ”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။ နောင်ချိုမြို့နယ်၊ တောင်းခမ်းဒေသမှာလည်း နစကတပ်နဲ့ TNLA အကြား…
Read Moreပြည်အကျဥ်းထောင်မှာ အကျဥ်းသားချင်း အချင်းများမှု ထိန်းသိမ်းခဲ့ရတယ်လို့ နစကဆို
ဖေဖော်ဝါရီ ၂၃ – ၂၀၂၅ GG (VOM) ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်အကျဉ်းထောင်မှာ ဒီနေ့ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ အကျဥ်းသားအချင်းချင်း ပြဿနာဖြစ်ပွားခဲ့ပြီး ထိုးကြိတ်တဲ့အထိရှိခဲ့တာကြောင့် သေနတ်ပစ်ဖောက်ထိန်းသိမ်းမှုပြုလုပ်ခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့မှုအပေါ် နစကပြန်ကြားရေးကတော့ ပြဿနာဖြစ်တာမှန်ပေမယ့် ထိုးကြိတ်ရိုက်နှက်ခြင်းနဲ့သေနတ်ပစ်ဖောက်ခဲ့ခြင်းမရှိဘူးလို့ သတင်းထုတ်ပြန် ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကတော့ ပြည်အကျဥ်းထောင်တွင်းမှာ ဒီနေ့မနက် ၇ နာရီကျော်လောက်က အကျဥ်းသားအချင်းချင်းထိုးကြိတ်မှုဖြစ်ခဲ့သလို ဝါးဆစ်တုတ်၊ သစ်သားတုတ်၊ ဓါးကိုင်ဆောင်ပြီးလည်း ဝရိုက်နှက်ပြီး ခြိမ်းခြောက်မှု ဖြစ်ပွားခဲ့တဲ့အပြင် သေနတ်နှစ်ချက်ပစ်ဖောက်ထိန်းသိမ်းမှုပြုလုပ်ခဲ့ တယ်လို့ ဒီနေ့သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ PPNM တာဝန်ရှိသူက “ပစ်ခတ်မှုကတော့ကျွန်တော်တို့ အကျဥ်းသားတွေကိုရည်ရွယ်ပစ်ခတ်တာမျိုးမဟုတ်ဘဲ သတိပေးပစ်ခတ်မှုနှစ်ကြိမ်ရှိခဲ့တယ်ဆိုတာပြောလို့ရပါတယ်။မိုးပေါ်ထောင်ဖောက်ပြီးမှသူတို့လူစုခွဲတဲ့ပုံစံမျိုးလုပ်ဆောင်ခဲ့တာရှိတယ်။ကျူးလွန်ခဲ့တဲ့နေရာမှာပါဝင်ခဲ့တဲ့သူတွေကိုတော့အရေးယူဆောင်ရွက်ထားတယ်ဆိုတာကို ကျွန်တော်တို့သိထားရပါတယ်။” လို့ ပြောပါတယ်။ ပြည်အကျဥ်းထောင်တွင်း ဖြစ်စဥ်မှာ နိုင်ငံရေးအကျဉ်းသား ငါးယောက်မှာ ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ ခြေထောက် ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေက မတရားဖိနှိပ်မှုမပြုရန်၊ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် အရေးယူပေးရန် ဆက်လက်တောင်းဆိုထားကြောင်းသိရှိရတယ်လို့…
Read Moreမလေးရှား အော်ပရာစီ ဖမ်းဆီးမှု မြန်မာရွှေ့ပြောင်းလုပ်သား ၅ဝဝ ကျော် ပါဝင်နေ
ဖေဖော်ဝါရီ ၂၄-၂- ၂ဝ၂၅ KKO(VOM) မလေးရှားနိုင်ငံအတွင်းကအော်ပရာ စီ ဖမ်းဆီးမှုမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၅ဝဝ ကျော် ပါဝင်နေတယ်လို့ ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားရေးရာကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ မလေးဒေသတွင်းသတင်းတွေအရ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမဲရူးဈေးကြီးအတွင်းက အော်ပရာစီ အဖမ်းအဆီးမှာ အထောက်အထားမပြည့်စုံသူ လူဦးရေ ၆၃၀ ကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံက ၉ ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၈၅ ယောက် ၊ အိန္ဒိယနိုင်ငံက ၅ ယောက် ၊ နီပေါနိုင်ငံက ၁ ယောက်၊ မြန်မာနိုင်ငံက လူဦးရေ ၅၃၀ နဲ့ အများဆုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါအပြင် ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်မှာလည်း မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ကနေ ဖမ်းဆီးခံရသူတွေထဲက…
Read Moreမန္တလေးက ကမ္ဘောဇဘဏ်ခွဲ ၃၇ ကို ဓားပြတိုက်သွားတဲ့အမျိုးသားကို ဖမ်းမိ
မန္တလေး၊ ဖေဖော်ဝါရီ – ၂၂- ၂၀၂၅ SA(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်အနီး၊ မဟာနွယ်စဥ်ရပ်ကွက်က ကမ္ဘောဇဘဏ်ခွဲ ၃၇ မှာ မနေ့ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဓါးပြတိုက်သွားတဲ့အမျိုးသားကို ဖမ်းမိပြီလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်းကနေ သိရပါတယ်။ ဓားပြမှု ကျူးလွန်ခဲ့တဲ့ ဦးသိန်းဇော်ဦး(၅၄)နှစ်ကို ပြည်ကြီးတံခွန်မြို့နယ်၊(ဂ)ရပ်ကွက်၊၁၂၀လမ်း၊၆၈(B) လမ်း ၆၈ (C)လမ်းကြားက နေအိမ်တအိမ်မှာ ဒီကနေ့ နံနက် ၉ နာရီက ဘဏ်ဓားပြတိုက်ရာပါငွေ ၁၀၉၈ သိန်းနဲ့အတူ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီး ရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ကမ္ဘောဇဘဏ်(၃၇)ဟာ ဒုတိယအကြိမ် ဓားပြတိုက်ခံရတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း လက်လုပ်သေနတ်ကိုင်ဆောင်ထားတဲ့ တဦးတည်းဓားပြလာတိုက်မှု ဖြစ်ပွားခဲ့ပြီး အဲ့ဒီဓားပြတိုက်တဲ့သူကိုလည်း ဘဏ်ကနေအထွက်မှာ ဝိုင်းဝန်းဖမ်းဆီးခဲ့တာကြောင့် ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
Read Moreတိုက်ပွဲပြင်းထန်နေလို့ မိုးဗြဲမြို့တွင်း အရပ်သားတွေ ဖြတ်သန်းသွားလာမှုကို ငါးရက် ပိတ်ပင်
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅ ZY(V0M) ဒေသတွင်းလက်နက်ကိုင်တပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်း-ကယားနယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့မှာ နစက၊ ပအိုဝ်းပြည်သူ့စစ်(PNA)နဲ့ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေလို့ အရပ်သားတွေ ဖြတ်သန်းသွားလာမှုကို ဒေသတွင်းလက်နက်ကိုင်တပ်တွေက ငါးရက်တာပိတ်ပင်လိုက်တယ်လို့ မိုးဗြဲ PDF နဲ့ KNDF တပ်ရင်း ၃ တို့က ပူးတွဲထုတ်ပြန်ထားပါတယ်။ မိုးဗြဲမှာ နှစ်လကျော်ကြာ တိုက်ပွဲပြင်းထန်နေပြီး နစကတပ်ဖွဲ့တွေမှ လက်နက်ကြီး၊ လေကြောင်းတိုက် ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် မိုးဗြဲမြို့တွင်း ဖြတ်သန်းသွားလာခွင့်တွေကို ဖေဖော်ဝါရီလ ၂၄ ရက်ကနေ ၂၈ ရက်အထိ လုံခြုံရေးအရ ခေတ္တယာယီ ပိတ်ထားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြအသိပေးထားပါတယ်။ “မြို့တွင်းမှာ ဒေသခံကတော့ သိပ်မကျန်တော့ဘူး၊ တိုက်ပွဲတွေစပြင်းထန်တဲ့ ဒီဇင်ဘာလလယ်ပိုင်း လောက်ကတည်းက အားလုံးရှောင်ကုန်ကြပြီ။ အသက်ကြီးလို့ မရွေ့ပြောင်းနိုင်တဲ့သူတွေ၊ မရွေ့ချင်တဲ့ သူတွေနဲ့ ရိက္ခာ၊ လိုအပ်တာတွေ ပြန်ယူတဲ့သူတွေလောက်ပဲ ကျန်တော့တယ်။…
Read Moreအချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း သတိပေး
ဖေဖော်ဝါရီ ၂၂ – ၂၀၂၅ SS (VOM) လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၇ ရက်နေ့အထိ လေးရက်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့အတွက် ရေစိုမခံနိုင်တဲ့လုပ်ငန်း လုပ်ကိုင်သူတွေ သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။ မိုး/ဇလဌာနရဲ့ တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုအပြင် အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်နဲ့ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်တွေကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။ “ဒီလိုအချိန်ကတော့ လေပွေလှိုင်းတွေ ဖြတ်တာရှိတယ်။ အဲဒီလို ဖြတ်တဲ့အခါမျိုးမှာ မိုးရွာနိုင်တယ်။ မြန်မာနိုင်ငံ ဒေသအတော်များများမှာ ရွာဖို့ရှိနေတယ်။ အခုက…
Read Moreဗန်းမော် ရေလဲနဲ့ မံသာ (မံစီ)ဘက် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြန်
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ မံမလင်းကျေးရွာအုပ်စု၊ ရေလဲရွာ နဲ့ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံသာ (မံစီ) ကျေးရွာအုပ်စု၊ မံသာ (မံစီ)ရွာ တွေဘက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရလို့ သေဆုံး၊ ဒဏ်ရာ သူရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်မှာ ဗန်းမော် ဧရာဝတီမြစ်ရဲ့ တဖက်ကမ်း ရေလဲရွာမှာ Y – 12 နဲ့ ဗုံးကြဲ လို့ ထိခိုက် ဒဏ်ရရသူတွေရှိတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လေယာဉ် ဗုံးက ဦးကိုနိုင်နဲ့…
Read More