မန္တလေး-ဇန်နဝါရီ ၄- ၂၀၂၆
VOM
မန္တလေးမှာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ဇန်နဝါရီ ၄ရက် မနက် ၄နာရီ ၂၀က မန္တလာသီရိအားကစားကွင်းမှာ ပြုလုပ်ခဲ့သလို နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကို မနက် ၇နာရီမှာ ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားမှာ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေးပို့တဲ့ သဝဏ်လွှာကို ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက ဖတ်ကြားခဲ့ပြီး ဖိတ်ကြားထားတဲ့ ဧည့်သည်တော် နှစ်ထောင်ကျော်တက်ရောက်တာတွေ့ရပါတယ်။
တဆက်တည်းမှာဘဲ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲမှာ ရိုးရာခြင်းလုံး၊ လက်ဝှေ့၊ဖူဆယ်၊ထုပ်ဆီးတိုး၊ အပြေးပြိုင်၊စစ်တုရင်နဲ့ မီနီမာရသွန် ပြိုင်ပွဲတွေကျင်းပပြီး အစိုးရအဖွဲ့ဝင်တွေက ဆုချီးမြှင့်ခဲ့ကြပါတယ်။
#voiceofmyanmar #VOM #၇၈နှစ်ပြည့်လွတ်လပ်ရေးနေ့
