တေး​ရေး​ရွှေသက်ရဲ့ (၂၂)ကြိမ်မြောက် မန္တ​လေး မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ ဂုဏ်ပြုသီချင်း

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကကြီးမှူးကျင်းပတဲ့ (၂၂)ကြိမ်မြောက် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နဲြသစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကို မန္တလေးမြို့၊
ချမ်းမြသာစည်မြို့နယ်၊ ဆင်ဖြူကန်ကွင်းအရှေ့ဘက်ခြမ်းရှိ မြမာလာဥယျာဉ်အတွင်းဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့)မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့ထိ ကျင်းပသွားမှာမို့ တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးတို့က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံပန်းမန်လုပ်ငန်းရှင်များအနေဖြင့် လာရောက်ယှဉ်ပြိုင်နိုင်ကြောင်းသိရပါတယ်။
မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကို မြို့တော်စိမ်းလန်းစိုပြည်သာယာလှပရေးလုပ်ငန်းများအတွက် ပြည်သူလူထုစိတ်ပါဝင်စားလာစေရန်နှင့်ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ အိမ်တိုင်းအိမ်တိုင်း စိမ်းလန်းစိုပြေရေးဆောင်ရွက်ခြင်းဖြင့်မန္တလေးမြို့တော်အား ဥယျာဉ်မြို့တော်အဖြစ် တည်ဆောက်ထိန်းသိမ်းရာ၌ အထောက်အကူဖြစ်လာစေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် . အဆင့်မြင့်စိုက်ပျိုးနည်းပညာများဖလှယ်နိုင်စေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် . မျိုးကောင်းမျိုးသန့်များ ပြန့်ပွားနိုင်စေရန်၊ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန် . မျိုးကောင်းများကို အိမ်တိုင်းအိမ်တိုင်း တနိုင်တပိုင်စိုက်ပျိုးခြင်းမှသည် စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်ကို အထောက်အကူဖြစ်စေရန်စသည့် ရည်ရွယ်ချက်(၅)ချက်ဖြင့် နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်တွင်(၂၂)ကြိမ်မြောက်ကျင်းပ ခြင်းဖြစ်သည်။
ယခုနှစ် မြို့တော်ဝန်ဖလားဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲနှင့်အတူမြမာလာဥယျာဉ် အတွင်း၌ မြို့တော်သူမြို့တော်သားများ လာရောက်အပန်းဖြေနိုင်ရန် သစ်သီး၊
ဝလံ၊ ပန်းမန် ကိုယ်စားပြုပုံဖော်ထားသည့် အလှဆင်ပန်းဝိုင်းကြီး(၃)ခုကို ပြုလုပ်ထားပြီး အလှဓာတ်ပုံရိုက်ကူးရန်နေရာများကိုလည်း ပြင်ဆင်ပေးထားကြောင်းနှင့် ဌာနဆိုင်ရာ ပြခန်း (၁၆)ခန်း၊အရောင်းပြခန်း (၇)ခန်း၊ ပျိုးပင်အရောင်းဆိုင် (၁၈)ဆိုင်တို့ ပါဝင်ခင်းကျင်းပြသသွားမှာဖြစ်ပြီး ပွဲတော်ကာလအတွင်း လာရောက်လေ့လာလည်ပတ်သည့် မိဘပြည်သူများကို ပျိုးပင်များ လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာနက​နေ သိရပါတယ်။
ဒီနှစ် ၂၀၂၆ ပြိုင်ပွဲမှာ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံပန်းမန်ပြိုင်ပွဲ အမျိုးအစား (၂၄)မျိုးကိုကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားလိုက် ပထမဆု ငွေကျပ်၃၀၀၀၀၀၊ ဒုတိယဆု ငွေကျပ်၂၀၀၀၀၀၊ တတိယဆု ငွေကျပ်၁၅၀၀၀၀၊ နှစ်သိမ့်ဆု ငွေကျပ်၅၀၀၀၀ စီချီးမြှင့်မည်ဖြစ်ပြီးဆုအများဆုံးရရှိသည့် ပြိုင်ပွဲဝင်ကို တံခွန်စိုက်ဆု ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
သတင်း ​ရွှေမန်း
#voiceofmyanmar #VOM #​ရွှေသက်

Related posts

Leave a Comment

VOM News

FREE
VIEW