မန္တလေး၊ မတ် – ၂၀- ၂၀၂၆
Voice Of Myanmar
မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှာ ပထမဆုံးအကြိမ်တက်ရောက်ကြရမယ့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေပြင်တင်ထားလဲဆိုတာကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အသက်အငယ်ဆုံး လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ အမရပူရ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်အောင်ထက် နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တရားလွှတ်တော်ရှေ့နေ ဦးမျိုးကျော်တို့ကို VOM ကတွေ့ဆုံမေးမြန်းထားပြီး ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တက်ရမယ့် ပထမဆုံး အတွေ့အကြုံ ဘယ်လိုရှိလဲ ဆိုတာနဲ့ ဘာတွေပြင်ဆင်ထားသလဲဆိုတာ မေးမြန်းထားပါတယ်။
