နေပြည်တော်၊ မတ်- ၂၈ – ၂၀၂၆
KKL(VOM)
မန္တလေးငလျင်ဒဏ်သင့်တဲ့ အထဲမှာပါဝင်တဲ့ မန္တလေးတိုင်းဒေသကြီးအတွက် ကျပ်ဘီလီယံ ၆၀ နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ကျပ်ဘီလီယံ ၅၀ ပေးခဲ့တယ်လို့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဒီကနေ့ နေ့လည် ၁၂ နာရီ ၅၁ မိနစ်မှာ နေပြည် တော် MICC-2 မှာပြုလုပ်ခဲ့တဲ့ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု တစ်နှစ်ပြည့်အခမ်းအနား အဖွင့်အမှာပြောကြားတဲ့အချိန်မှာ ထည့်ပြီးပြောကြားခဲ့တာဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အတွက် ကျပ်ဘီလီယံ စုစုပေါင်း ကျပ်ဘီလီယံ ၁၁၀ ကိုတော့ ၂၀၂၆ ဧပြီ ၁၉ ရက်နေ့က ပေးအပ်ခဲ့တဲ့အကြောင်း ယာယီသမ္မတ က ထပ်မံ အတည်ပြု ပြောဆိုခဲ့ပါတယ်။
အဲ့ဒီကိစ္စအပြင် မန္တလေးငလျင်ကြောင့် တစ်နိုင်ငံလုံးမှာ အသက်သေဆုံးသူ ၃၈၁၈ ဦး ပျောက်ဆုံးသူ ၅ ဦး ဒဏ်ရာရှိသူ ၅၁၂၉ ဦး ငလျင်ဘေးသင့်အိမ်ထောင်စုပေါင်း ၅၆၃ စု ရှိပြီး ငလျင်ဘေးသင့်လူဦးရေပေါင်း ၄၂၅၀၆၂ ဦးနဲ့ ယာယီရွေ့ပြောင်းပေးခဲ့ရသူ ဦးရေ ၂၀၇၉၁၆၉ ယောက် ပျက်စီးဆုံးရှုံးမှု စုစုပေါင်း ၇၉၇၉ ဘီလီယံ ရှိခဲ့ပြီး နိုင်ငံ ၂၆ နိုင်ငံကနေ ကူညီကယ်ဆယ်ရေးပစ္စည်း တန်ပေါင်း ၃၁၀၉ တန် ကူညီထောက်ပံခဲ့တယ်လို့ ယာယီသမ္မတ က ပြောပါတယ်။
နိုင်ငံတစ်ကာက အဖွဲ့အစည်းတွေ ပစ္စည်းစုစု ပေါင်း ၁၆၆၁. ၃၂၁ တန် ပေးပို့လှူဒါန်းခဲ့ကြတယ်လို့သိရပါတယ်။
