မြန်မာ – တရုတ် ချစ်ကြည်ရေးအထိမ်းအမှတ် ဓာတ်ပုံနဲ့ ပန်းချီပြိုင်ပွဲ

မန္တလေး၊ ဧပြီ – ၂၈- ၂၀၂၆
SA(VOM)
မြန်မာ – တရုတ် ချစ်ကြည်ရေးအထိမ်းအမှတ်ဖြစ် ကျင်းပခဲ့တဲ့ ” ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေး ဓာတ်ပုံနဲ့ ပန်ချီပြိုင်ပွဲ” မှာ ပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ဆုအသီးသီး ရရှိခဲ့သူတွေကို ဒီကနေ့ ဧပြီ ၂၈ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့၊ ကမ်းနားလမ်း ၃၄ လမ်းနဲ့ ၃၅ လမ်းကြားက ကြင်းတော်ယန် ဗုဒ္ဓဘာသာ ဘုရားကျောင်း မှာ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားကို ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတေဇကျော်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးလှကြွယ် နဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်(ဟောင်း) ဦးမောင်ကို တို့ တက်ရောက်ခဲ့ပါတယ်။
ဓာတ်ပုံပြိုင်ပွဲမှာ ပထမဆု အောင်သိန်း(ရွှေမန်းသား)၊ ဒုတိယဆု စိုးမောင်မောင်ဇော်၊ တတိယဆု အောင်ကျော်ထွန်း(ပုသိမ်ကြီး)၊ နှစ်သိမ့်ဆု (၁) စိုင်းစောသီဟကျော်၊ (၂) အောင်မျိုးထွန်း ရွှေပြည်သစ်၊ (၃) အေးလွင်ဦး(ရွှေပန်းချီ၊ ရမည်းသင်း)၊ (၄) ဦးလှတင့်၊ (၅) မီမီကိုလေး၊(၆) ရဲလင်းထွန်း (လှသရဖူ)၊ (၇) အောင်သိန်း(ရွှေမန်းသား)၊ (၈) ကျော်နိုင်လင်း(လရိပ်ပြာ)၊ (၉) မီမီကိုလေး၊ (၁၀) အောင်ကျော်ထွန်း (ပုသိမ်ကြီး) တို့က ဆုအသီးသီး ရရှိခဲ့ပါတယ်။
ပန်းချီပြိုင်ပွဲ အထက်တန်းအဆင့်မှာတော့ ပထမဆု မစပယ်ဖြူ(Xin Shi Ji Chinese School) ၊ ဒုတိယဆု မမွန်မြတ်မြင့်( CAE ကိုယ်ပိုင်အထက်တန်းကျောင်း)၊ တတိယဆု မစုမြတ်ရတနာ (အောင်ပန်းမြေ ကိုယ်ပိုင်အထက်တန်းကျောင်း)၊ နှစ်သိမ့်ဆု (၁) မမေသန့်ဇော်(CAE ကိုယ်ပိုင်ကျောင်း)၊ (၂) မဇွန်ပွင့်ဖြူ(ခုံကျောက်ကျောင်း)၊ (၃) မဋ္ဌေးရတနာမင်း(KMC ကိုယ်ပိုင် ကျောင်း)၊ (၄) မောင်နေတိုး (မြတ်ပါရမီ ပညာရွှေပြည် ကိုယ်ပိုင် ကျောင်း)၊ (၅) မောင်အောင်ရဲပိုင်(CAE ကိုယ်ပိုင် ကျောင်း) တို့ အသီးသီး ရရှိခဲ့ပါတယ်။
ပန်းချီပြိုင်ပွဲမှာတော့ အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်နဲ့ မူလတန်းအဆင့် သုံးခု ယှဥ်ပြိုင်ရပြီး အဆင့်အလိုက် ဆုပေးတဲ့ကဏ္ဍတွေကိုတော့ မြန်မာ – တရုတ် ချစ်ကြည်ရေးအသင်းဝင် ဒေါ်သင်းပျံ့ကြူက အခုလိုရှင်းပြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW