မေ ၆၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း အခြေအနေတွေ မတည်ငြိမ်သေးတဲ့အချိန်မှာ “ကူမင်း – ကျောက်ဖြူ ရထားလမ်း” စီမံကိန်းကို မြန်မာဘက်မှာ တကယ် စတင်တော့မလားဆိုတဲ့ မေးခွန်းဟာ ပြည်တွင်းပြည်ပ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းအချက်အလက်တွေကလည်း တကယ်ဖြစ်လာမလား၊ မဖြစ်သေးဘူးလားဆိုတာ မရှင်းလင်းသေးတဲ့ အနေအထားတခုဖြစ်နေပါတယ်။ နယ်စပ် ဒေသခံတချို့ကတော့ တရုတ်ဘက်က လမ်းကြောင်းထိန်းချုပ်ရေးကို အဓိကထား လှုပ်ရှားနေတယ်လို့ ခန့်မှန်းနေကြပါတယ်။ “တရုတ်က BRI ပြန်စဖို့ အပြင်းအထန် ဖိအားပေး လုပ်နေပုံပဲ။ နမ့်ခမ်းကို စစ်တပ်တွေပြန်ဝင်မယ်လည်းကြားနေတာပဲ။ ရှမ်းမြောက်အရေးဟာ ပိုရှုပ်လာဦးမယ့်သဘောရှိတယ်။” လို့ နမ့်ခမ်း ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ တရုတ်ဘက်က မိမိလိုအပ်တဲ့ လမ်းကြောင်း (strategic routes) ကို ထိန်းချုပ်နိုင်အောင် ဖိအားပေး…
Read MoreDay: May 7, 2026
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ခုနစ်ယောက် သေဆုံး
မေ ၆ – ၂၀၂၆ SS (VOM) စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တချို့မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ရက်ပေါင်း ၂၀ ဝန်းကျင်အတွင်း ခုနစ်ယောက် သေဆုံးပြီး ၂၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေ ၆ ရက်၊ မနက် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်က ဝက်လက်မြို့နယ်၊ စခန်းသာ (ခ) ချက်ပြဲကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာမှာ သုံးယောက် သေဆုံးပြီး ဒဏ်ရာရသူ သုံးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။ “လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ဖြစ်တာ။ ရွာထဲက စားသောက်ဆိုင်နဲ့ အဲဒီဘေးပတ်ကျင်မှာ ပေါက်ကွဲမှုဖြစ်တယ်။ သုံးယောက်လုံး ပွဲချင်းပြီးသေတယ်။ နေအိမ် တလုံးလည်း ပျက်စီးတာရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒါအပြင် မေ ၄ ရက်နေ့ကလည်း…
Read Moreအခန်း (၁၀၅)
ဆူးငှက် သူငယ်ချင်းများနှင့် တစ်နွယ်ငင် တစ်စင်ပါ ———————————————– တက္ကသိုလ်သို့ ရောက်ရှိသော်လည်း မူလတန်း အလယ်တန်း အထက်တန်းအထိ ကျောင်းအတူ တက်ခဲ့သူများလည်း ပါသောကြောင့် ကွန်တော်အချင်းချင်း မိသားစုမျာအထိ ရင်းနှီးကြသည်။ ထိုအခါ တက္ကသိုလ်ရောက်မှ ရင်းနှီးသူများ ကလည်း တစ်နွယ်ငင် တစ်စင်ပါဆိုသလို မိသားစုများနှင့်လည်း ရင်းနှီးကြသည်။ ထိုမျှမက သူငယ်ချင်းများ၏ သူငယ်ချင်းများနှင့်လည်း ရင်းနှီးလာကြသည်။ အလယ်တန်းကတည်းက ရင်းနှီးခဲ့သော ဥယျာဉ်တန်းသား သူငယ်ချင်း သန်းလွင်နှင့် သူ့အိမ်ကိုယ့်အိမ် သူ့အိပ်ရာ ကိုယ့်အိပ်ရာ အချိန်မရွေး ဝင်ထွက်နေရာ သူ့သူငယ်ချင်း ချမ်းသာရ ထုံးကုန်းသား မောင်မြင့်နှင့်လည်း ရင်းနှီးလာသည်။ ထို့နောက် မောင်မြင့်နှင့် တစ်ရပ်တည်းသား ကိုအုန်းကြိုင်နှင့်လည်း ရင်းနှီး လာသည်။ သူတို့က ကျွန်တော်နှင့် သာမက ကျွန်တော့ ဝမ်းကွဲ အစ်ကိုများနှင့်ပါ ရင်းနှီးလာကြသည်။ အလားတူ တက္ကသိုလ်ရောက်မှ သိကျွမ်းရသော…
Read More