သူတို့အိမ် အခန်း (၁၅၆)

ဆူးငှက် ဇာတ်အဖွဲ့ကြီးလေလား.. —————————– ဤသို့ဖြင့် စာမေးပွဲ ပြီးသည်နှင့် ကျောင်းဆင်းပွဲအတွက် စတင်ပြင်ဆင်ကြပါပြီ။ သင်တန်းခန်းမကြီးထဲမှာ တီးလုံးတိုက် အကတိုက်ကြဖို့ နေရာချထားလိုက်ပါပြီ။ ကျွန်တော်တို့ ဇာတ်အဖွဲ့ကြီး စတင်ဖွဲ့စည်းလိုက်ပါပြီ။ တကယ်တော့ ကျောင်း သင်ခန်းစာတွေ လျွှတ်ချလိုက်ပြီးပါမှ ကိုယ်စီကိုယ်စီ အစွမ်းအစတွေ ထင်ထင်ရှားရှားပေါ်လာကြသည်။ အတော်များများက ဇာတ်ပိုးပါလာကြသူချည်းပဲလေ။ သင်တန်းသူထဲတွင် စဉ့်ကိုင်သူ၊ အမရပူရသူ၊ မတ္တရာသူ၊ ပျော်ဘွယ်သူ ၄ယောက်က အတော်တတ်ကြသည်ဟု ပြောရမည်။ အငြိမ့်သီချင်းတွေလည်း ရကြ၊ အကတွေလည်း ရကြရုံမက မန္တလေးအငြိမ့်များ၏ အငြိမ့်ခွင်များပင် သိနေကျွမ်းဝင်နေကြသည်။ သူတို့ ၄ယောက်တွင် ပျော်ဘွယ်သူမှ လွဲ၍ ကျန်သုံးယောက်က အသက်၂၀ကျော်မို့ အရွယ်အရ ရုပ်ရည်အရ အချိုးကျသည်။ ပျော်ဘွယ်သူက အသက် ၃၀ကျော်ကာ ကိုယ်ခန္ဒာက ဝသည့်ဘက်ရောက်သည်။ သို့သော် သူကလည်း မခေလှ၊ သူ့မြို့က အရပ်ဇာတ်ကတိုင်း ပြဇာတ်မင်းသမီးတဲ့။ သည်တော့…

Read More

နေရပ်ပြန် မတ္တရာ စစ်ရှောင်ပြည်သူများ ပြန်လည်ထူထောင်ရေး မန္တလေး ICRC ကူညီထောက်ပံ့မှုများပြုလုပ်နေ

ဇွန်-၂၉-၂၀၂၆ KKA (VOM ) မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်းရှိ နေရပ်ကိုပြန်လည်‌‌ေရာက်ရှိလာတဲ့ ‌စစ်ရှောင်ပြည်သူတွေ ပြန်လည်ထူထောင်နိုင်ရေးအတွက် မန္တလေး ICRCက ကူညီထောက်ပံ့ပေးတာတွေ လုပ်ဆောင်နေပါတယ်။ လပေါင်းများစွာ စစ်ဘေးရှောင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာတဲ့ မတ္တရာမြို့နယ်အတွင်းက ထန်းပင်ကုန်းနဲ့ဘိုကုန်းကျေးရွာက အိမ်ထောင်စု ၇၉၅စုကို အရေးပေါ် အိမ်သုံးပစွည်းတွေ၊တစ်လစာ စားနပ်ရိကွာခွဲတမ်း၊မိုးကာ၊ကြိုး၊ရေစစ်အိုး စတာတွေ ထောက်ပံ့နေပြီး နှစ်ရွာလုံးကို ဆိုလာစနစ်သုံး လမ်းမီးတိုင်တွေကိုလည်း တပ်ဆင်ပေးခဲ့ပါတယ်။ “ဒီကြိုးပမ်းအားထုတ်မှုတွေက ရပ်ရွာလူထုတွေအတွက် သူတို့ရဲ့ဘဝကို ပြန်ပြီးတော့တည်ဆောက်ရာမှာ အစပြုနိုင်စေမယ့် ခြေလှမ်းသစ်တစ်ခုအနေနဲ့ ပံ့ပိုးပေးပါတယ်” လို့ ICRC ဝန်ထမ်းတစ်ဦးဖြစ်တဲ့ မစုလှိုင်နှင်းက ပြောပါတယ်။ နေရပ် ပြန်လည်‌ေရာက်ရှိလာတဲ့ စစ်ရှောင်ပြည်သူ‌ေတွပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့‌ေနတာ ပြီးခဲ့တဲ့ မတ်လက စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါအပြင် မန္တလေးတိုင်းနဲ့စစ်ကိုင်းတိုင်းအတွင်းက စစ်ပွဲဖြစ်ပွားခဲ့တာတွေကြောင့် စိုက်ပျိုးရေးအခက်အခဲရှိတဲ့တောင်သူတွေကို စပါးမျိုးသန့်နဲ့မြေဆီအိတ်တွေ ကူညီထောက်ပံ့နေတာတွေလည်း လုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။ “ပြန်လို့ရပြီဆိုတော့ ကိုယ့်ရပ်ကိုယ်ပြန်ကြတာပေါ့။အိမ်လည်းရောက်ရော ဘာမှမရှိတော့ဘူး။အခွံပဲကျန်တယ်။တချိုဆို အိမ်က ပျက်စီးသွားပြီ အဲဒီလိုတွေ အကုန်ခက်ကုန်တာပေါ့။အစက…

Read More

စစ်ကိုင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး ရှစ်ယောက် သေ၊ အယောက် ၂၀ ထက်မနည်း ဒဏ်ရာရ

ဇွန် ၂၉ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ မနေ့ ဇွန် ၂၈ ရက်၊ နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ရှစ်ယောက် သေဆုံးကာ အယောက် ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းမြို့နယ် (မြောက်ခြမ်း) က တလိုင်း (ထီးလှိုင်) ကျေးရွာ အရှေ့ဖျားမှာ မနေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်ဝန်းကျင်နဲ့ ၂ နာရီ ၁၇ မိနစ်ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံး၊ ဒဏ်ရာရမှုအပြင် နေအိမ် ငါးလုံးလည်း ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “လေကြောင်းတိုက်ခိုက်တာအပြင် လေယာဉ်ပေါ်ကနေ စက်သေနတ် (ရော့ကတ်) တွေနဲ့ပါ ပစ်သွားတာ။ ဒဏ်ရာရတဲ့သူတွေထဲမှာလည်း ငါးယောက်က ပြင်းထန်အဆင့် ဖြစ်တယ်။…

Read More

တာချီလိတ်မှာ လက်ဖက်ရည်ဆိုင်နဲ့ ဘီယာဆိုင်တွေ ​ပျောက်လုနီးကာ ကထွမ့်ဆိုင်တွေ လွှမ်းမိုးလာ

VOM၊ ဇွန် ၂၉-၂၀၂၆ Shy V(VOM) ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ကထွမ့် (Kratom)/ဘိန်းစာရွက် ဆိုင်တွေ အရှိန်အဟုန်နဲ့ တိုးပွားလာ လွှမ်းမိုးလာပြီး သာမန်လက်ဖက်ရည်ဆိုင်နဲ့ ဘီယာဆိုင်တွေ အရေအတွက် သိသိသာသာ လျော့ကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တာချီလိတ်မှာ လက်ရှိ ကထွမ့်ဆိုင် အရေအတွက် ၃၀၀ ကျော်လောက်အထိ ရှိလာနိုင်ပြီး အဲဒီထဲက ဆိုင်ကြီးတွေဟာ စားပွဲဝိုင်း ၅၀ ဝန်းကျင်နဲ့ ဖွင့်လှစ်ထားတာတွေ မနည်းဘူးလို့ မြို့ခံတဦးက VOM ကို ပြောပါတယ်။ “အခုက တာချီလိတ်မှာ ကထွမ့်ဆိုင်က ၃၀၀ ကျော်လောက်ရှိမယ်။ ဆိုင်အကြီးကြီးတွေ အများကြီးပဲ။ စားပွဲဝိုင်း ၅၀ လောက်ရှိတဲ့ ဆိုင်ဆိုတာ ၂၀၊ ၃၀ မကဘူး။ ဝိုင်းတိုင်း လူလေးငါးယောက်လောက် အပြည့်ပဲ။ ၂၄ နာရီနီးပါး ဖွင့်ထားပြီး မီးတွေ ထိန်ထိန်လင်းနေတာ။”…

Read More

လူသတ်မှုကျူးလွန်တဲ့ အမျိုးသားတစ်ဦးကို “ဝ” တပ်ဖွဲ့ သေဒဏ်ပေး

ဇွန် ၂၉၊ ၂၀၂၆။ NN(VOM) UWSA “ဝ” တပ်ဖွဲ့ ထိန်းချုပ်တဲ့ ဟိုပန်ခရိုင်၊ နမ့်တစ်မြို့နယ်အတွင်းမှာ လူသတ်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသားတစ်ဦးကို “ဝ” တပ်ဖွဲ့က အများရှေ့မှာ စီရင်ချက်ချပြီး သေဒဏ်ပေးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လူသတ်မှု ကျူးလွန်တဲ့ အမျိုးသားဟာ အသက် ၄၀ အရွယ်ဖြစ်ပြီး မိခင်ဖြစ်သူကို သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေထံက သိရပါတယ်။ “သားက ဆေးကြောင်နေတာ ထင်တယ်။ အမေကို ပိုက်ဆံတောင်းတာ မပေးလို့ဆိုပြီး ရိုက်သတ်လိုက်တာ။ အဲဒါကို “ဝ” ရဲတွေက ဖမ်းသွားတာ လေး လလောက် ရှိပြီ။ အခုမှ သေဒဏ်ပေးလိုက်တာ” လို့ ဟိုပန်ဒေသခံတ ယောက်က ပြောပါတယ်။ ပြစ်မှု ကျူးလွန်ခဲ့တဲ့သူကို မနေ့က မနက်ပိုင်းမှာပဲ နမ့်တစ်မြို့က လူအများရှေ့ မှာ စီရင်ချက်ချပြီး သေဒဏ်ချမှတ်ခဲ့ပြီး တခြားနေရာတစ်ခုမှာ…

Read More
VOM News

FREE
VIEW