သူတို့အိမ် အခန်း (၁၈၅)

  ဆူးငှက်           အလှူအတွက် အဆင်သင့်ဖြစ်ပြီ ———————————   အလှူမတိုင်မီ နောက်ဆုံးပြင်ဆင်မှု အနေနှင့် တပို့တွဲ လဆန်း၁၄ရက်နေ့မှာ တောင်လေးလုံး ကျောင်းတိုက်သို့ တစ်ခေါက်သွားကြသည်။ ဆရာတော်ဦးပညာက ဘုန်းကြီးဆွမ်းကပ်ရန်နှင့် ပရိတ်နာရေစက်ချဖို့ ပြင်ဆင်ထားသည်များ နှင့် ထမင်းကျွေးမည့် ဆွမ်းစားဆောင်နေရာများကို ပြသည်။ အလှူပွဲကျင်းပမည့် အောင်ခြင်းရှစ်ပါး ဓမ္မာရုံအတွင်း မောင်ရှင်လောင်း စင်နှင့်အတူ ခင်းကျင်း ပြင်ဆင်ထားပြီးပြီ။ အိုးသူကြီးချောင်ကို ဦးသောင်းစိန်က တာဝန်ယူထားသကဲ့သို့ ဆွမ်းကပ် ရေစက်ချ အလှူအခမ်းအနားများအတွက် ဆရာတော်၏ ညီများဖြစ်ကြသည့် ဦးစိန်ထွန်းနှင့် ဦးညွန့်မောင်တို့က တာဝန်ယူထားသည်။ ထို့ပြင် ဆရာတော်၏ တပည့် ဦးဇင်းဌေးကလည်း ဆရာတော့်ကိုယ်စား လိုအပ်သမျှ ဆောင်ရွက် ထားပြီးပြီ။   ဒီနေ့ တောင်လေးလုံး ကျောင်း တိုက်သု့ိ လာစဉ် ဆရာညိုထွန်းလူက…

Read More

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ

ဩဂုတ် ၃ ၊ ၂၀၂၆ GG (VOM) ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မ မြန်မာနိုင်ငံဆိုင်ရာဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ဒီကနေ့ ဩဂုတ် ၃ ရက်နေ့ မနက်ပိုင်းက နေပြည်တော်မှာလာရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude တို့တွေ့ဆုံခဲ့ကြောင်းကို ဓာတ်​ပုံတွေနဲ့တကွ ​ အစိုးရက ဒီနေ့သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး မည်သည့်ကိစ္စများ ဆွေးနွေးခဲ့တာကိုတော့ အစိုးရဘက်က သတင်းထုတ်ပြန်ထားခြင်းမရှိသလို ICRC ဘက်ကလည်း ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး ။ ဓာတ်ပုံမှတ်တမ်းတွေအရ ပြီးခဲတဲ့ ဇွန် ၂၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ကိတ်ခွဲစေတဲ့ ပုံလည်း ပါဝင်တာ တွေ့ရပါတယ်။ ဧပြီ ၃၀ ရက်ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်…

Read More

ရေတိုက်စားမှုကြောင့် ငါးသိုင်းချောင်း – အိုင်သပြုလမ်းမကြီးပေါ်က တံတားတစင်းပျက်စီး

ဩဂုတ် ၃ – ၂၀၂၆ SS (VOM) ရေတိုက်စားမှုကြောင့် ဧရာဝတီတိုင်းအတွင်းက ငါးသိုင်းချောင်း – အိုင်သပြုလမ်းမကြီးပေါ်ရှိ တံတားတစင်း ဒီကနေ့ ဩဂုတ် ၃ ရက်၊ မနက် ၇ နာရီခွဲဝန်းကျင်က ကျိုးကျ ပျက်စီးသွားတယ်လို့ မြေပြင်ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ “အိုင်သပြုနဲ့ ငါးသိုင်းချောင်းလမ်းမကြီးက အိုင်သပြုအထွက်ပေါ့။ အဲဒီက တံတားကျိုးတာပါ။ တံတားက ခုံးကျော်တံတားပုံစံမျိုး ဆောက်ထားတာ။ အဲဒါက ရေဝိတ်များပြီး ပွင့်ထွက်သွားတာ။ ဒီလမ်းက အဓိက လမ်းမကြီးလည်းဖြစ်တော့ သွားရေးလာရေးအတွက် ဒုက္ခရောက်ကုန်ကြတယ်။ အိုင်သပြုမြို့ထဲ ဆက်ဝင်လို့ မရတော့ဘူး။ အခုလောလောဆယ်တော့ အဲဒီမှာပဲ ကယ်ဆယ်ရေးစခန်းချပြီးတော့ အဲဒီကနေပဲ လှေတွေနဲ့ ပတ်သွားနေကြတယ်” လို့ ‌ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။ အဲဒီကားလမ်းတလျှောက်အပြင် မယင်းချောင်း ချောင်းဖျားဘက်တွေမှာလည်း ရေစီးသန်မှုကြောင့် တံတားတွေနဲ့ ချဉ်းကပ်လမ်းတွေ ရေတိုက်စားခံရခြင်း၊…

Read More

လေးမျက်နှာမြို့နယ်က ရေဘေးသင့်ဒေသမှာ အကူညီလို​နေချိန် နေအိမ်ဖောက်ထွင်းခိုးယူမှုတွေဖြစ်​နေ

ဩဂုတ် ၃ ၊ ၂၀၂၆ GG (VOM) ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ်မှာ ရေကြီးနစ်မြုပ်မှု လေးရက်ကြာတဲ့အထိရှိလာပြီး ရေဆက်တိုးနေတာကြောင့် ပိတ်မိသူတွေရှိနေဆဲဖြစ်လို့ အရေးပေါ် ကူညီရွှေ့ပြောင်းပေးဖို့ ၊ အစားအစာ ၊သောက်ရေသန့်တွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ လက်ရှိ လေးမျက်နှာမြို့နယ်ထဲမှာ မြစ် ရေဆက်တိုးနေတဲ့အတွက် ရေနစ်မြုပ်တဲ့ ဧရိယာပိုကျယ်လာတဲ့အပြင် ရေစီးလည်းကြမ်းတဲ့အတွက် တချို့ရွာဘက်တွေမှာ အကူအညီအထောက်အပံ့တွေ မရောက်သေးတဲ့အပြင် နေထိုင်မရတော့လို့ ရွှေ့ပြောင်းပေးဖို့ လိုအပ်သူတွေလည်း ရှိနေတယ်လို့သိရပါတယ် ။ ရေဘေးသင့်ပြည်သူတွေအတွက် အစားအစာ ၊သောက်ရေသန့် ၊ဆေးဝါး ၊ ဖယောင်းတိုင်တွေ ၊ အမျိုးသမီးလစဥ်သုံး ၊ အဝတ်အစား စတဲ့ အကူအညီအထောက်အပံ့တွေ လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” မဝင်ရသေးတဲ့ရွာတွေ ဆက်ဝင်ဖို့ကြိုးစားချိတ်ဆက်နေကြပါတယ် ။ တာပေါ်နေကြတဲ့ သူတွေ ၊မြစ်နီးတအိမ်လုံးမြုပ်တဲ့ အိမ်တွေအပြင်…

Read More
VOM News

FREE
VIEW