သူတို့အိမ် အခန်း (၂၀၁)

    ဆူးငှက်     စံရွေးဆိပ်ကမ်း ——————— စံရွေးဆိပ်ကမ်းမှာ အရင်က အမရပူရဆိပ်ကမ်းဘူတာ အမည်နှင့် ဘူတာရုံလေးရှိသည်။ ဧရာဝတီမြစ်ကမ်းရှိ ဘူတာရုံလေးက အလွန်လှသည်။ သက်တော်ရှည် လက်ပံပင်ကြီးတွေအောက်မှာ အုတ်ကြွပ်မိုးနီ နှင့် အုတ်တိုက်နီ ဘူတာရုံလေးရှိသည်။ ဘူတာလေး၏ ဝန်းကျင်ကလည်း လူနေအိမ်အဆောက်အဦတွေမရှိ၊ လက်ပံပင်ကြီးတွေအောက်က မြေပြင်ကလည်း ကမ်းစပ်ပေမင့် ညီညာ ပြန့်ပျူးသည်။ နွေဦးပေါက်ဆိုလျှင် လက်ပံပွင့် တွေက ပင်လုံးရဲ၊ ပွင့်ကြွေတွေက မြေပြင်မှာထိရဲနှင့် လှနေတတ်သည်။ ဘူတာလေးကိုရှေ့ခပ်လှမ်းလှမ်းက ကြည့်လှင် ဟို နောက်မှာ ချောင်တွေသိန်းသန်း တောင်ခြေစိမ်းလန်းသည့် စစ်ကိုင်းတောင်ရိုးကို လက်ပံပင်ကြီးတွေ၏ ပင်စည်မြင့်ကြီးတွေ ဘောင်ခတ်ထားသည့် ပန်းချီကား တစ်ချပ်လို မြင်ရသည်။     ထိုမြင်ကွင်း၏ ညာဘက်ခြမ်းမှာက လက်ပံပင်တွေနှင့် အတူ မရန်းပင်တွေ တွေ့ရသည်။ ဘယ်ဘက်ခြမ်းမှာတော့ ကွေးသွားသည့် ရထားလမ်းက…

Read More

ရေမီတာ ပျက်စီး/ ပျောက်ဆုံး/ တပ်ဆင်ထားခြင်း မရှိတဲ့ ရေဆက်သွယ်မှုတွေကို အခြေခံရေသုံးစွဲမှုရဲ့ ခြောက်ဆ ကောက်ခံမယ်

ဩဂုတ် ၂၀ – ၂၀၂၆ SS (VOM) မည်သည့်ရေသုံးစွဲမှု အမျိုးအစားကိုမဆို ရေမီတာပျက်စီး/ ပျောက်ဆုံး/ တပ်ဆင်ထားခြင်း မရှိတဲ့ ရေဆက်သွယ်မှုတွေကို အခြေခံရေသုံးစွဲမှုရဲ့ ခြောက်ဆ ကောက်ခံသွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က မနေ့ ဩဂုတ် ၁၉ ရက်က အသိပေးထားပါတယ်။ ရန်ကုန်မြို့တော်ကို သောက်သုံးရေညီမျှစွာ ဖြန့်ဝေပေးနိုင်ဖို့၊ ရေလေလွင့် ဆုံးရှုံးမှုတွေကို လျှော့ချနိုင်ဖို့၊ ရေသုံးစွဲမှုကို စီမံခန့်ခွဲထိန်းချုပ်နိုင်ဖို့၊ ရေကို မဖြုန်းတီးဘဲ တန်ဖိုးထား ချွေတာသုံးစွဲစေဖို့၊ ရေသုံးစွဲတဲ့ ပမာဏအတိုင်း ပေးဆောင်ရတဲ့၊ တရားမျှတတဲ့ ရေဖိုးရေခ ကောက်ခံမှုစနစ်ဖြစ်စေဖို့ ရည်ရွယ်တာလို့ သိရပါတယ်။ “ရေသုံးစွဲသူ ပြည်သူတွေအနေနဲ့ မိမိသုံးစွဲတဲ့ ရေပမာဏနဲ့ ညီမျှတဲ့ ရေဖိုးရေခကို ပေးဆောင်နိုင်ဖို့အတွက် တပ်ဆင်သုံးစွဲလျက်ရှိတဲ့ ရေမီတာတွေကို ထိန်းသိမ်းစောင့်‌ရှောက်ကြဖို့ လိုပါတယ်။ ရေမီတာ တပ်ဆင်ထားခြင်း မရှိသေးဘူးဆိုရင်လည်း…

Read More

မြောင်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုဖြစ်လို့ နှစ်ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရ

ဩဂုတ် ၂၀ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မနေ့ ဩဂုတ် ၁၉ ရက်၊ ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး နှစ်ယောက် သေဆုံးကာ ၁၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြောင်မြို့နယ်၊ လှေတင်ဦးကျေးရွာရှိ စတားလင့်ခ် အင်တာနက်ဆိုင် အနီးဝန်းကျင်မှာ မနေ့ည ၇ နာရီကျော်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့တာမှာ လူသေဆုံး၊ ဒဏ်ရာရမှုအပြင် စတားလင့်ခ်ဆိုင်အပါအဝင် အဆောက်အအုံ ခုနစ်လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ည ၇ နာရီလောက်ကနေစပြီး ၁၀ မိနစ်အတွင်း လေယာဉ် သုံးစီးနဲ့ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ဖြစ်တယ်။ နှစ်ယောက် ပွဲချင်းပြီးသေတယ်။ အဲဒီအချိန် အင်တာနက် သုံးနေကြတဲ့လူတွေများတော့ အထိအခိုက်များတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ လှေတင်ဦးကျေးရွာဟာ မြောင်မြို့နယ်နဲ့ ၂ မိုင်လောက်သာ…

Read More

လောက်ကိုင်မှာ တရုတ်ရဲ့ သတင်းပေးမှုအရ အွန်လိုင်း ငွေလိမ် ကျားဖြန့်ဂိုဏ်း တခုဖမ်းဆီး

ဩဂုတ် ၂၀၊ ၂၀၂၆ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာ တရုတ်ရဲ့ သတင်းပေးမှုအရ ဩဂုတ်လ ၁၇ ရက်နေ့က အွန်လိုင်း ငွေလိမ် ကျားဖြန့်ဂိုဏ်း တခုကို ဖမ်းဆီးပြီး တရုတ်ဘက်ကို လွှဲပြောင်း ပေးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဖမ်းဆီးရမိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ဦးရေတော့ မသိရဘူး ခင်ဗျ။ တရုတ်ဘက်က သတင်းအရ ဖမ်းတာပါ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လောက်ကိုင်မြို့ တုံချိန်ဘက်ရှိ 91 ဟိုတယ်ကို MNDAA တပ်ဖွဲ့က ဩဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက် စီးနင်း ဖမ်းဆီးခဲ့တာ လို့သူက ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား အွန်လိုင်းငွေလိမ်လုပ်ငန်းရှင်နဲ့ တရုတ်နိုင်ငံသား…

Read More

မကွေးမှာ အဖေရင်းက အသက် ၅ နှစ်အရွယ်သားအရင်းကို သတ်မှုဖြစ်

ဩဂုတ်၂၀ ၊ ၂၀၂၆ GG (VOM) မကွေးတိုင်း၊ မကွေးမြို့နယ် ကန်ဦးကျေးရွာမှာ အဖေဖြစ်သူရဲ့ အရက်ကြောင်ကြောင်ပြီး ပြင်းထန်စွာ ရိုက်နှက်မှုကြောင့် အသက် ၅ နှစ်အရွယ်သား သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဖြစ်စဥ်က ဩဂုတ် ၁၉ ရက်နေ့မနက် ၈ နာရီခန့်လောက်မှာ သားဖြစ်သူကို အဖေဖြစ်သူက ရွာအပြင်ဘက်ခေါ်ထုတ်သွားပြီး ကိုင်ပေါက်ခြင်း ၊ ရိုက်နှက်ခြင်း ၊ လည်ပစ်ညှစ်တာတွေပြုလုပ်ခဲ့တာကြောင့် ကလေးငယ်သေဆုံးခဲ့တယ်လို့ သိရပါတယ် ။ ” အဖေက အရက်ကြောင်နေပေမယ့်လည်း မိဘဆိုတော့ အဲဒီလိုသေလောက်တဲ့အထိ မလုပ်လောက်ဘူးထင်တာရယ် ၊ မူးနေတော့ မပြောချင်တာနဲ့ ကလေးကိုထည့်ပေးလိုက်ကြတာလို့သိရတယ်။ ကလေးခန္ဓာကိုယ်မှာ တုတ်နဲ့ရိုက်ထားတဲ့ဒဏ်ရာတွေလည်းတွေ့ရတယ်။ ကလေးက သူခေါ်သွားပြီးရိုက်တဲ့နေရာမှာပဲ ဆုံးသွားတာ ။ အ​ဖေဖြစ်ပြီးတော့ ကိုယ့်သားသမီးကို ဒီလောက်တောင်လုပ်ရက်တယ်။ ” လို့ ဖြစ်စဥ်သိတဲ့ ဒေသခံကပြောပါတယ်။ ဖခင်ဖြစ်သူရဲ့ ရိုက်နှက်တာကိုခံရလို့ ကလေးငယ်မှာ…

Read More

YMBA ရုံးခန်းကို လက်နက်ကိုင် လူလေးယောက် ရောက်လာပြီး ဗဟိုအတွင်းရေးမှူးကို ဖမ်းခေါ်ဖို့ ကြိုးစား

ဩဂုတ် ၂၀ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်နဲ့ အနောက်ဘက်မုခ်ကြားရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ရုံးခန်းကို ဒီကနေ့ ဩဂုတ် ၂၀ ရက်၊ နေ့လယ် ၁၂ နာရီ၊ မိနစ် ၅၀ က လက်နက်ကိုင် လူလေးယောက် ရောက်လာပြီး ဗဟိုအတွင်းရေးမှူးကို ဖမ်းဆီးခေါ်ဆောင်ဖို့ ကြိုးစားခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ အခင်းဖြစ်ချိန် အသင်းရုံးခန်းအတွင်း ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်၊ ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါ်မြတ်စုလှိုင်တို့နဲ့အတူ တခြား အမျိုးသား နှစ်ယောက်၊ အမျိုးသမီး တယောက်၊ စုစုပေါင်း ငါးယောက် ရှိနေခဲ့တာဖြစ်ပြီး အမည်မသိ အမျိုးသား လေးယောက် ရောက်လာကာ ဗဟိုအတွင်းရေးမှူးကို ထိုးကြိတ်ဖမ်းဆီးဖို့ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ “ဗဟိုအတွင်းရေးမှူးကို လူနှစ်ယောက်က ချုပ်ပြီး…

Read More
VOM News

FREE
VIEW