ကျောင်းဆရာမသုံးယောက်နဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် လူခုနှစ်ယောက်ကို ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းသွား

အောက်တိုဘာ ၁၉ ၊ ၂၀၂၆
GG (VOM)
ဒီရက်ပိုင်းအတွင်း ကန့်ဘလူမြို့နယ် အပါအဝင်မြို့နယ်တချို့က ကျောင်းဆရာမ ၊ အုပ်ချုပ်ရေးမှူးအပါအဝင် လူခုနှစ်ယောက်ကို အစိုးရစစ်တပ်မဟုတ်တဲ့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ကန့်ဘလူမြို့နယ်၊ ပုပ္ပါးကျေးရွာ အခြေခံပညာမူလတန်းကျောင်းက မူလတန်းပြဆဆရာမ ဒေါ်ခင်မာဝေ ၊ ဒုတိယမူလတန်းပြဆရာမ ဒေါ်နီနီဝင်း နဲ့ လက်ထောက်မူလတန်းပြဆရာမ ဒေါ်အိဇင်သော် တို့ကို အောက်တိုဘာ ၁၇ ရက်နေ့က ​ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
” ပုပ္ပါးရွာကနေ ဘုံမြို့ရွာကို ဆိုင်ကယ်နဲ့ သွားတာမှာ ဖမ်းသွားတာလို့သိရတယ်။ ​ဒေသတွင်းလက်နက်ကိုင်ငါးယောက်က ဖမ်းသွားတာ။ ” လို့ သတင်းရင်းမြစ်က ပြောပါတယ် ။
အောက်တိုဘာ ၁၅ ရက်ကလည်း ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်က အသက် ၅၀ နှစ်အရွယ် ဦးရဲနိုင်ဆိုသူကို ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
အောင်တိုဘာ ၁၄ ရက်ကလည်း မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ်၊ ဒါန်းကျင်းကျေး အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း နဲ့ ဦးမိုးစက်သော်တို့ကိုလည်း ​ဒေသတွင်း လက်နက်ကိုင်အဖွဲ့က နေအိမ်အထိဝင်ရောက်ပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ အဲဒီနေ့မှာပဲ ပဲခူးတိုင်း ၊ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာကျေးရွာက ရာအိမ်မှူးဦးကျော်ဆန်းလွင်ကိုလည်း ​ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက နေအိမ်အထိဝင်ရောက်ပြီး ဖမ်းဆီးမှုရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာလည်း ပဲခူးတိုင်း ၊ မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းအပါအဝင် ဒေသတချို့မှာ ကျောင်းဆရာမ ၊ညောင်ဦးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လောကနန္ဒာမြစ်ရေတင်စီမံကိန်းမှ ဦးစီးအရာရှိ (လျှပ်စစ်) အပါအဝင် လူ ၁၂ ယောက်ထက်မနည်း အဖမ်းခံခဲ့ရပါတယ်။
ဓာတ်ပုံ – CJ

Related posts

✕
VOM News

FREE
VIEW