ဆူးငှက် မန္တလေးတွင် “ရတနာပုံမ်နေပြည်တော်””ခေတ်ကတည်းက ကထိန်ပွဲများကိုလည်းရွှေမြို့တော်တွင် ခြိမ့်ခြိမ့်သည်း ကျင်းပခဲ့ရာ ဘာသာ သာသနာ စည်ပင်ခဲ့သည့် မင်းနေပြည်တော်တွင် ၁၂၄၇ခုနှစ်(ခရစ်၁၈၈၆) ပါတော်မူ ပြီးနောက် အရပ်ရပ် မတည်ငြိမ်သော အခြေအနေ များကြောင့်ရွှေမြို့တော်တွင်း သီတင်းသုံးနေထိုင်တော် မူကြသော ထေရ်ကြီးဝါကြီးများမှအစ စာချ စာသင်သံဃာများအလယ်၊ ကိုရင်၊ သူတော်အဆုံး သာသနာ့ ဝန်ထမ်း သူတော်စင်များသည်လည်း ဘာသာ သာသနာဆိုင်ရာစောင့်ရှောက်မှုနှင့် ပစ္စည်းလေးပါးအစစ ညှိုးနွမ်း ချို့တဲ့တော်မူ ခဲ့ကြသည်။ ထိုအခြေအနေတွင် မန္တလေးတွင် ဘာသာရေးအသင်းများ ဖွဲ့စည်းခဲ့ကြသည်။ သက္ကရာဇ်၁၂၅၈ (ခရစ် – ၁၈၉၆) ခု၌ မလွန်ဈေးဆန်လှူအသင်းကြီးကိုလည်းကောင်း၊ ၁၂၆၀ (ခရစ် – ၁၈၉၈)ခုတွင် ပရိယတ္တိ သာသနဟိတ အသင်းကြီးကို လည်းကောင်း တည်ထောင်နိုင်ခဲ့ကြသည်။ ထို့နောက်၁၂၉၇ (ခရစ် –…
Read MoreAuthor: Editor Htein Lin
သတင်းထောက်တွေကို ဖမ်းဆီးပြီး သတင်းဌာနကို ချိပ်ပိတ်တာဟာ သတင်းလွတ်လပ်ခွင့်ကို ကျဆင်းစေတယ်လို့ သတင်းသမားတွေပြော
အောက်တိုဘာ ၃၀ – ၂၀၂၃ SN (VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အခြေစိုက် Development Media Group (DMG) သတင်းဌာနရုံးခန်းကို ချိပ်ပိတ်ပြီး သတင်းထောက်ကိုဖမ်းဆီးတာဟာ သတင်းလွတ်လပ်ခွင့်ကို ပိုပြီး ကျဆင်းစေတယ်လို့ သတင်းသမားတွေက ပြောပါတယ်။ “ဒီအမ်ဂျီက သတင်းထောက်နဲ့ ရုံးစောင့်သူကို ဖမ်းဆီးသွားတဲ့ ကိစ္စက ဘယ်လိုမှ လက်ခံလို့မရဘူး။ ဒါပေမယ့် ဒီလိုပဲ မြန်မာနိုင်ငံရဲ့အခြားနေရာတွေမှာလည်း ဖြစ်နေတာပဲလို့ဆိုရင်လည်း ဆိုကြမှာ။ သို့ပေမယ့် ရခိုင်ပြည်နယ်က သတင်းတွေကို နေ့စဥ် တင်ဆက်နေတဲ့သတင်းဌာနတခုကို ရပ်တန့်အောင် လုပ်တာ၊ သတင်းသမားကို ဖမ်းဆီးတာဟာ ရခိုင်ပြည်နယ်က သတင်းလွတ်လပ်ခွင့်ကို ပိုပြီး ကျဆင်းစေတာဖြစ်သလို ရခိုင်အခြေစိုက် သတင်းသမားတွေ ပိုပြီး မလုံခြုံတဲ့ အနေအထားဖြစ်စေတယ်။ သတင်းသမားတယောက်အနေနဲ့ဖမ်းဆီးတာ၊ ပစ္စည်းတွေ သိမ်းဆည်းတာကို ကန့်ကွက်ရှုတ်ချပါတယ်” လို့ သတင်းစာဆရာတဦးက ပြောပါတယ်။…
Read Moreမန္တလေးမြို့ပေါ်က ပေါ်ဦးရွှေဆိုင် ဓားမြတိုက်ခံရလို့ သိန်း တထောင်ကျော်ပါသွား
အောက်တိုဘာ ၃၀-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄လမ်း ၄၁ နဲ့ ၄၂ လမ်းကြားက ပေါ်ဦး ရွှေဆိုင်ဟာ အောက်တိုဘာ ၃၀ ရက် ဒီကနေ့မနက် ရှစ်နာရီကျော်ခန့်က ရွှေထည်ပစ္စည်းမျိုးစုံ သိန်းတထောင်ကျော် ဓားပြတိုက်ခံခဲ့ရတယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။ ရဲနဲ့နီးစပ်သူတဦးက ” မနက် ၈နာရီကျော်မှာ ဖြစ်တာ၊ အမျိုးသား လေးဦးက ဆိုင်ထဲကို သေနတ်ကိုင်ဝင်လာပြီး ကောင်တာကို နှစ်ချက်ပစ်တယ်၊ ပြီးတော့ ရွှေထည်တွေ ယူသွားတယ်၊ ခန့်မှန်း သိန်း(၁၂၀၀)ကျော် ပါသွားတယ်”လို့ ပြောပါတယ်။ ဖြစ်စဉ်မှာ ရွှေဆိုင်ရှေ့ကို စိစစ်ဆဲအမျိုးသား လေးဦးက သေနတ်အတို တလက်ကိုင်ဆောင်ကာ ဆိုင်ကယ် နှစ်စီးနဲ့ရောက်လာခဲ့ပြီး ရွှေဆိုင်အတွင်းဝင်လာခဲ့ကြောင်း၊ ရွှေဆိုင်အတွင်းက ကောင်တာကို သေနတ်နဲ့ နှစ်ချက် ပစ်ကာ…
Read Moreရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံ တချို့စစ်မြေပြင် ကြား ပိတ်မိနေ
အောက်တိုဘာ ၃၀၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသခံတချို့ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလ စစ်မြေပြင်မှာ ကြားညပ်ပိတ်မိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အဲဒီ ၆၉ စစ်တပ်နားက ဘုန်းကြီးကျောင်းမှာတော့ လာရှောင်နေလို့ ရတယ်လို့ ပြောတယ်။ ဒါပေမယ့် အဲဒီမှာလည်း စစ်တပ်ရှေ့မှာ ဆိုတော့ မရှောင်ရဲဘူး။ ဆိုတော့ သိန္နီဘက် သွားမယ်ဆိုတော့လည်း မသွားခိုင်းဘူး။ အဲဒီမှာ ကိုးကန့်ဘက်က လမ်းတလျှောက်မှာစောင့်နေတယ်။ ကြားညပ်နေတယ်။” လို့ ပိတ်မိနေသူတွေရဲ့ မိသားစုဝင် တဦးက ပြောပါတယ်။ လားရှိုးကနေတက်လာရင် သိန္နီ မရောက်ခင် ကောင်းဟော်ရွာက လူတွေ ပိတ်မိနေတယ်လို့ သူက ပြောပါတယ်။ သိန္နီဘက်လည်း သွားခွင့် မပေးတာကြောင့် RC ဘုရားကျောင်း၊…
Read Moreမြိုင်မြို့နယ်မှာ လူနေအိမ်ပေါ် လက်နက်ကြီးကျလို့ ၅ ဦးသေဆုံး
အောက်တိုဘာ ၊ ၃၀ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ နှောပင် ကျေးရွာအုပ်စု ကင်းရွာနဲ့ ကန်ရပ်ကြီး ကျေးရွာကြားမှာ မနေ့ အောက်တိုဘာ ၂၉ ရက်ကလူနေအိမ်တွေပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ထိခိုက် သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်မှာ ကင်းရွာနားမှာ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲတယ် ၊ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာအခုထိမသိရသေးဘူး ၊ အဲ့ဒီ လက်နက်ကြီးကျည် ပေါက်ကွဲလို့ ထိခိုက်သေဆုံးတာတွေရှိတယ် ၊ သေဆုံးသူတွေက ကင်းရွာမှာနေတဲ့ ဦးစိုးတင့်ဦး ၄၀ နှစ် ၊ ဒေါ်အေးဆင့် ၆၀…
Read Moreမန္တလေးက သီတင်းကျွတ်ပွဲ
ဆူးငှက် မန္တလေး၏ သီတင်းကျွတ်ပွဲတော်သည် ဘုရားပွဲများနှင့်ဆက်စပ်နေသော ပွဲတော်ဖြစ်သည်။ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော် ပြီးသည့်နောက် မန္တလေးတွင် ပွဲလမ်းများ ပါးလျားသွား၏။ ထို့ကြောင့် မန္တလေးမှ ဇာတ်၊အငြိမ့်၊ ရုပ်သေး၊ ဆိုင်းအဖွဲ့များသည် ကဆုန်လတွင် “သေတ္တာပိတ် ”ဟုခေါ်သောနောက်ဆုံးပွဲများကို ကပြကြပြီး အဖွဲ့အသီးသီးဖြုတ်သိမ်းကာဇာတ်ခေါင်းခွဲကြသည်။ ထို့နောက် ပညာရှင်အသစ်များပြန်လည်ဖွဲ့စည်းပြီး နယုန်၊ ဝါဆို၊ ဝါခေါင်လများတွင်တီးလုံးတိုက်ကြ၊ဇာတ်တိုက်ကြသည်။ မကြာမီ သီတင်းကျွတ်လဆန်းသည်နှင့် ဘုရားပွဲတော်များစတင်သည်နှင့် စတင်၍ ကပြကြရမည့် “သေတ္တာဖွင့်ပွဲ ” အတွက် ကြိုတင်ပြင်ဆင်ကြသည်။ မန္တလေးတွင် မန္တလေးမြို့ မတည်မီ ကတည်းက တည်ရှိခဲ့သော ဘုရား၊စေတီကြီးများ၊ ဥပမာ မဟာမုနိ၊ဘုရားသုံးဆူ၊ အိမ်တော်ရာ၊ရွှကျီးမြင်၊ အရိပ်မထွက်၊ ဘုရားနီ၊ ချမ်းသာရ၊ အင်းခရု၊ စသည်တို့ဖြစ်သည်။မန္တလေးမြို့နှင့် အတူတည်သော ဘုရားစတီတော်ကြီးများ၊ ဥပမာကျောက်တော်ကြီး၊ စန္ဒာမုနိ၊ မဟာလောကမာရဇိန် ကုသိုလ်တော်၊ သကျသီဟ …စသည်တို့၏ သတ်မှတ်ထားသည့်…
Read Moreတိုက်ပွဲတွေကြောင့် မန္တလေး -မူဆယ် ပြည်ထောင်စု ကားလမ်မကြီးမှာ သွားလာမှုနည်း
အောက်တိုဘာ ၊ ၂၈ ၊ ၂၀၂၃ SP + Shy V ( VOM) ရှမ်းပြည်မြောက်ပိုင်းမှာ မနေ့ အောက်တိုဘာ ၂၇ ရက်က ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် မန္တလေး ၊ လောက်ကိုင် ၊ လားရှိုး ၊ ကွက်ခိုင် ၊ မူဆယ်ကားလိုင်းတွေ ယာယီရပ်နားထားတယ်လို့ သိရပါတယ်။ လောက်ကိုင်မှာ ရောက်နေတဲ့ ဒေသခံ ကားသမားတယောက်က ” မန္တလေး ဆင်းမယ့် ခရီးသည်တွေ တင်ထားပြီး လမ်းအခြေအနေရ ကားက မထွက်ရသေးဘူး ၊ ကားကွင်းထဲမှာ ပိတ်မိနေတဲ့ ကားတွေ အများကြီးရှိတယ် ၊ လမ်းပွင့်တာနဲ့ ဆင်းဖို့ အရန်သင့်စောင့်ရတယ် ၊လောက်ကိုင်မြို့ထဲမှာတော့ ဒီမနက် လူသွား လူလာတွေရှိတယ် ၊ အတက်ကားကတော့…
Read Moreပြည်တွင်းကားဈေးကွက် အကျဈေးနဲ့ အရောင်းအဝယ် ပုံမှန် ဖြစ်နေ
အောက်တိုဘာ ၂၇ – ၂၀၂၃ SN (VOM) လက်ရှိ ပြည်တွင်းကားဈေးကွက်အတွင်း အကျဈေးနဲ့ အရောင်းအဝယ် ပုံမှန် ဖြစ်နေတယ်လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။ ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်ကြောင့် အမြင့်ဆုံးဈေးတန်းကို ရောက်ရှိခဲ့တဲ့ ပြည်တွင်းကားဈေးနှုန်းတွေဟာ အခုအောက်တိုဘာလအတွင်း အမျိုးအစားအလိုက် ပျမ်းမျှအားဖြင့် ၇၅ ရာခိုင်နှုန်းလောက် ဈေးပြန်လည်ကျဆင်းလာနေတယ်လို့ သိရပါတယ်။ “လက်ရှိ ကားဈေးကွက်အခြေအနေကတော့ ပုံမှန်ပါပဲ။ ပုံမှန်ပါပဲဆိုတာက အရောင်းအဝယ် တအားကြီးဖြစ်လားဆိုတော့လည်း မဖြစ်ဘူး။ လုံးဝ မရောင်းရဘူးဆိုတာလည်း မဟုတ်ဘူး။ သူ့ဟာနဲ့သူတော့ လိုအပ်ချက်ရှိတဲ့ကားကတော့ ဝယ်ကြ၊ ရောင်းကြတယ်။ ဒါပေမယ့် တက်သွားတဲ့ ဈေးနဲ့တော့ ဝယ်ကြတာမဟုတ်ဘူး၊ ချပေးတဲ့ဈေးကျမှ ဝယ်ကြတာ။ ကားဈေးက အရင်က ဖြစ်သင့်ဖြစ်ထိုက်တာထက် ဆွဲတင်လိုက်ကြတော့ ထိုက်သင့်တဲ့ဈေးထက် ကျော်လွန်သွားတာပေါ့။ အခု အခြေအနေအားလုံး ငြိမ်တဲ့အချိန်မှာတော့…
Read Moreနမ့်ဖတ်ကာ နဲ့ နမ့်ခမ်းမှာ လက်နက်ကြီးကျလို့ ၄ ဦး သေဆုံး ၆ ဦး ဒဏ်ရာရ
အောက်တိုဘာ ၂၇၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်မယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာနဲ့ နမ့်ခမ်းမြို့တွေမှာ ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့ မနက်ပိုင်းက ရပ်ကွက်ထဲ လက်နက်ကြီး ကျကွဲလို့ ကျည်စတွေ ထိမှန်ကာ ပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ “ဟုတ်တယ်။ ရပ်ကွက် ၄ မှာ ကျတယ်။ ၂ ယောက် သေဆုံး ၅ ယောက် ဒဏ်ရာရတယ်။ ကွတ်ခိုင်ဆေးရုံ ပို့နေတယ်။ အသက် ၇ နှစ်အရွယ်ကလေးနဲ့ အသက် ၃၀ ကျော် အရွယ်အမျိုးသမီး သေဆုံးသွားတယ်” လို့ ဒေသ ခံ တဦးက ပြောပါတယ်။ …
Read Moreရန်ကုန်အပါအဝင် မြို့နယ် ၅ ခုကို ညမထွက်ရအမိန့်ပယ်ဖျက်တာနဲ့ အချိန်တွေ ဖြေလျှော့ပေး
ရန်ကုန်၊ အောက်တိုဘာ ၂၇ ၊ ၂၀၂၃ GG( VOM) ရန်ကုန်တိုင်း နဲ့ သထုံမြို့နယ်ကို ညမထွက်ရသတ်မှတ်ထားတဲ့အချိန်တွေ ဖြေလျော့လိုက်ပြီး မင်းဘူး၊မကွေး၊မိတ္တီလာမြို့နယ်တွေကိုတော့ညမထွက်ရအမိန့်ထုတ်ထားတာကို ပြန်လည်ပယ်ဖျက်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ” အချိန်ပဲ လျှော့လျှော့ ၊ညမထွက်ရအမိန့်မရှိတော့လည်း ခုကာလက ညဘက်တွေကို အပြင်မထွက်တာအကောင်းဆုံးပါ၊ တခုခုဖြစ်ရင်ကိုယ်ကအရင်ခံရမှာဆိုတော့ အချိန်တိုင်း သတိထားတာမမှားပါဘူး၊ညမထွက်ရအမိန့်မရှိတော့ဘူးဆိုပြီး ထွက်ကြလို့ ဖြစ်ရင်တော့ အဖေကယ်ပါ အမေကယ်ပါဆိုလည်းမရဘူး ၊ ပြောသာပြောရတာ ရန်ကုန်ကတော့ ညလည်းထွက်နေကြတာပဲ။သူတို့အခု မဖြေလျှော့ပေးခင်ကလည်း ဘားတွေ နိုက်ကလပ်တွေသွားနေကြတာပဲ ” လို့ ရန်ကုန်ဒေသခံ တယောက်က ပြောပါတယ်။ ရန်ကုန်တိုင်းမှာ အရင်က ညမထွက်ရအမိန့်သတ်မှတ်ထားတဲ့အချိန်က ည ၁၂ နာရီမှာ မနက် ၄ နာရီအစား လက်ရှိမှာ မနက်အစော ၁နာရီကနေ ၃ ရီအတွင်းသာ ပြောင်းလဲသတ်မှတ်လိုက်တာဖြစ်ပါတယ်။…
Read More