ခုရက်ပိုင်း ဖားကန့်ဒေသမှာ လက်လုပ် လက်စား စျေးသည်တွေ နေ့စဥ်နီးပါး အသတ်ခံနေရ

အောက်တိုဘာ ၊ ၆ ၊ ၂၀၂၃ SP(VOM) ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် ၊ ဖားကန့်ဒေသမှာရှိတဲ့ လက်လုပ် လုပ်စား စျေးသည်တွေဟာ နေ့စဥ်နီးပါး ပစ်သတ်ခံနေရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့ အောက်တိုဘာ ၅ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က မမုံကျေးရွာနားက ထွန်းဦးစက်သုံးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့ စျေးသည် အမျိုးသားတစ်ဦး ပစ်သတ်ခံရတယ် ၊ နောက်ပြီး ဖားပြင်ရွာအဝင်ဘက်မှာလည်း အာလူးကြော်တွေ လိုက်ပို့ပေးနေတဲ့ စျေးသည် တယောက် ပစ်သတ်ခံရတယ် ၊ မနေ့က ၁ ရက်တည်းမှာပဲ စျေးသည် ၂ ယောက် ပစ်သတ်ခံရတယ် ၊ ပစ်သတ်ခံရသူတွေက ဘယ်သူ ဘယ်ဝါ ဆိုတာ နာမည် အခုထိ မသိရသေးဘူး…

Read More

ဖားကန့်မြို့နယ်က မိုးရတနာ ရွှေ​ဆိုင် ဓားပြတိုက်ခံရလို့ သိန်း ၆၀၀၀ ကျော်ဖိုး ပါသွား

အောက်တိုဘာ ၊ ၅ ၊ ၂၀၂၃ SP ( VOM) ကချင်ပြည်နယ် ၊ မိုးညှင်ခရိုင် ၊ ဖားကန့်မြို့နယ် ၊ လုံးခင်းကျေးရွာမှာရှိတဲ့ ရွှေရတနာဆိုင်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဓားမြတိုက်ခံရတယ်လို့ လုံးခင်းဒေသခံတွေဆီက သိရပါတယ်။ ” လုံးခင်းရွာက မိုးရတနာရွှေဆိုင်မှာ ဒီကနေ့ နေ့လယ် ၂ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ် ၊ အမည်မသိ (စုံစမ်းဆဲ) လူငယ် ၄ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ဆိုင်ထဲကိုရောက်လာပြီး အရောင်းဝန်ထမ်းတွေကို တုတ်ကလစ်ကြိုးနဲ့ ချည်ထားတယ် ၊ နောက်ပြီး အရောင်းကောင်တာထဲက ရွှေထည်ပစ္စည်းတွေကို ယူတယ် ၊ နောက်ပြီး ရွှေထည်ပစ္စည်းအပြင် ကျောက်မျက်တွေပါ ယူသွားတယ် ၊ ရွှေက တပိဿာလောက်ပါသွားတယ် ၊ ကာလတန်ဘိုး သိန်း ၆၀၀၀ ထောင်ဖိုးလောက်ဖြစ်တယ်…

Read More

ယနေ့ ရွှေဈေး (အောက်တိုဘာ- ၅ ရက်၊ ညနေ ၄ နာရီ)

-ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၂၃ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၃၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၁၉၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၅၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည် #voiceofmyanmar #VOM #TodayGoldprice #October5th

Read More

ဘုတလင်မြို့ရဲ့ မြို့ဝင် ဆိုင်းဘုတ်နားမှာ ရဲအဖွဲ့က ပစ်ခတ် ဖမ်းဆီးလို့ လူ ၃ ဦးသေဆုံး

အောက်တိုဘာ ၊ ၅ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့ပေါ်မှာ မနေ့ အောက်တိုဘာ ၄ ရက် ညနေပိုင်းက ပစ်ခတ်မှုတွေဖြစ်လို့ ထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၅ နာရီဝန်းကျင်မှာဖြစ်တယ် ၊ ဘုတလင်မြို့ဝင် ဆိုင်းဘုတ်နားမှာ ပစ်ကြတယ် ၊ လူ ၃ ယောက်ပစ်သတ်ခံရတယ် ၊ သေဆုံးသူတွေက ဘယ်ရွာကမှန်း အခုထိ မသိရသေးဘူး ၊ ဘုတလင်မြို့ပေါ်မှာနေတဲ့ လူတွေမဟုတ်ဘူး” လို့ ဘုတလင်မြို့ခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ညနေ ၅ နာရီဝန်းကျင်မှာ…

Read More

အီရန်ဆီကသိမ်းထားတဲ့ ကျည်ဆန် ၁ ဒသမ ၁ သန်း ယူကရိန်းအတွက် အမေရိကန်ပေးပို့

ဝါရှင်တန်၊ အောက်တိုဘာ-၅-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်ဟာ အီရန်ဆီကနေ ပြီးခဲ့တဲ့နှစ်က သိမ်းဆည်းခဲ့တဲ့ ကျည်ဆန် ၁ ဒသမ ၁ သန်းကို ယူကရိန်းကို ပေးပို့ခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောပါတယ်။ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးတွေကို ကြီးကြပ်တဲ့ အမေရိကန်ဗဟိုကွပ်ကဲမှုအဖွဲ့ဟာ အဲဒီကျည်ဆန်တွေကို ယီမင်ကိုသွားတဲ့ သင်္ဘောတစင်းကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ ယီမင်ပြည်တွင်းစစ်မှာ ဟူသီသူပုန်တွေကို အီရန်က ကျောထောက်နောက်ခံပြုထားပေမယ့် အဲဒီအဖွဲ့ကို လက်နက်တွေလွှဲပြောင်းပေးအပ်မှုကို ကုလသမဂ္ဂက ၂၀၁၅ ခုနှစ် ဆုံးဖြတ်ချက်အရ ပိတ်ပင်တားမြစ်ထားပါတယ်။ ယူကရိန်းရဲ့ အနေုာက်အုပ်စုမဟာမိတ်တွေရဲ့ လက်နက်ခဲယမ်းမီးကျောက် ထုတ်လုပ်နိုင်မှုဟာ ယူကရိန်းက စစ်ပွဲမှာအသုံးပြုနေတဲ့နှုန်းကို အမီလိုက်ဖို့ ရုန်းကန်နေရကြောင်း သတိပေးထားပါတယ်။ အမေရိကန်ဗဟိုကွပ်ကဲမှုအဖွဲ့ဟာ အဲဒီကျည်ဆန်တွေကို ပြီးခဲ့တဲ့ တနင်္လာနေ့က ယူကရိန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကျည်တွေဟာ ဆိုဗီယက်ခေတ် ရိုင်ဖယ်တွေနဲ့ အပေါ့စား စက်သေနတ်တွေမှာ အသုံးပြုတဲ့ ၇…

Read More

ပါချုပ်ဆရာတော်ကြီးရဲ့ အမတော် ဆရာကြီးဒေါ်ကဉ္စနာရဲ့ အန္တိမအဂ္ဂိဈာပန စစ်ကိုင်းမြို့ ရွှေသမားရွှေရိပ်သာသုဿန်မှာ ပြုလုပ်သွားမယ်

အောက်တိုဘာ ၅ – ၂၀၂၃ SN (VOM) ပါမောက္ခချုပ် ဆရာတော်ကြီးရဲ့ အစ်မတော် ဆရာကြီးဒေါ်ကဉ္စနာရဲ့ အန္တိမအဂ္ဂိဈာပနကို စစ်ကိုင်းမြို့၊ ရွှေသမားရွှေရိပ်သာသုဿန်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဆရာကြီးရဲ့ တပည့်သာဝကတပါးက မိန့်ကြားပါတယ်။ “အန္တိမအဂ္ဂိဈာပန အစီအစဉ်ကို အောက်တိုဘာ ၇ ရက် (စနေနေ့)၊ မနက် (၉) နာရီအချိန်မှာ စစ်ကိုင်းမြို့၊ ရွှေသမားရပ်၊ ရွှေသမားရွှေရိပ်သာသုဿန်မှာ ပြုလုပ် မီးသင်္ဂြိုဟ်မှာဖြစ်ပြီး မနက် (၈) နာရီအချိန်၊ မဟာသုဗောဓာရုံ၊ ကဉ္စနာရာမချောင်မှ ထွက်ခွာကြမှာဖြစ်တယ်” လို့ တပည့်သာဝကတပါးက မိန့်ကြားပါတယ်။ ဆရာကြီး ဒေါ်ကဉ္စနာ သက်တော် (၉၇) နှစ်ဟာ စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်းတိုက်၊ ကဉ္စနာရာမချောင်မှာ သီတင်းသုံးနေထိုင်ရင်း လူကြီးရောဂါနဲ့ ဒီကနေ့ အောက်တိုဘာ ၅ ရက်နေ့၊ မနက် ၅ နာရီ၊ ၅ မိနစ် အချိန်မှာ…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၅ ရက်)

-အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၅၀ ကျပ် ဝယ်ဈေး – ၃၃၀၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၄၅၀ ကျပ် ဝယ်ဈေး – ၂၄၀၀ ကျပ် -ယူရို ရောင်းဈေး – ၃၅၆၁ ကျပ် ဝယ်ဈေး – ၃၄၉၆ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၂.၅၉ ကျပ် ဝယ်ဈေး – ၉၀.၉၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၂၆ ကျပ် ဝယ်ဈေး – ၇၁၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၆၄ ကျပ် ဝယ်ဈေး – ၄၄၉ ကျပ် -ဂျပန်ယန်း ရောင်းဈေး – ၂၂.၉၇ ကျပ်…

Read More

အိန္ဒိယအရှေ့မြောက်ပိုင်းရေဘေး (၁၄) ယောက်သေဆုံး၊ စစ်သားတွေအပါအဝင် လူ (၁၀၀) ကျော် ပျောက်ဆုံးနေ

ဒေလီ၊ အောက်တိုဘာ-၅-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း ဆစ်ကင်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် စစ်သား ၂၂ ယောက် အပါအဝင် လူ ၁၀၂ ဦးပျောက်ဆုံးနေပြီး လူ ၁၄ ယောက်ထက်မနည်းသေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပြည်နယ်မြောက်ဘက်ရှိ ရေကန်တကန်မှာ ရေကြီးရေလျှံစတင်ဖြစ်ပွားပြီးနောက် လာချန်တောင်ကြားရှိ တီးစတာမြစ်မှာ စိုးရိမ်ဖွယ်မြစ်ရေကြီးမြင့်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အနီးနားရှိ ဆည်တခုမှရေတွေကို မြစ်ထဲသို့ပိုမိုထုတ်လွှတ်ပြီးနောက် ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာခဲ့ပါတယ်။ မြောက်ပိုင်းဒေသနဲ့ ကျန်ပြည်နယ်တွေကို ဆက်သွယ်ထားတဲ့ တံတားနှစ်စင်းကျိုးကျခဲ့ပြီး သယ်ယူပို့ဆောင်ရေးတွေ ဆိုးရွားစွာထိခိုက်ခဲ့ပါတယ်။ ရေကြီးရေလျှံမှုကြောင့် အိန္ဒိယစစ်တပ်မော်တော်ယာဉ်အချို့ပါ နှစ်မြုပ်သွားကြောင်း သိရပါတယ်။ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး မြေနိမ့်ပိုင်းမှာနေထိုင်သူတွေကို စတင်ရွှေ့ပြောင်းပေးနေပါတယ်။ အဲဒီဒေသမှာ ပိတ်မိနေသူတွေထဲမှာ ကမ္ဘာလှည့်ခရီးသွား သုံးထောင်ကျော်ပါဝင်ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဟိမဝန္တာဒေသဟာ ရေကြီးရေလျှံမှုနဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်လေ့ရှိပြီး ယမန်နှစ်ကလည်း ရေဘေးကြောင့် လူသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ကာ…

Read More

ပခုက္ကူ – ပေါက် – ကျောက်ထု ကားလမ်းပေါ်က ​ရေ​ပြာ (အုန်းတော)တံတား မိုင်းဒဏ်သင့်လို့ ယာဥ်တွေ သွားလာလို့မရ

အောက်တိုဘာ ၊ ၅ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူ – ကမ္မ – ရေပြာ – ပေါက် – ကျောက်ထုကားလမ်းပိုင်းပေါ် ရေပြာရွာနားက အုန်းတောတံတားဟာ မိုင်းဒဏ်သင့်ပြီး ပျက်စီးနေတာကြောင့် ကားတွေ ၊ ဆိုင်ကယ်တွေ သွားလာလို့ မရဘူးလို့ ရေပြာဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် ပခုက္ကူ – ကမ္မ – ရေပြာ လမ်းကြောင်း တလျောက်မှာလည်း လမ်းဘေးသစ်ပင်ကြီးတွေကို လမ်းပေါ် မှာ ကန့်လန့်ဖြတ် ခုတ်လှဲထားတာမို့ ယာဥ်တွေ သွားလာလို့ မရဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ ” အုန်းတော တံတားက အရှည်ပေ ၃၀၀ ကျော်ရှိတယ် ၊ မြန်မာ – ဂျပန် ၂…

Read More

ယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၅ ရက်၊ နံနက် ၁၀ နာရီ)

-ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၂၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၄၅၀၀၀ ကျပ် ဝယ်ဈေး ၃၁၉၅၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #vouceofmyanmar #vom #TodayGoldprice #October5th

Read More
VOM News

FREE
VIEW