အိန္ဒိယအရှေ့မြောက်ပိုင်းရေဘေး (၁၄) ယောက်သေဆုံး၊ စစ်သားတွေအပါအဝင် လူ (၁၀၀) ကျော် ပျောက်ဆုံးနေ

ဒေလီ၊ အောက်တိုဘာ-၅-၂၀၂၃
မျိုးဆက်(VOM)
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း ဆစ်ကင်ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေကြောင့် စစ်သား ၂၂ ယောက် အပါအဝင် လူ ၁၀၂ ဦးပျောက်ဆုံးနေပြီး လူ ၁၄ ယောက်ထက်မနည်းသေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပြည်နယ်မြောက်ဘက်ရှိ ရေကန်တကန်မှာ ရေကြီးရေလျှံစတင်ဖြစ်ပွားပြီးနောက် လာချန်တောင်ကြားရှိ တီးစတာမြစ်မှာ စိုးရိမ်ဖွယ်မြစ်ရေကြီးမြင့်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အနီးနားရှိ ဆည်တခုမှရေတွေကို မြစ်ထဲသို့ပိုမိုထုတ်လွှတ်ပြီးနောက် ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာခဲ့ပါတယ်။ မြောက်ပိုင်းဒေသနဲ့ ကျန်ပြည်နယ်တွေကို ဆက်သွယ်ထားတဲ့ တံတားနှစ်စင်းကျိုးကျခဲ့ပြီး သယ်ယူပို့ဆောင်ရေးတွေ ဆိုးရွားစွာထိခိုက်ခဲ့ပါတယ်။
ရေကြီးရေလျှံမှုကြောင့် အိန္ဒိယစစ်တပ်မော်တော်ယာဉ်အချို့ပါ နှစ်မြုပ်သွားကြောင်း သိရပါတယ်။ လက်ရှိမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး မြေနိမ့်ပိုင်းမှာနေထိုင်သူတွေကို စတင်ရွှေ့ပြောင်းပေးနေပါတယ်။
အဲဒီဒေသမှာ ပိတ်မိနေသူတွေထဲမှာ ကမ္ဘာလှည့်ခရီးသွား သုံးထောင်ကျော်ပါဝင်ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဟိမဝန္တာဒေသဟာ ရေကြီးရေလျှံမှုနဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်လေ့ရှိပြီး ယမန်နှစ်ကလည်း ရေဘေးကြောင့် လူသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ၂၄ ဦးသေဆုံးခဲ့ပါတယ်။
Ref: BBC
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW