Voice of Myanmar အမေရိကန် အောက်လွှတ်တော် တရားစီရင်ရေး ကော်မတီသည် သမ္မတ ဘီလ်ကလင်တန်အား စွပ်စွဲပြစ်တင်ဖြုတ်ချရန် ၁၉၉၈ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် ထောက်ခံခဲ့သည်။ #Voiceofmyanmar #Vom #Thisdayinhistory #October5th
Read MoreAuthor: Editor Thet Thet
ဒီကနေ့ အောက်တိုဘာ ၅ ရက် စက်သုံးဆီစျေးများ
ဒီကနေ့ အောက်တိုဘာ ၅ ရက် စက်သုံးဆီစျေးများ #စက်သုံးဆီစျေး #voiceofmyanmar #VOM
Read Moreပူတာအိုကနေ မြစ်ကြီးနားနဲ့ မန္တလေး တက္ကသိုလ်ကို ကျောင်းတက်ဖို့လာတဲ့ ကျောင်းသား ၃၀ ကျော် လမ်းမှာ ဖမ်းဆီခံထားရ
အောက်တိုဘာ ၅ ၊ ၂၀၂၃ SP (VOM) ကချင်ပြည်နယ် ၊ ပူတာအိုဒေသကနေ မြစ်ကြီးနားနဲ့ မန္တလေး တက္ကသိုလ်ကို အဝေးသင်ကျောင်းတက်ဖို့လာတဲ့ ကျောင်းသား ၊ ကျောင်းသူတွေဟာ ဆွမ်ပရာဘွန်မြို့အကျော် ခတ်ခရားယန် Kadrangyang နေရာမှာဖမ်းဆီးခံထားရတယ်လို့ ကျောင်းသား မိဘတွေဆီက သိရပါတယ်။ ” ပူတာအိုခရိုင်မှာနေတဲ့ တက္ကသိုလ် ကျောင်းသား ၊ ကျောင်းသူ ၁၀၀ ကျော်ရှိတယ် ၊ MAI လေကြောင်းလိုင်းက စနေတပတ်ကို လေယာဥ် တခေါက်ပဲ ပြေးဆွဲပေးတယ် ၊ အခုဖမ်းခံထားရတဲ့ ကျောင်းသားတွေက လေယာဥ်ခရီးစဥ် မရလို့ အောက်လမ်းကနေ ကားနဲ့သွားရတယ်၊ တချို့ကလည်း မြစ်ကြီးနား တက္ကသိုလ် တက်မယ့်သူတွေပါတယ် ၊ ကျန်တချို့ကလည်း မန္တလေး တက္ကသိုလ်မှာ တက်မယ်ံ့သူတွေပါတယ် ” လို့ ကျောင်းသားမိဘ တယောက်က ပြောပါတယ်။ ပူတာအိုဒေသခံ…
Read Moreဟွမ်မြောင်အထည်ချုပ်စက်ရုံ ထုတ်ပြန်ချက် အလုပ်သမားတွေ လက််မခံ၊ ၊ ရပိုင်ခွင့်တွေ ဆက်လက်တောင်းဆိုသွားမယ်
အောက်တိုဘာ ၄ – ၂၀၂၃ SN (VOM) ဟွမ်မြောင်အထည်ချုပ်စက်ရုံရဲ့ ဒီကနေ့ အောက်တိုဘာ ၄ ရက်နေ့မှာ ထုတ်ပြန်လာတဲ့ ကြေညာချက်နဲ့ပတ်သက်လို့ အလုပ်သမားတွေအနေနဲ့ လက်ခံနိုင်ခြင်းမရှိဘဲ တောင်းဆိုထားချက်တွေ ပြေလည်မှုရရှိတဲ့အထိ စက်ရုံမှာ ညအိပ်ပြီး ဆက်လက် စောင့်ဆိုင်းသွားမယ်လို့ သိရပါတယ်။ အဲ့ဒီ့ ဟွမ်မြောင်အထည်ချုပ် ( HONG MIAO Garment Co.,Ltd.) စက်ရုံဟာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ် (၄) လမ်းမကြီးဘေးမှာ တည်ရှိတာဖြစ်ပြီး အလုပ်ရှင်က စက်တင်ဘာလုပ်ခလစာကိုမပေးဘဲ စက်ရုံပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမားတွေအနေနဲ့ လစာရလိုမှုအတွက် စက်ရုံမှာ ညအိပ်စောင့်ဆိုင်းနေကြတာဖြစ်တယ်လို့ သိရပါတယ်။ ညအိပ်စောင့်ဆိုင်းမှု ၂ ညနဲ့၊ ၃ ရက်ကြာပြီးနောက် ဒီကနေ့မှာတော့ စက်ရုံဘက်က “အလုပ်သမားများ၏ လုပ်ခကျန်ငွေ၊ အလုပ်ရပ်စဲမှု နစ်နာကြေး၊ လုပ်သက်ခွင့်၊ လူမှုထောက်ပံ့ကြေး ပေးချေသွားမည်ဖြစ်ကြောင်း တင်ပြခြင်း”…
Read Moreကောလင်းမြို့ပေါ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးသေ ၊ ၂ ဦးဒဏ်ရာရ
အောက်တိုဘာ ၊ ၄ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့ ၊ မီးရထားရပ်ကွက်ထဲမှာ မနေ့ အောက်တိုဘာ ၄ ရက် ၊ နေ့လယ် ၂ နာရီခွဲဝန်းကျင်က ပစ်ခတ်မှုတွေဖြစ်ပွားပြီး သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” မီးရထားရပ်ကွက်မှာ ပစ်ခတ်သံတွေတော့ ကြားလိုက်ရတယ် ၊ မြို့လုံခြုံရေးအဖွဲ့နဲ့ ဖြစ်ကြတယ်လို့ သိရတယ် မြို့လုံခြုံရေး အဖွဲ့က ၃ ဦးသေပြီး ၂ ဦးဒဏ်ရာရတယ် ၊ နောက်ပြီး သေနတ် ၁ လက်ပါသွားတယ် ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကောလင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က…
Read Moreယနေ့ ရွှေဈေး (အောက်တိုဘာ- ၄ ရက်၊ ညနေ ၄ နာရီ)
-ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၂၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၉၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreကင်ညာမှာ အမျိုးအမည်မသိ ဖျားနာမှုကြောင့် ကျောင်းသူ (၉၀) ကျော် ဆေးရုံတင်ထားရ
နိုင်ရိုဘီ ၊ အောက်တိုဘာ-၄-၂၀၂၃ မျိုးဆက်(VOM) ကင်ညာနိုင်ငံမှာ အမျိုးအမည်မသိ ဖျားနာမှုဖြစ်ပွားမှုကြောင့် ကျောင်းသူ ၉၀ ကျော်ကို ဆေးရုံတင်ထားရပြီး ကျန်းမာရေးအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ နိုင်ငံအနောက်ပိုင်း အီရီဂီအမျိုးသမီးအထက်တန်းကျောင်းက ကျောင်းသူတွေဟာ လမ်းလျှောက်ဖို့ခက်ခဲပြီး ဒူးနာတဲ့ ရောဂါလက္ခဏာတွေ ခံစားနေရကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။ လက်ရှိမှာတော့ နာမကျန်းဖြစ်နေတဲ့ ကျောင်းသူတွေရဲ့ သွေး၊ ဆီးနဲ့ ဝမ်းနမူနာတွေကို မြို့တော်နိုင်ရိုဘီနဲ့ ကီဆူမူမြို့တွေက ဓါတ်ခွဲခန်းတွေကို ပေးပို့စစ်ဆေးထားပြီး များမကြာမီရက်ပိုင်းအတွင်း ဖျားနာရတဲ့အကြောင်းရင်းကို သိရဖို့ မျှော်လင့်ရပါတယ်။ လက်ရှိမှာတော့ အဲဒီကျောင်းမှာ နာမကျန်းဖြစ် ဖျားနာမှုတွေနဲ့ပတ်သက်ပြီး ထိန်းချုပ်ထားနိုင်ပြီလို့ ကင်ညာ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ဆိုပါတယ်။ အခြားကျောင်းသူတွေအတွက် အတန်းတွေကိုတော့ ဆက်လက်သင်ကြားသွားမှာဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာန၊ ခရိုင်အစိုးရနဲ့ ပြည်သူ့ကျန်းမာရေးဌာနတွေက ကလေးတွေကို ကုသစောင့်ရှောက်မှုတွေပေးနေပြီး စိတ်မပူကြဖို့ ကျောင်းသားမိဘတွေကို အာဏာပိုင်တွေက ပြောဆိုထားပါတယ်။ Ref:BBC #voiceofmyanamr #VOM…
Read Moreအာဖဂန်ဒုက္ခသည် ၁ ဒသ မ ၇ သန်းကို နိုင်ငံတွင်းက ထွက်ခွာဖို့ ပါကစ္စတန်အမိန့်ထုတ်
အစ္စလာမ္မာဘတ်၊ အောက်တိုဘာ-၄-၂၀၂၃ မျိုးဆက်(VOM) ပါကစ္စတန်အစိုးရဟာ တရားဝင်ခွင့်ပြုချက်မရှိဘဲ နိုင်ငံတွင်းကိုရောက်ရှိ ခိုလှုံခွင့်တောင်းနေတဲ့ အာဖဂန်ဒုက္ခသည် ၁ ဒသမ ၇ သန်းကို နိုင်ငံတွင်းနေ နိုဝင်ဘာလအတွင်းမှာ ထွက်ခွာဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ယခုနှစ်အတွင်း နယ်စပ်တလျှောက်မှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ အရှိန်မြင့်လာပြီးနောက် ပါကစ္စတန်နဲ့ အာဖဂန်စ္စတန်အကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။ အာဖဂန်နစ္စတန်အခြေစိုက် စစ်သွေးကြွတွေဟာ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း ပါကစ္စတန်က အပြစ်တင်ပြောဆိုထားပြီး အာဖဂန်ရဲ့ တာလီဘန်အစိုးရကတော့ ငြင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း အာဖဂန်နယ်စပ်အနီး ဗလီတခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၀ သေဆုံးခဲ့ပြီးနောက် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နှင်းမယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း အာဖဂန်မှာ တာလီဘန်တွေ အာဏာရလာပြီးနောက်ပိုင်း ပါကစ္စတန်ဟာ အာဖဂန်ဒုက္ခသည်တွေကို လက်ခံခဲ့ပြီး ဒုက္ခသည် ၁ ဒသမ ၃ သန်းတရားဝင်စာရင်းသွားထားပြီး ဒီထဲက ကိုးသိန်းနီးပါဟာ…
Read Moreလသာမြို့နယ် သေနတ်ပစ်ခတ်မှု သံသယရှိသူ (၃)ယောက်ကို ဖမ်းဆီးစစ်ဆေးနေ
အောက်တိုဘာ ၄ – ၂၀၂၃ SP + SN (VOM) ရန်ကုန်တိုင်း၊ လသာမြို့နယ်မှာ အောက်တိုဘာ ၂ ရက် ၊ ည ၁၀ နာရီဝန်းကျင်အချိန်က အမျိုးသားတဦးပစ်ခတ်ခံရမှုက ကျူး လွန်တယ်ဆိုတဲ့ သံသယရှိသူတွေကို ၂၄ နာရီအတွင်း ရဲတပ်ဖွဲ့က ဖမ်းမိပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ အဲ့ဒီ့ ပစ်ခတ်မှုဖြစ်စဉ်အပြီး ရဲတပ်ဖွဲ့နဲ့ စစ်တပ် တာဝန်ရှိသူတွေက လသာ၊ လမ်းမတော်မြို့နယ် အပါအဝင် ရန်ကုန်မြို့တွင်းက မြို့နယ်အချို့မှာ လုံခြုံရေးတင်းကြပ်ကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “ရဲတပ်ဖွဲ့က ပိတ်ဆို့ ဖမ်းဆီးတဲ့အခါ ပထမ ၁ ယောက် အရင် ဖမ်းမိတယ် ၊ နောက် ကွင်းဆက်၂ ယောက်ထပ်မိတယ် ၊ ၂၄ နာရီအတွင်းမှာပဲ ၃ ယောက်ဖမ်းမိတယ် ၊…
Read Moreမူဆယ်မှာ ပြည်သူ့စစ် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား
အောက်တိုဘာ ၄၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ ပြည်သူ့စစ် အချင်းချင်း အောက်တိုဘာ ၃ ရက်နေ့ ည ၉ နာရီခွဲ ဝန်းကျင်ခန့်က မိနစ် အနည်းငယ်ကြာ ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “လက်နက်ကြီး ၂ ချက် အုန်းကနဲ့ ကြားလိုက်တဲ့နောက် လက်နက်ငယ်တွေ ဆက်တိုက် ပစ်ခတ်နေသံ ကြားရတယ်” လို့ ဒေသခံ ၁ ဦး က ပြောပါတယ်။ အပြန်အလှန် ပစ်ခတ်ရာက လက်နက်ကြီးတွေ ပစ်ခတ်လာမှာကို စိုးရိမ် ကြောက်လန့် နေရတယ်လို့ သူက ပြောပါတယ်။ မူဆယ်မြို့နယ်အတွင်း စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြားလည်း မကြာခဏ တိုက်ပွဲ ဖြစ်ပွားသလို တိုက်ပွဲ မရှိပဲ လက်လက်ကြီး…
Read More