ဒေလီ၊ အောက်တိုဘာ-၄-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနဲ့ ကနေဒါနိုင်ငံတို့အကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ အိန္ဒိယရှိ ကနေဒါသံတမန် ၄၀ ကို ပြန်လည်ရုပ်သိမ်းဖို့ အိန္ဒိယက ကနေဒါကို တောင်းဆိုထားကြောင်း သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ အောက်တိုဘာ ၁၀ ရက်အလွန်ထိ နေထိုင်တဲ့ ကနေဒါသံတမန်တွေဟာ သူတို့ရဲ့ သံတမန်ရေးရာ အခွင့်အရေးတွေ ဆုံးရှုံးမှာဖြစ်ကြောင်း ဖိုင်နယ်ရှယ်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။ ကနေဒါမြေပေါ်မှာ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တယောက် အသတ်ခံရမှုမှာ အိန္ဒိယနိုင်ငံပါဝင်ပတ်သက်နေကြောင်း လွန်ခဲ့တဲ့လမှာ ကနေဒါက ပြောဆိုခဲ့ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။ အိန္ဒိယနဲ့ မတူကွဲပြားမှုများကို အရှိန်မြှင့်ဖို့ ကြိုးစားမှာမဟုတ်ကြောင်း၊ အိန္ဒိယအစိုးရနွံှ တာဝန်သိသိ အပြုသဘောဆောင်ဆက်ဆံသွားမှာဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးက ထုတ်ဖော်ပြောဆိုထားပါတယ်။ ဆစ်ဒ်ခွဲထွက်ရေးခေါင်းဆောင် ဟာဒိဆင့်ဂျ်နစ်ဂျာဟာ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်ရှိ ဘုရားကျောင်းပြင်ပမှာ မျက်နှာဖုံးစွပ်သေနတ်သမားနှစ်ဦးရဲ့ ပစ်ခတ်မှုကြောင့်ဇွန် ၁၈ရက်မှာ သေဆုံးခဲ့ပါတယ်။ ဆစ်ခွဲထွက်ရေးလှုပ်ရှားမှုတွေကို အကြမ်းဖက်လှုပ်ရှားမှုအဖြစ် အိန္ဒိယအစိုးရက ၂၀၂၀…
Read MoreAuthor: Editor Thet Thet
သစ်နဲ့ဝါးတွေ စျေးကြီးလို့ မီးဘေးသင့် ပြည်သူတွေ အခုထိ နေအိမ်ပြန်မဆောက်နိုင်သေး
အောက်တိုဘာ ၊ ၄ ၊ ၂၀၂၃ SP ( VOM) ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ဘက်တွေမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီး ကျေးရွာ အများစု မီးလောင်ပျက်စီးခဲ့ပါတယ်။ အဲ့ဒီလို မီးဘေးသင့်ခဲ့ရတဲ့ ဒေသတွေထဲက စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ညောင်ပင်ကြီးကျေးရွာမှာနေထိုင်သူ တယောက်က ” ညောင်ပင်ကြီးရွာမှာရှိတဲ့ ညောင်ပင်ကြီးရဲစခန်းနဲ့ ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ ပြီးခဲ့တဲ့ ဇူလိုင် ဝန်းကျင်က တိုက်ပွဲဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲဖြစ်နေတဲ့အချိန် ရွာက အိမ်ခြေ ၇၀၀ ကျော် မီးလောင်ပျက်စီးတယ် ၊ သစ်နဲ့ဝါးတွေ စျေးကြီးလို့ အခုထိ အိမ်ပြန်မဆောက်နိုင်သေးဘူး ” လို့ ပြောပါတယ်။ ဒေသခံ လက်သမား…
Read Moreရွှေကြက်ကျဘုရားပွဲတော်မှာ ငှက်လှေမရှိလို့ လှေဦးတိုက်ပွဲ မကျင်းပဖြစ်
မန္တလေး၊ အောက်တိုဘာ – ၄ – ၂၀၂၃ SA(VOM) မန္တလေးတိုင်း၊ အမရပူရမြို့နယ် ရွှေကြက်ယက်ကျေး ရွာအုပ်စု အတွင်းက နှစ်စဥ်ကျင်းပမြဲဖြစ်တဲ့ သမိုင်းဝင်ရွှေကြက်ကျ ဆုတောင်းပြည့် မြတ်စွာဘုရားပွဲတော်ကို ဒီနှစ်မှာတော့ ငှက်လှေတွေမရှိသလောက်နည်းတဲ့အတွက် လှေဦးတိုက်ပွဲတော်ကို ထည့်သွင်းမကျင်းပဖြစ်ဘူးလို့ သိရပါတယ်။ “အားကစားပြိုင်ပွဲဖြစ်တဲ့အတွက် လုံခြုံရေးအတွက်လည်း တာဝန်ယူဖို့မလွယ်ဘူးလေ ဟိုတုန်းက ငှက်လှေတွေနဲ့ကျင်းပကြတာဖြစ်တဲ့အတွက် အခုကျနော်တို့ရွာထဲမှာလည်း ငှက်လှေတွေလည်း တစ်စီးမှ မရှိတော့ဘူးလေ ဟိုတုန်းကတော့ သစ်တွေရှိတော့ သစ်ခေါက်ခွာဖို့အတွက် ငှက်လှေတွေရှိပေမယ့် တံတားကလည်း ကျေးရွာထိပ်မှာဆိုတော့ ငှက်လှေအသုံးပြုမှုက မရှိသလောက်ရှားသွားပြီ ပြိုင်ပွဲထည့်မယ်ဆိုရင်လည်း ငှက်လှေတွေကို တောင်သမန်အင်းကနေ ငှားရမှာ ပြီးတော့ ငှားရမ်းခရယ် သယ်ယူစားရိတ်ရယ်ဆိုတော့ မလွယ်ကူဘူး” လို့ ဂေါပကအဖွဲ့ဝင် အတွင်းရေးမှူး ဦးမြသွင်ကပြောပါတယ်။ ဧရာဝတီမြစ်အတွင်းမှာ သွားလာနေကြတဲ့ အများပြည်သူနဲ့ ရေယာဥ်တွေကို အန္တရာယ်ကင်းဖို့ ရည်ရွယ်ပြီးပြုလုပ်တဲ့ ရေစာ – ဝဲစာကျွေးပွဲကိုတော့ တော်သလင်းလပြည့်ကျော်…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (အောက်တိုဘာ-၄ ရက်)
-အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၃၀ ကျပ် ဝယ်ဈေး – ၃၂၈၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၄၂၀ ကျပ် ဝယ်ဈေး – ၂၃၇၀ ကျပ် -ယူရို ရောင်းဈေး – ၃၅၄၄ ကျပ် ဝယ်ဈေး – ၃၄၈၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၂.၁၆ ကျပ် ဝယ်ဈေး – ၉၀.၄၉ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၁၈ ကျပ် ဝယ်ဈေး – ၇၀၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၆၁ ကျပ် ဝယ်ဈေး – ၄၄၅ ကျပ် -ဂျပန်ယန်း ရောင်းဈေး – ၂၂.၉၂ ကျပ်…
Read Moreယနေ့ ရွှေဈေးအဖွင့် (အောက်တိုဘာ- ၄ ရက်၊ နံနက် ၁၀ နာရီ)
-ကမ္ဘာ့ရွှေဈေး တအောင်စ ၁၈၂၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၄၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၂၁၀၀၀၀ ကျပ် ဝယ်ဈေး ၃၁၆၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreဝယ်လိုအားကြောင့် ကမ္ဘာ့ရေနံစျေး ဆက်လက်မြင့်တက်နိုင်ကြောင်း အိုပက်အဖွဲ့ပြော
ရီယတ်၊ အောက်တိုဘာ-၄ မျိုးဆက်(VOM) စွမ်းအင်၀ယ်လိုအား တိုးပွားလာတာကြောင့် ရေနံစျေးနှုန်းတွေ ဆက်လက်မြင့်တက်နေဦးမှာဖြစ်ကြောင်း ရေနံထုတ်လုပ်ရောင်းချတဲ့နိုင်ငံများအဖွဲ့ (အိုပက်) အထွေထွေအတွင်းရေးမှူးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အိုပက်အဖွဲ့နဲ့ မဟာမိတ်နိုင်ငံတွေဟာ အဖွဲ့၀င် ၂၃ နိုင်ငံပါ၀င်ပြီး ရေနံစိမ်းဘယ်လောက် ထုတ်လုပ်ရောင်းချမည်ဆိုတဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်က ကမ္ဘာ့ရေနံစျေးကွက်အပေါ် သက်ရောက်မှုတွေရှိပါတယ်။ လက်ရှိမှာ တနေ့ကို ရေနံစည်ပေါင်း ၂ ဒသမ ၄ သန်းထိ ၀ယလြိုအားတိုးလာကှောငြး အိုပက်အဖွဲ့ အတွင်းရေးမှူး ဟီသမ်အယ်လ်က ဆိုပါတယ်။ ရေနံစျေးနှုန်းမြှင့်တင်ဖို့အတွက် တနေ့ကို ရေနံစည်ပေါင်း တသန်းလျှော့ချထုတ်လုပ်မယ်လို့ ဆော်ဒီအာရေဗျက ကြေညာထားပါတယ်။ ဆော်ဒီအာရေဗျနဲ့ ရုရှားတို့အပါအ၀င်အပါအ၀င် အိုပက်နဲ့မဟာမိတ်နိုင်ငံတွေရဲ့ ရေနံလျှော့ချထုတ်လုပ်မယ့် ဆုံးဖြတ်ချက်ကြောင့် ယခုနှစ်ကုန်မှာ ကမ္ဘာ့စျေးကွက်အတွင်းရေနံထောက်ပံ့မှု သိသိသာသာလျော့ကျသွားနိုင်ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ(အိုင်အီးအေ)က သတိပေးထားပါတယ်။ ဒါဟာ ဆော်ဒီအာရေဗျနှင့်ရုရှားတို့ရဲ့ ဆန္ဒအလျောက်ဆုံးဖြတ်ချက်ဖြစ်ကြောင်း အိုပက်အဖွဲ့အထွေထွေအတွင်းရေးမှူးက ပြောဆိုထားပြီး ဒါဟာ ရေနံစျေး မသေချာမရေရာအခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ပြောဆိုပါတယ်။…
Read MoreThis Day in History
ဆိုဗီယက်ယူနီယံသည် ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ Sputnik 1 ဂြိုဟ်တုကို ၁၉၅၇ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ပထမဆုံးလွှတ်တင်နိုင်ခဲ့ပြီးနောက် အာကာသနယ်ပယ်တွင် အမေရိကန်နှင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ #voiceofmyanmar #vom #ThisDayInHistory #October4th
Read Moreဒီကနေ့ အောက်တိုဘာ ၄ ရက် စက်သုံးဆီစျေးများ
ဒီကနေ့ အောက်တိုဘာ ၄ ရက် စက်သုံးဆီစျေးများ
Read Moreဘန်ကောက်မြို့လယ် Siam Paragon ကုန်တိုက် သေနတ်ပစ်ခတ်မှု မြန်မာတယောက်အပါအဝင် နှစ်ယောက်သေဆုံး ၊ ငါးယောက်ဒဏ်ရာရ
ဘန်ကောက်၊ အောက်တိုဘာ -၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ အဆင့်မြင့်ကုန်တိုက်တခုမှာ ဒီနေ့ညနေကပစ်ခတ်မှုဖြစ်ပွားပြီးနောက် အသက် ၁၄ နှစ်အရွယ် လူငယ်တဦးကို ဖမ်းဆီးလိုက်ပါတယ်။ Siam Paragon ကုန်တိုက်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း လူသုံးယောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ကနဦးမှာ ပြောကြားခဲ့ ပေမယ့် နောက်ပိုင်းမှာလူ နှစ် ယောက်သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။ သေဆုံးသူများဟာ တရုတ်နဲ့ မြန်မာနိုင်ငံသားတွေဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီး အခြားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ သံသယရှိသူဟာ ကုန်တိုက်နဲ့ မနီးမဝေးရှိ ကျောင်းတကျောင်းမှ ကျောင်းသားတဦးဖြစ်ကြောင်း သိရပါတယ်။။ သူ့ရဲ့ ရည်ရွယ်ချက်ကို မသိရ သေးပါဘူး။ Siam Paragon ကုန်တိုက်ဟာ ဘန်ကောက်မြို့လယ်မှာတည်ရှိပြီး လာရောက်လည်ပတ်မှု အများဆုံးနေရာများထဲမှ တခုဖြစ်ပြီး ဒေသခံများနှင့် ခရီးသွားများကြား ရေပန်းစားပါတယ်။ Ref:BBC Photo:AP #voiceofmyanmar #VOM…
Read Moreဟွမ်မြောင်အထည်ချုပ်စက်ရုံက အလုပ်သမား (၃၀၀) လုပ်ခလစာရရှိရေး စက်ရုံမှာ ညအိပ်စောင့်ဆိုင်းနေရ
အောက်တိုဘာ ၃ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ အမှတ် (၄) လမ်းမကြီးဘေးက ဟွမ်မြောင်အထည်ချုပ်စက်ရုံ ( HONG MIAO Garment Co.,Ltd.) ပိတ်သိမ်းမှုကြောင့် လုပ်ခလစာရရှိဖို့အတွက် အလုပ်သမား ၃၀၀ ဝန်းကျင် စက်ရုံမှာ ညအိပ်စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ အလုပ်သမားတွေအနေနဲ့ စက်တင်ဘာ လုပ်ခလစာရဖို့နဲ့ စက်ရုံပိတ်သိမ်းနစ်နာကြေး ရရှိဖို့ စက်ရုံက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်အထိ ပြေလည်မှုမရရှိသေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ “သူတို့က ၂၆ ရက်နေ့မှာ စက်ရုံကို notice ကပ်လိုက်တယ်။ ၂၉ ရက်နေ့ကျမှ စက်ရုံက ပိတ်သွားပြီဆိုပြီးပြောတာ။ အဲ့ကြားထဲမှာ ကျွန်တော်တို့က အလုပ် လုပ်နေတုန်းပဲ။ အထည်တွေလည်းရှိတယ်၊ ချုပ်နေတုန်း တန်းလန်းကြီး။ ၂၆ ရက်နေ့မှာ သဋ္ဌေးက အစည်းအဝေးခေါ်တယ်၊…
Read More