ဘန်ကောက်မြို့လယ် Siam Paragon ကုန်တိုက် သေနတ်ပစ်ခတ်မှု မြန်မာတယောက်အပါအဝင် နှစ်ယောက်သေဆုံး ၊ ငါးယောက်ဒဏ်ရာရ

ဘန်ကောက်၊ အောက်တိုဘာ -၃
မျိုးဆက်(VOM)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ အဆင့်မြင့်ကုန်တိုက်တခုမှာ ဒီနေ့ညနေကပစ်ခတ်မှုဖြစ်ပွားပြီးနောက် အသက် ၁၄ နှစ်အရွယ် လူငယ်တဦးကို ဖမ်းဆီးလိုက်ပါတယ်။
Siam Paragon ကုန်တိုက်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း လူသုံးယောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ကနဦးမှာ ပြောကြားခဲ့ ပေမယ့် နောက်ပိုင်းမှာလူ နှစ် ယောက်သေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။
သေဆုံးသူများဟာ တရုတ်နဲ့ မြန်မာနိုင်ငံသားတွေဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီး အခြားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
သံသယရှိသူဟာ ကုန်တိုက်နဲ့ မနီးမဝေးရှိ ကျောင်းတကျောင်းမှ ကျောင်းသားတဦးဖြစ်ကြောင်း သိရပါတယ်။။ သူ့ရဲ့ ရည်ရွယ်ချက်ကို မသိရ သေးပါဘူး။
Siam Paragon ကုန်တိုက်ဟာ ဘန်ကောက်မြို့လယ်မှာတည်ရှိပြီး လာရောက်လည်ပတ်မှု အများဆုံးနေရာများထဲမှ တခုဖြစ်ပြီး ဒေသခံများနှင့် ခရီးသွားများကြား ရေပန်းစားပါတယ်။
Ref:BBC
Photo:AP

Related posts

✕
VOM News

FREE
VIEW