ကနေဒါ သံတမန် (၄၀) ကို နှင်ထုတ်ဖို့ အိန္ဒိယ စီစဉ်နေ

ဒေလီ၊ အောက်တိုဘာ-၄-၂၀၂၃
မျိုးဆက်(VOM)
အိန္ဒိယနဲ့ ကနေဒါနိုင်ငံတို့အကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ အိန္ဒိယရှိ ကနေဒါသံတမန် ၄၀ ကို ပြန်လည်ရုပ်သိမ်းဖို့ အိန္ဒိယက ကနေဒါကို တောင်းဆိုထားကြောင်း သိရပါတယ်။
အိန္ဒိယနိုင်ငံမှာ အောက်တိုဘာ ၁၀ ရက်အလွန်ထိ နေထိုင်တဲ့ ကနေဒါသံတမန်တွေဟာ သူတို့ရဲ့ သံတမန်ရေးရာ အခွင့်အရေးတွေ ဆုံးရှုံးမှာဖြစ်ကြောင်း ဖိုင်နယ်ရှယ်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။
ကနေဒါမြေပေါ်မှာ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်တယောက် အသတ်ခံရမှုမှာ အိန္ဒိယနိုင်ငံပါဝင်ပတ်သက်နေကြောင်း လွန်ခဲ့တဲ့လမှာ ကနေဒါက ပြောဆိုခဲ့ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။
အိန္ဒိယနဲ့ မတူကွဲပြားမှုများကို အရှိန်မြှင့်ဖို့ ကြိုးစားမှာမဟုတ်ကြောင်း၊ အိန္ဒိယအစိုးရနွံှ တာဝန်သိသိ အပြုသဘောဆောင်ဆက်ဆံသွားမှာဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးက ထုတ်ဖော်ပြောဆိုထားပါတယ်။
ဆစ်ဒ်ခွဲထွက်ရေးခေါင်းဆောင် ဟာဒိဆင့်ဂျ်နစ်ဂျာဟာ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်ရှိ ဘုရားကျောင်းပြင်ပမှာ မျက်နှာဖုံးစွပ်သေနတ်သမားနှစ်ဦးရဲ့ ပစ်ခတ်မှုကြောင့်ဇွန် ၁၈ရက်မှာ သေဆုံးခဲ့ပါတယ်။
ဆစ်ခွဲထွက်ရေးလှုပ်ရှားမှုတွေကို အကြမ်းဖက်လှုပ်ရှားမှုအဖြစ် အိန္ဒိယအစိုးရက ၂၀၂၀ ခုနှစ်မှာ ကြေညာထားပါတယ်။
Ref: BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW