အရှေ့ဘက်ကုန်းမြင့်ဒေသနေ ဓနုတွေရဲ့ ရိုးရာလက်မှုလုပ်ငန်း (သို့မဟုတ်) ဝါးခမောက်ချုပ်လုပ်ငန်း

မတ် ၁၉၊ ၂၀၂၅ ဖိုးသား(VOM) ဓနုတွေရဲ့ ရိုးရာလက်မှုလုပ်ငန်း (သို့မဟုတ်) ဝါးခမောက်ချုပ်လုပ်ငန်းကို လွန်ခဲ့တဲ့နှစ် (၁၀၀) ကျော်ဝန်းကျင်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သရက်ကုန်းရွာ မြောက်ခြမ်းမှ ဓနုအမျိုးသားကြီးတယောက်က ဝါးခမောက်ကို စတင်တီထွင် ချုပ်လုပ်ခဲ့ပါတယ်။ စတင်ချုပ်လုပ်စဉ်က ဝါးခြမ်းများကိုသာ အသုံးပြုခဲ့ပြီး ဝါးနှီးဖြင့်တွယ်ကာ ချုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်း လုပ်တဲ့အခါနဲ့ အပြင်ထွက်သွားလာတဲ့အခါ နေပူဒဏ်၊ မိုးစိုဒဏ်ကို ကာကွယ်နိုင်ရန် ရည်ရွယ်ချက်နဲ့ ဒေသတွင်း အသုံးပြုရန် ဖန်တီးချုပ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အသုံးပြုရအဆင်ပြေလာတာကြောင့် လူသိများလာပြီး စီးပွားဖြစ်ချုပ်လုပ်သူ များပြားလာကာ ဒေသခံတွေအတွက်သာမက အခြားဒေသတွေကပါ ဝယ်ယူလာခြင်းကြောင့် အိမ်တွင်းလက်မှုစီးပွားရေးလုပ်ငန်းအဖြစ် တည်ရှိလာပြီး ခမောက်ချုပ်လုပ်တဲ့လုပ်ငန်း ကျယ်ပြန့်လာပါတယ်။ လက်ရှိအချိန်မှာတော့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာမှာ အများဆုံး ဆောင်းလေ့ ရှိကြပါတယ်။ နောက်ပိုင်းမှာ ခမောက်ကို ဝါးခြမ်းနဲ့မဟုတ်ဘဲ ဝါးကပ်တွေနဲ့ ချုပ်လုပ်လာပြီး ပိုမိုလှပ…

Read More

နှုတ်ဆက်သင်္ကြန်ညချမ်းများ

    ဆူးငှက်   စင်စစ်မန္တလေးသင်္ကြန်ဟူသည်ကား ဂီတပွဲတော်ကြီးတစ်ရပ်ဖြစ်ခဲ့သည်။ မြန်မာ့ရိုးရာ မှန်စီရွှေချ၊ ပဉ္စရူပပတ်မထမ်း ဆိုင်းဝိုင်းကြီးများ ဖြင့် မြန်မာ့ဂီတ၊ မြန်မာ့အကကို ပုံအောကွန့်မြူးသည့် ပွဲတော်ကြီးလည်းဖြစ်၏။ ထို့ပြင် တစ်ဝ အယုတ်အလတ်အမြတ်မရွေးကိုယ့်ရင်ထဲရှိသမျှ အနုပညာကို စိတ်ရောကိုယ်ပါ ဖော်ထုတ်ပြ၊ ဖော်ထုတ်ခွင့်ရှိသည့် ပွဲတော်ကြီးလည်းဖြစ်သည်။   ‘ မိုး မိုး …မိုး …. လား မောင်ရို့ ….၊ လေလေ …. လေ… လား …. မောင်ရို့…. ဘုန်းတော်ကြီးလို့ သက်တော်ရှည် …. တို့တစ်တွေ …. ရေချမ်းအိုးကြီး ….’ ဟူသော ရင်ထဲရှိသည့် စေတနာကို လှစ်ဟသည့်အသံမှ အစပြု၍ …   ‘ဥပုသ်သည်ကို ရေမပက်နဲ့ ၊ ငရဲကြီးလိမ့်မယ်….၊ ခွက်စုတ်ကြီးနဲ့ ပက်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့…

Read More

ငြိမ်းချမ်းရေးနှင့်ပြည်ထောင်စုသင်္ကြန်

    ဆူးငှက်   ”ဂြီသက္ကရာဇ် တစ်ထောင်သုံးရာကိုးခု နှစ်ပြာသိုလဆုတ်ကိုးရက်တနင်္ဂ နွေနေ့အား ငါတို့မြန်မာပြည်လုံး ဝ လွတ်လပ်က အချုပ်အချာအာဏာ ပိုင် ပြည်ထောင်စုသမက မြန်မာနိုင် ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း”   ဤသို့ လွတ်လပ်ရေးကြေညာအပြီး တစ်နှစ်ကျော်အကြာ ၁၉၄၉ ခု မတ်လ ၁၁ ရက် ညနေ ၃ နာရီအချိန်မှာပင် ပြည်တွင်းစစ်ကြောင့် မန္တလေးသည် တိုင်းရင်းသားလက်နက်ကိုင်ကေအင်ဒီအိုတပ်များအောက်သို့ ကျရောက်ခဲ့ရသည်။ တစ်ပြည်လုံးအတိုင်းအတာအရလည်း ပြည်တွင်းစစ်မီးကတောက်လောင်နေ၏။ မန္တလေးမြို့၏ အုပ်ချုပ်ရေးရုံးအချို့၊ စစ်ကိုင်းသို့ ဆုတ်ခွာရုံးထိုင်ကြရသည်။ ဗိုလ်မှူးကြင်ဦးစီးသော မန္တလေးအခြေစိုက်အစိုးရတပ်ပေါင်းစုက စစ်ကိုင်းတွင်အင်အားပြန်လည်စုစည်းပြီး မန္တလေးမြို့သိမ်းတိုက်ပွဲဆင်နွှဲရပြန်သည်။ ၁၉၄၉ ခု ဧပြီ (၆)ရက်နေ့တွင် မန္တလေးကို ပြန်လည်ရရှိခဲ့သည်။   ဗိုလ်မှူးကြင်၊ ဗိုလ်မှူးအေးမောင်၊ ဗိုလ်မှူးထွန်းစိန်အစရှိသော တပ်မှူးများဦးဆောင်သည့် တပ်ပေါင်းစုက မန္တလေးကို ပြန်လည်အုပ်စီး ခဲ့သည်။ မြို့သိမ်းတပ်၏ရှေ့တန်းကွပ်ကဲရုံးက လက်ဆည်ကန်အရပ်ရှိ…

Read More

အေးအေးချမ်းချမ်း၊ ရွှေမန်းတောင်ရိပ်ခို …. သင်္ကြန်

      ဆူးငှက်   မန္တလေးသင်္ကြန်၌ ခြေကျင် (သို့မဟုတ်) စက်ဘီးကိုယ်စီနှင့် မြို့မနောက်တကောက်ကောက်လိုက်လိုလိုက် …။ ချစ်ပန်းနွယ်တို့ ရွှေမန်းမေတို့ရှေ့တွင် မော့လိုမော့ ….။ ဗိုလ်သခင်ဆရာတို့၊ ဒိုးဒိုးဒေါက်ဒေါက်တို့၊ ဒဿဂီရိတို့လို သံချပ်အသင်းတွေဘေးငေးလိုငေးနှင့် သင်္ကြန်မရောက်ခင် တီးလုံးတိုက်ကြကတည်းက ရင်ခုန်၊ သင်္ကြန်တွင်း ၄ ရက်လုံးမမောမပန်းလည်ပတ်၊ သင်္ကြန်ပြီးတော့ လွမ်းလွမ်း ဆွေးဆွေးနှင့် နှမြောတသပြီ၊ နောက်နှစ်သင်္ကြန်ရောက်ဖို့ ၃၆၄ ရက်ပဲလိုတော့တယ်ဟု အသစ်တစ်ဖန်ပြန်လည်မျှော်လင့်ခဲ့ကြရသော ကျွန်တော်တို့မိတ်ဆွေများသည် ၁၉၈ဝ ဝန်းကျင်မှာတော့ အသီးသီးအသက၊ အသက ၊ မန္တလေးက ခွဲခွာသွားကြရသည်။ အသက် ၂ဝ နှင့် ၃ဝ အတွင်းတွေဆိုတော့လည်း ယုံကြည်ရာ၊ တာဝန်ရှိရာ၊ ရေကြည်ရာမြက်နုရာတွေဆီ ထွက်ခွာသွားကြသည့်သဘောဖြစ်သည်။     ဤသို့ဖြင့် ၁ဝ နှစ်၊ အနှစ် ၂ဝ။ ထို့နောက် ၂၅ နှစ်…..။…

Read More

ပြည်တော်ဝင်သင်္ကြန်

    ဆူးငှက် ” မန်းသူနွဲ့မူ နုယဉ်ယဉ်တွေလန်းပါစေ …. ခါရေလောင်း ညှာကြွေပြောင်းပေါ့ ခင်ရယ်၊ အေးစေတော့ဆိုလောင်းတဲ့ စိတ်ရင်းပင် ….၊ အဟုတ်ပ နှမလေးအသွင်… အလှဘုရင်တွေ သူတို့ကိုယ်တိုင်လောင်းကြမှာမို့ မငြင်းသာပြီဘု ရွှေမန်းမြို့မမောင်တို့သင်္ကြန်တော်တွင် ….”   နိုင်ငံရေးဒီရေအမြင့်ဆုံး ၁၃ဝဝ ပြည့်နှစ် (၁၉၃၉ ခုနှစ်)သင်္ကြန်တွင်လည်း အမြော်အမြင်ရှိသော မြို့မိမြို့ဖများနှင့် ပညာရှင်များ ကိုယ်တိုင်  ကိုယ့်ခြေကိုယ့်လက်ဦးစီးဆောင်ရွက်ခဲ့ကြခြင်းဖြင့် မန္တလေး၏အထင်ကရကျုံး၊ မြို့ရိုး၊ ပြာသာဒ်များရှေ့မှစတင်ကာ မဟာမုနိ ဘုရားကြီးသို့ ဦးခိုက်ကန်တော့ခြင်းဖြင့် သင်္ကြန်ပွဲတော်ကို ဖွင့်လှစ်ခဲ့ကြသည်။ ကိုယ့်ရေ၊ ကိုယ့်မြေတွင် ကိုယ့်အရှင်၊ ကိုယ့်သခင်နှင့် ကိုယ့် ဘာသာ၊ ကိုယ့်သာသနာအပေါ် အမွန်အမြတ် အလေးထားသည့် ဝံသာနုစိတ်ဓာတ်ကို ထင်ရှားစေခဲ့သည့်သာဓကတစ်ခုဖြစ်သည်။   ဘာသာတရားကိုင်းရှိုင်းသော၊ ဒိုးတူဘောင်ဘက်လက်ရည်တပြင်တည်းစိတ်ဖြင့် ညီညွတ်ချစ်ခင်သော၊ ခိုင်မာခံ့ထည်သည့် ရိုးရာ ယဉ်ကျေးမှုအမွေကို ခုံမင်မက်မောသော၊ တင်းတိမ်ရောင့်ရဲသည့်စိတ်ဓာတ်ဖြင့် ကိုယ်ချင်းစာတရားပြည့်ဝသော…

Read More

နှစ်ဦးဂီတလက်ဆောင်

    ဆူးငှက်   “သင်္ကြန်လေညင်းလုလင် မြူးရွှင်တော့လေ … ပိတောက်တွေထုံတဲ့ဝတ်မှုံ ဝတ်ဆံကြားတွေ … ဝတ်ရည်ဆွတ်ဖျန်းလို့သာ … ဖြတ်သန်းကာ .. ကြိုင်လန်းစွာ … ငွေငန်းကို ကြိုလာပါတော့တယ်လေ … ဘယ်သူတွေ … ထိုလေပြေကိုစေ .. ဟောဒီရေနန်းဗိမာန် … ငွေငန်းဓိဋ္ဌာန်ရောက်ပြန်ပြီလေ .. နှစ်ဦးဂီတလက်ဆောင် … ပျော်အောင်လေ .. တာဝန်ကျေ လှပေါင်းခတဲ့တို့မေ … လှပေါင်းခတဲ့ တို့မေ … လောင်းမှာလား .. သင်္ကြန်ရေ .. ရွှဲအောင်လောင်းမေ မာပါစေ ..””   ဆောင်းနှင်းပါးပါးလွင့်စ …၊ တောင်လေပြည်ဖြူးဖြူးတွင် ရွက်ဝါတွေ ဖွေ့ဖွေ့ကြွေသည်နှင့် သင်္ကြန်ရနံ့လေးကို လှိုက်ခနဲသတိရလိုက်ကြသည်။ အခုမှ တပေါင်းလပင်မပြည့်သေးဟု မည်သူက ဆိုစေကာမူ ဆောင်းပုံရိပ်ထူထူတွင် နွေပုံရိပ်ပါးပါးလေးဝင်လာကတည်းက သင်္ကြန်ရနံ့သည် လူတိုင်းရင်ထဲ…

Read More

ဆင်မြဲမြန်းကာ လှတဲ့မေ

  ဆူးငှက်   ပျော်ခင်းလေးသာပါဘိတယ် အတိတ်ကောင်းယူမယ် နှစ်ဦး…..သင်္ကြန်တော်ဝယ်……”   သင်္ကြန်အကြိုနေ့၏ နေဝင်ရီတရောညနေချမ်းဆည်းဆာနေလုံးသည် ကျုံးပြာသာဒ်ကြား တွဲလွဲခိုနေ၏။ နေလုံးပတ္တမြားနီနီက ပြာသာဒ်တတိယဘုံ၏ ဒုယင်အစွန်းနှင့် ထိခိုက်မိ၍ ဖြာကျလာသော ပတ္တမြားရည်များကား ကျုံးရေပြင် တွင် ပြန့်ကျဲသွားသည်။ ဟိုတစ်စ သည်တစ်စအနီ…..။   သင်္ကြန်ဖွင့်ပွဲကအပြန် အတောမသတ်နိုင်ဘဲ တီးမှုတ်သွားသော မြို့မငွေငန်းယာဉ်က နေလုံးနောက်ခံတွင် တရွေ့ရွေ့ထွက်ခွာသွား သည်။ ပလပ်စတစ်ပန်းကုံးစွပ်၊ ဆင်တူဝတ်စုံဝတ်ကျောင်းသူကလေးများလည်း အသင့်ကြိုစောင့်နေသော ဘတ်စ်ကားတွေပေါ်အလုအယက် တက်နေကြ၏။ ဘီလမ်းမကြီးပေါ်တွင် အရာအားလုံးမှာ ဆောင့်ကန်တက်လာသော မီးသတ်ပိုက်ရေလုံးဖြင့် နစ်မွန်းလုလု….။ ‘ရွှေမန်းတောင်ရိပ်ခို’ သီချင်းမှ တီးလုံးသံ ကားပါး၍ပါး၍ဝေး၍ဝေး၍သွားခြင်းနှင့်အတူ ဗေ့စ်သံခပ်ပြင်းပြင်း၊ ဒရမ်ရိုက်ချက်ပြင်းပြင်းဖြင့် အသံအရှိန်ပြင်းပြင်း ပေါင်းများစွာကား ရေသေးရေမွှား….၊ ရေလုံးရေဖွားများနှင့်အတူ မဏ္ဍပ်တိုင်းမှအသံကုန်ထွက်လာကြ၏။ မဏ္ဍပ်ပေါ်မှာလည်း စည်းချက်နှင့် အပြိုင်၊ လမ်းပေါ်မှာလည်း စည်းချက်နှင့်လှိုင်းကြီးတစ်ခုလို ခုန်ပေါက်ကုန်ကြပြီ။ ထိန်းသိမ်းကျပ်စည်းထားခြင်းမှာ ကင်းလွတ်ကုန်သော လွတ်လပ်သည့်…

Read More

ပျောက်ကွယ်လှနီးပါး ဖြစ်လာနေတဲ့ ထနော့တိုင်းရင်းသားတွေ

မတ်-၁၀-၂၀၂၅ ဖိုးသား (VOM) ထနော့လူမျိုးတွေဟာ မွန်-ခမာအုပ်စုတွင် ပါဝင်ပြီး “ဝ-ပလောင်”အုပ်စုခွဲ သုံးမျိုးထဲမှ ရှမ်းပလောင် သွေးနှောတဲ့လူမျိုးလို့ ပညာရှင်တွေက ယူဆကြပါတယ်။ သူတို့ဟာ ရှမ်းပြည်နယ် တဝန်းမှာ မွန်-ခမာမျိုးနွယ်တို့ အခြေစိုက်နေထိုင်ကြရာကနေ ရှမ်း-မြန်မာတို့ ဝင်ရောက်သိမ်းပိုက်မှုကြောင့် တောင်အရပ်ဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်းကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့ မွန်လူမျိုးတွေနဲ့ ကွဲပြားပြီး ရှမ်းပြည်နယ်တဝန်း ကြွင်းကျန်ရစ်တဲ့ လူမျိုးစုဖြစ်တယ်လို့ ဆိုကြပါတယ်။ “ထနော့”လူမျိုးတို့က လက်ရှိအချိန်မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်ရှိ တောင်ပို့လှ၊ ချောင်းခြားနဲ့ သအယ်သစ် ကျေးရွာတို့မှာ အများဆုံးနေထိုင်ကြပြီး တောင်ကြီးမြို့နယ်၊ အေးသာယာမြို့အနီး နောင်အင်ရွာမှာလည်း အများဆုံး ပြောင်းရွေ့နေထိုင်ကြပါတယ်။ ဘုရားဦးရွာ၊ ထုံးဖိုရွာ၊ သစ်ပင်ထောင်ရွာ၊ ဘန့်ဘုန်းရွာ၊ သိမ်ကုန်းရွာ၊ ရွာသစ်ကုန်းရွာတို့မှာလည်း အနည်းငယ် ပျံ့နှံ့နေထိုင်ကြပြီး တောင်ပို့လှနဲ့ သအယ်သစ်ရွာတို့ကသာ “ထနော့”လူမျိုးတွေ သီးသန့်နေထိုင်တဲ့ ရွာအဖြစ် ကျန်ရှိပါတော့ပါတယ်။ ကျန်ရွာတွေမှာတော့ ပအိုဝ်း၊ တောင်ရိုး၊ ဓနုတိုင်းရင်းသားလူမျိုးတွေနဲ့…

Read More

ဆိုက်ကားက ဓာတ်ရထားကို နလံမထူအောင် တိုက်ခဲ့ပုံ

    ဆူးငှက်   ကုန်လွန်ခဲ့သော နှစ်ပေါင်း၈၀ကျော်ကာလ မန္တလေးမြို့ ၂၆ဘီ အာဇာနည်လမ်း မြောက်ဘက် ရွှေတချောင်းမြောင်း ကမ်းအရှေ့ဘက်က တစ်ထပ်တိုက် “ဘူတာလေး” ကတော့ မန်္တလေးမြောက်ဘက် ရှိ မတ်္တရာမြို့လေးသို့ ပြေးဆွဲသော တစ်စင်းတည်းရှိ မီးရထားလေးတစ်စင်းတည်းသာ ဆိုက်ကပ်ထွက်ခွာရာ ဘူတာလေးပဲဖြစ်၏။ မီးရထားသံလမ်းက လည်း ပုံမှန်လမ်းများထက်သေးသည်။ မီးရထားတွဲဆိုင်းများကလည်း သေးသည်။ ထို့ကြောင့် ရေနွေးငွေ့စက်ခေါင်းကလည်း ခပ်သေးသေးလေးဖြစ် သည်တဲ့ …။ အိန္ဒိယသား ကုလားသူဋ္ဌေး “မနာဂျီ” ပိုင်ဆိုင်သော မီးရထားလေးမို့ … မြန်မာအသံထွက်နှင့် “မနှင်းဆီ” ဟုပဲခေါ်ကာ … “မနှင်းဆီမီးရထား” ဟုပဲ အများစုက သိရှိကြသည်။ မနှင်းဆီရထားက ရွှေတချောင်းမြောင်းအတိုင်း မြောက်သို့ မတ္တရာအထိ ခေါက်ပြန်ပြေးဆွဲသတဲ့။ ဈေးချိုနှင့် ရွှေတချောင်းကလည်းခွဲခြားလို့မရ။ ဘိုးတော်ဘုရား လက်ထက်က တူးဖော်ခဲ့သော ရွှေတချောင်းက စိုက်ပျိုးရေအတွက်သာမက မတ္တရာ…

Read More

သင်းပင်းတွေ မကွဲပြဲကြဖို့

ဆူးငှက် လွန်ခဲ့သော ၁၉၉၆ခုနှစ် မေလ ၁၁ရက်နေ့က မန္တလေးမလွန်ရပ်မှာရှိတဲ့ ပရိယတ္တိသာသနဟိတအသင်းကြီးရဲ့ သာသနာ့ဗိမာန်တော်ကြီးမှာ အသင်းတော်ကြီး အနှစ်၁၀၀ပြည့် ပွဲတော်အတွက် ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများထံက သြဝါဒခံယူပွဲ ကျင်းပတယ်။ ဝါဆိုဆရာတော်ကြီး၊ မြတောင်ဆရာတော်ကြီး၊ ဗန်းမော်ဆရာတော်ကြီးစတဲ့ ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြတယ်။ ဒီပွဲမှာသတင်းစာဆရာ၊ စာရေးဆရာမကြီး ဒေါ်ဒေါ်လူထုဒေါ်အမာလည်း တက်ရောက်ပြီး ဆရာတော်ကြီးများကို လျှောက်ထားတဲ့ အခါ ထူးထူးခြားခြားမှတ်မိတဲ့ အချက်လေးရှိတယ်။ ဒေါ်ဒေါ်က ပရိယတ္တိသာသနဟိတ အသင်းကြီးရှိလို့ ဆဋ္ဌသင်္ဂါယနာတင်နိုင်တာ၊ အထူးသဖြင့် ဒီအသင်းကြီးလို၊ မလွန်ဈေးဆန်လှူအသင်းကြီးလို သက်တမ်း၁၀၀တိုင် ခိုင်ခိုင်မာမာတည်တံ့နေတာ မန္တလေးမြို့အတွက် ဂုဏ်ယူစရာဖြစ်တယ်။ နှစ်၁၀၀တိုင် ငွေရေးကြေးရေးအရှုပ်အထွေး၊ လူမှုရေးအရှုပ်အထွေး။ ရာထူးရာခံအရှုပ်အထွေးမရှိခဲ့ပါဘူးဆိုတဲ့ အချက်ပါ။ ဒေါ်ဒေါ်လျောက်ထားတဲ့ အချက်ကို ဆရာတော်ကြီးများက သဘောကျတယ်။ “ပရိယတ္တိသည် ဗုဒ္ဓမည်၊ စွမ်းရည်သာသနာ”ဆိုပြီးသာဓုခေါ်ကြတယ်။ ဒေါ်ဒေါ်ပြောမှပဲ သတိထားမိတယ်။ ဟုတ်တာပေါ့ မန္တလေးမှာ အနှစ်ရာပြည့်ကျော်၊ ရာပြည့် စတဲ့ အသင်းတွေ…

Read More
VOM News

FREE
VIEW