၂၀၂၃ ခုနှစ် မြန်မာ့စီးပွားရေး လည်ပြန် (၁)

    SN (VOM) ဒီဇင်ဘာ-၃၀-၂၀၂၃ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေ ပြန်လည် နာလန်ထူလာနိုင်ဖို့ အဟန့်အတားဖြစ်စေခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်မှာ ပြည်တွင်းပဋိပက္ခတွေနဲ့အတူ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ အရင်နှစ်တွေကလိုပဲ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ၊ သယ်ယူပို့ဆောင်ရေးနဲ့ ဘဏ္ဍာရေးကဏ္ဍ အခက်အခဲတွေဟာ အခု ၂၀၂၃ ခုနှစ်မှာလည်း ဆက်လက် တည်ရှိနေခဲ့ပါတယ်။ ။ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာတာ၊ သွင်းအားစု ပြတ်တောက်တာ၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာတာတွေကြောင့် ပြည်ပသွင်းကုန်သွင်းအားစု အမျိုးအစားအားလုံး ဈေးမြင့်တက်လျက်ရှိကာ အမြတ်အစွန်း နည်းပါးမှုက ထပ်မံ ဖိစီးနေဆဲပါ။ မြန်မာ့စီးပွားရေးဟာ ၂၀၂၄ ခုနှစ်၊ မတ်လမှာကုန်ဆုံးမယ့် ဘဏ္ဍာနှစ်မှာ တနှစ်အတွင်း ၁ ရာခိုင်နှုန်းသာ တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က ထုတ်ပြန်တဲ့ “ပဋိပက္ခကြားမှ စိန်ခေါ်မှုများ” လို့ အမည်ပေးထားတဲ့…

Read More

မြေဆီ မြေကောင်းနှင့် ပန်းပေါင်းတစ်ရာ

    ဆူးငှက်     ကုန်လွန်ခဲ့သော ဆယ်စုနှစ် လေးစုကျော် ကာလများက ဝါဆိုလပြည့်ကျော်သည့်နောက်  မန္တလေးမြို့လယ်ခေါင် က ဝါးကပ်မိုးထရံကာ၊ သက်ကယ်မိုး ထရံကာ ဇာတ်ရုံကြီးများလည်း အလျှိုအလျှို ပေါ်ပေါက်လာခဲ့၏။ တရုတ်တန်း လမ်း၈၀ ပေါ်  ၃၁လမ်းနှင့် ၃၂လမ်းကြား (ယခု ကြည်တင်ဟိုတယ်နေရာ) မှာ တစ်ရုံ၊ ၇၈လမ်း မျက်ပါးရပ်မှာ မာလာရွှေစင်အမည်ဖြင့်တစ်ရုံ၊ မြောက်ပြင် ၁၅လမ်း ထီးရိုးဝင်းမှာ တစ်ရုံ၊ ဒေးဝန်း ၃၅လမ်းမှာ မြသီတာအမည်ဖြင့် တစ်ရုံ၊ အောင်မြေသာဇံ မိုးဗြဲကွင်းမှာ တစ်ရုံ၊ ဘုရားကြီး လေးဆယ့်ငါးတာမှာ နှစ်ရုံပြိုင်။ဇာတ်ရုံကြီးများကလည်း ဧရာမ အကြီးကြီးတွေ။ အရှည်ကပင် ဆယ့်ငါးပေခန်း အခန်းနှစ်ဆယ် နီးပါးရှိမည်။ အကျယ်ကခြောက်ခန်း၊ ခုနစ်ခန်း။ ဇာတ်ရုံကြီးတွေက တချို့ ဝါးကပ်မိုး၊ တချို့ သက်ကယ်မိုး ထားပြီး  ဝါးထရံများဖြင့် ပတ်ပတ်လည်…

Read More

မြင့်တက်နေတဲ့ ကုန်ဈေးနှုန်း၊ ဝင်ငွေထွက်ငွေနဲ့ အခြေခံလူတန်းစားတို့ အခက်အခဲ

  ဒီဇင်ဘာ-၂၃-၂၀၂၃ SN (VOM) လက်ထဲကပိုက်ဆံ တသောင်းတန် တရွက်ကိုကြည့်ပြီး မအိခိုင်တယောက် တွေဝေနေပါတယ်။ ဈေးထဲမှာ ရှေ့နောက် လျှောက်နေရင်း ဒီပိုက်ဆံနဲ့ ဘယ်လိုလောက်ငှအောင် ဝယ်ခြမ်းရမလဲ ဆိုတာက မအိခိုင်တို့လို အိမ်ရှင်မတွေအတွက် တနေ့တနေ့ ခေါင်းပူအောင် စဉ်းစားရတဲ့ကိစ္စတခုပါ။ အရင်ကတော့ ဈေးဖိုးသုံးဖို့ ဒီ ပိုက်ဆံတသောင်းလောက်နဲ့တင် မအိခိုင်အတွက် အဆင်ပြေခဲ့တာပါ။ ဒါပေမယ့် လက်ရှိ ကုန်ဈေးနှုန်းအရတော့ လက်ထဲရှိတဲ့ ပိုက်ဆံတသောင်းက မအိခိုင်ကို လှောင်ပြောင်နေသလိုပါ။ “အရင်တော့ ဈေးဝယ်ဖို့ ပိုက်ဆံက ဒီ တသောင်းလောက်နဲ့ အဆင်ပြေတယ်။ အခုတော့ အသားငါး ဈေးတွေတင်မကဘူး။ ဟင်းရွက်ဈေးတွေရော အစစအရာရာ အကုန်တက်နေတော့ လက်ထဲရှိတဲ့ ပိုက်ဆံတောင် မလောက်ချင်ဘူး” လို့ ‌မအိခိုင်က ခပ်ညည်းညည်းလေး ပြောရှာပါတယ်။ အတက်အကျ အနိမ့်အမြင့်ရှိတဲ့ အထွေထွေကုန်ဈေးနှုန်းဟာ သုံးနှစ်နီးပါးကာလအတွင်း အတက်ကြမ်းနေပြီး လှည်းနေ၊ လှေအောင်း၊…

Read More

ပင်လယ်နီဒေသမှာ ဟူသီတို့ရဲ့တိုက်ခိုက်မှုကြောင့် ထိခိုက်လာနိုင်တဲ့ ကမ္ဘာ့ကုန်သွယ်ရေး

  ဝါရှင်တန် ၊ ဒီဇင်ဘာ-၂၂- ၂၀၂၃ မျိုးဆက်(VOM) ယီမင်အခြေစိုက်တဲ့ ဟူသီသူပုန်တွေဟာ အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ပင်လယ်နီကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို တိုက်ခိုက်နေတာကြောင့် ကမ္ဘာ့အဓိက ကုန်သွယ်ရေး လမ်းကြောင်းကြီးကတဆင့် ရေနံ၊ ကောက်ပဲသီးနှံ၊ လူသုံးကုန်ပစ္စည်း စီးဆင်းမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပါတယ်။ ကနဦးမှာတော့ ဟူသီတို့ဟာ အစ္စရေးနဲ့ဆက်နွယ်တဲ့ ဦးတည်သွားတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားခဲ့ပေမယ့် ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၁၀ ရာခိုင်နှုန်းကျော်ရှိတဲ့ စူးအက်တူးမြောင်းကို ဦးတည်တဲ့ နော်ေ၀ လေယာဉ်ဆီတင်ဆောင်လာတဲ့ သင်္ဘောကို ပစ်မှတ်ထား တိုက်ခိုက်ခံရပြီးနောက်မှာ ကုန်သွယ်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေက ပိုမိုကြီးထွားလာခဲ့ပါတယ်။ #ပင်လယ်နီက ဘယ်လောက် အရေးပါလဲ ပင်လယ်နီဟာ မြောက်ဘက်စွန်းမှာ စူးအက်တူးမြောင်းရှိပြီး တောင်ဘက်စွန်းမှာတော့ အေဒင်ပင်လယ်ကွေ့ကိုဦးတည်နေတဲ့ ကျဉ်းမြောင်းတဲ့ ဘက်အီလ်မန်ဒက် ရေလက်ကြားရှိကာ အာရှနဲ့ ဥရောပအကြား ကုန်စည်ပို့ဆောင်ဖို့ စူးအက်တူးမြောင်းကို ဖြတ်သွားတဲ့ သင်္ဘောတွေနဲ့ စည်ကားတဲ့…

Read More

မီးစက်နှင့် မန္တလေး

    ဆူးငှက်       မြန်မာလူမျိုးတို့၏ အိမ်ခန်းဖွဲ့စည်းပုံတွင် အလင်းရောင်ကို ကဲလား တံခါးရွက်များဖြင့် ဖွင့်ယူသည့် စနစ်ဖြင့် အသုံးပြုကြသည်။ နေဝင်မိုးချုပ်လျှင် ကဲလားတံခါးချပ် ပိတ်လိုက် ရုံဖြင့် လုံခြုံမှုကိုရစေ၏။ ညဉ့်အချိန်၌ အိမ်ခန်းများအတွင်း၌ လင်းလင်းချင်းချင်း ရှိမှုကို များစွာ လိုလားပုံမရချေ။   ထို့အတူ မြို့တွင်းလမ်းများ၌လည်း ရေနံဆီသုံး တစ်ပင်တိုင် မီးအိမ်ကြီးများပဲ စိုက်ထူကာ လင်းချင်း စေခဲ့ခြင်းကလည်းပါတော်မူပြီး ခေတ်တိုင်အောင် ဖြစ်သည်။ သီပေါမင်း လက်ထက်က ‘မီးကြပ်အရာရှိ’ ဟူသော ရာထူးဖြင့် လမ်းမီးတိုင်များညစဉ်မီးထွန်းညှိရေး ဆောင်ရွက်သည့် တာဝန်ခံကို ခန့်အပ်ခဲ့သလို ပါတော်မူပြီးနောက်တွင် လမ်းမကြီးများပေါ်မှ မီးအိမ်များတွင်ညနေစောင်းသည်နှင့် ရေနံဆီလောင်စာ ဖြည့်တင်းခြင်း၊ မီးစာစစ်ဆေး လဲလှယ်ခြင်း၊ မီးထွန်းညှိခြင်း စသော အလုပ်များအတွက်ကြီးကြပ်ရသူကိုလည်း ‘မီးတိုင်အုပ်’ ဟု ရာထူးနာမည် မှည့်ခေါ် တာဝန်ပေး…

Read More

ပရိယတ္တိသာသနဟိတအသင်းကြီး အနှစ်၅၀မြောက် အထိမ်းအမှတ်ပွဲ

ဆူးငှက်     ကောဇာသက္ကရာဇ် ၁၂၂၁ခုနှစ်မှာ တည်ထောင်ခဲ့သော မန္တလေးသည် ဗုဒ္ဓသာသနာအရှိန်အဝါ ပိုမို ထွန်းလက်စေခဲ့ သောအသစ်ဖြစ်တည်မှု ဖြစ်ခဲ့ပါ၏။ အမရပူရမင်းနေပြည်မှ မန္တလေးရတနာပုံနေပြည်တော်သို့ ပြောင်းရွေ့စိုးစံသည့် အခါတွင် မူလ သာသနိကအဆောက်အဦးများအပြင် အသစ်အသစ်သောဘုရားကျောင်းကန်ပုထိုး၊ သာသနိက အဆောက်အဦးအသစ် များဖြင့် စည်ပင်စေခဲ့သည်။  အမရပူရမြို့တော်ဟောင်းမှ မူလကျောင်းတိုက်ကြီးများ အများအပြားလည်း မန္တလေး နေပြည်တော်သို့ ပြောင်းရွေ့ကြ၏။ မြို့ပြဗိသုကာအသစ်တွင်လည်း ဘုန်းတော်ကြီး ကျောင်းများကို စံနစ်တကျ နေရာချထား ပေးမှုများ ရှိခဲ့သည်။   မင်းတုန်းမင်းလက်ထက်တွင် မြို့တည်နန်းတည် ခုနစ်ဌာန၌ပင် မဟာလောကမာရဇိန် စေတီတော်၊ မဟာအတုလ ဝေယံကျောင်းတော်၊ သုဓမ္မာဇရပ်တော်၊ ပဋ္ဌာန်းဟောရွှေသိမ်တော် ဟူသော သာသနိကဌာနများက ခုနစ်ဌာနတွင် လေးဌာနမှာ နေရာယူထားခြင်းကလည်း ဘာသာသနာဖက် ပိုမိုတိမ်းညွှတ်အလေးသာစေခြင်း ပြယုဂ်ဖြစ်ခဲ့ပါ၏။ အဆိုပါခုနစ်ဌာနအတွင်းမှပိဋကတ်တိုက်တော်သည်လည်း မြတ်စွာဘုရား၏ ကျမ်းဂန်ဒေသနာများကိုပင် အဓိက စုဆောင်းထိန်းသိမ်း အထွဋ်အမြတ် ထားရာ…

Read More

စက်ဘီးတစ်စီးနှင့် သားအဖ ၃ယောက်

ဆူးငှက်     ကုန်လွန်ခဲ့သော ၁၉၉၀ခုနှစ်ဝန်းကျင် ကာလ ကျွန်တော့် သားနှစ်ယောက်ကို ချော့မော့ ထိန်းကျောင်းရသည့် ပျော်ရွှင်ရသည့် ကာလများဆီ အခုတလော သတိရမိနေသည်။ သားအကြီးနှင့် အငယ်က ၄နှစ်လောက်ခြားသည်။ အငယ်မမွေးမီ သားကြီးက အိမ်မှာ အဘိုးအဘွားနှင့် အဒေါ်များ၏ အချစ်တော် ဖြစ်သည်။ အိမ်မှာ သူ့ကို ထိန်းကျောင်း ဂရုစိုက်သူချည်း ဖြစ်သည်။အိမ်မှာ အိမ်သားများသာမက စာအုပ်အငှားဆိုင်လည်း ဖွင့်ထားသည်ပို့ စာအုပ်ငှား ဖောက်သည်များကလည်း ငယ်စဉ်ကမျက်နှာချိုသော သူ့ကို ချစ်ကြလို့ ရောက်သည်နှင့် ပွေ့ကြ ချီကြတော့သည်။ မျက်စောင်းထိုး နန်းခင်အေး၊ နန်းခင်မေညီအစ်မကဆိုလျှင် သူတို့အိမ်ပွေ့ခေါ်သွားပြီး အကောင်းစား မုန့်တွေ ကျွေးသည်။ ထို့အတူ ကန်ထရိုက်တာ ဝင်းထဲက မမာလာ မအေးအေးမြတ် ညီအစ်မကလည်း သူ့ကို မြင်သည်နှင့် ပွေ့ချီကာ လက်ပေါ်က မချတော့။ ထို့ကြောင့် သူက…

Read More

လူထုဦးလှ၊ ပေါ်ဦးသက် ဝင်းဖေ နှင့် ဟံသာဝတီဦးဝင်းတင်

ဆူးငှက်     မန္တလေးက ထုတ်ဝေခဲ့တဲ့ ပုဂ္ဂလိက လူထုသတင်းစာက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရဲ့စာပေဂုဏ်ဒြပ်တွေ လည်းဖြစ်တဲ့ အခြေခံလယ်သမားအလုပ်သမားအရေး၊ အမျိုးသားအရေး၊ စာပေယဉ်ကျေးမှု အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးစံတွေကိုကိုင်စွဲခဲ့တယ်။ လူထုသတင်းစာရဲ့ အယ်ဒီတာချုပ်များအဖြစ် ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှ၊ လူထုဒေါ်အမာတို့ ဖြစ်တယ်။လူထုသတင်းစာက အလုပ်သမား၊ လယ်သမားအရေး၊ အမျိုးသားရေး၊ စာပေယဉ်ကျေးမှုနဲ့ ငြိမ်းချမ်းရေးတွေကို ဆက်လက်သယ်ဆောင်ခဲ့ရင်း မြန်မာ့သတင်းစာ သမိုင်းမှာ “သိက္ခာရှိသောသတင်းစာ” အဖြစ် မဏ္ဍိုင်စိုက်ထူနိုင်ခဲ့တယ်။   အစဉ်အလာကြီးမားခဲ့တဲ့ လူထုသတင်းစာမှာ အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊ ဆောင်းပါးရှင် တွေ သာမကပန်းချီဆရာ ကာတွန်းဆရာ လူငယ်လေးတွေကိုလည်း သတင်းစာရဲ့မူဝါဒအပေါ် ယုံကြည်လက်ခံသူမှန်ရင် လွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ပေးပြီး မြေတောင်မြှောက်ပေးတယ်။ အထူးသဖြင့် လူထုသတင်းစာရဲ့ အခါကြီးရက်ကြီး တွေဆိုရင် ထူခြားဆန်းသစ်တဲ့ ပန်းချီကားမျက်နှာဖုံးတွေနဲ့ ထုတ်ဝေခဲ့တာ ပြောစမှတ်ဖြစ်လောက် အောင်ပါပဲ။ ဒီအထူးထုတ် သတင်းစာ က ပန်းချီဆရာတွေထဲမှာ…

Read More

တရားမင်လို့ ပုဂ္ဂိုလ်ခင်

  ဆူးငှက်     အထက်ဗမာ(မြန်မာ)နိုင်ငံ စာရေးဆရာအသင်းက နှစ်စဉ် နတ်တော်လဆန်း(၁)ရက်၊ စာဆိုတော်နေ့ အထိမ်းအမှတ်စာတမ်း ဖတ်ပွဲများကို မန္တလေးအနောက်ကျုံးလမ်း (လမ်း၈၀) ဓမ္မဗိမာန်မှာ နှစ်စဉ်မပျက် ကျင်းပခဲ့သည်။ အဆိုပါ စာတမ်းများကို စုစည်း၍ စာအုပ် အဖြစ် ပုံနှိပ်ထုတ်ဝေသည်။ ကျွန်တော်သည် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်မှတစ်ဆင့် လူထုဒေါ်အမာ၏ မြန်မာ့အနုပညာဆိုင်ရာ စာတမ်းများကို ရှာဖွေ ဖတ်ရှု ဖြစ်လာသည်။ စာဖတ်နာသော ဦးလေးများ၏ လမ်းညွှန်မှုဖြင့် “ဗမာသံတွေ ပျောက်ကုန် ပြီ” စာတမ်းကို ဖတ်ရှုဖြစ်ပြီးနောက် မြန်မာမှုသုခမဆိုင်ရာ အသိတွေ၊ စဉ်းစားတွေးခေါ်စရာတွေ ရှိလာသောအခါ လူထုဒေါ်အမာ၏ ဆောင်းပါးများ၊ စာတမ်းများကို ကိုယ့်ဘာသာ ရှာဖွေဖတ်ရှုဖြစ်လာ၏။     “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်နှင့်အတူ “ဗမာသံတွေ ပျောက်ကုန်ပြီ” စာတမ်းကို ဖတ်ရှုပြီးသည်နှင့်မန္တလေးနှင့်ပတ်သက်သော သုခုမဆိုင်ရာကိစ္စတွေ ထဲထဲဝင်ဝင်…

Read More

နေရှင်နယ်ကျောင်းသား အကောင်းစား

ဆူးငှက်     ၁၉၂၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေနဲ့ အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစံနစ်ကို မကြိုက်လို့ ဆန့်ကျင်ကြ သပိတ်မှောက်ကြတာနဲ့အတူ အမျိုးသားပညာရေး လှုပ်ရှားမှုကလည်း ပိုမို ထက်မြက် အားကောင်းလာပါတယ်။ အဲဒီလှုပ်ရှားမှုကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမျိုးသားကျောင်းတွေ အမျိုးသားကောလိပ်တွေ ယူနီဗာစီတီတွေ ဖွင့်လှစ်ကြဖို့ပါပဲ။ ရာသက်ပန်သပိတ်မှောက်ပြီး အစိုးရကျောင်းတွေမှာ ကျောင်းပြန် မတက်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ ကျောင်းသားကြီးတွေက အမျိုးသားကျောင်းတွေမှာ ဆရာအဖြစ် တာဝန်ယူခဲ့ကြတယ်။ ဒါကြောင့် မူလကရှိပြီး ဗုဒ္ဓဘာသာ ကျောင်းများနှင့် တိုင်းရင်းသားဘာသာသင် ကျောင်းတွေကို စုစည်းပြီး အမျိုးသားကျောင်းများအဖြစ် တစ်နိုင်ငံလုံး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။     တစ်နိုင်ငံလုံးက မြို့ကြီးတွေမှာအမျိုးသားကျောင်းတွေ ဖွင့်လှစ်ခဲ့တော့ နောင်တစ်ချိန် ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတိုင်းပြည် လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သူ အများစုဟာ အမျိုးသားကျောင်းထွက်တွေ ဖြစ်ကြပါတယ်။ ဥပမာအားဖြင့် အမျိုးသားခေါင်းဆောင်ကြီးနဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ရေနံချောင်းမြို့…

Read More
VOM News

FREE
VIEW