ချစ်သူနဲ့လမ်းခွဲလိုက်ရပြီဆိုတဲ့ သွန်းဆက်

ရန်ကုန် ဒီဇင်ဘာ ၂၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် သရုပ်ဆောင် သွန်းဆက်ကတော့ ၂၀၁၈ ခုနှစ်ကတော့ ကိုယ်နဲ့ သေသေချာ ချာတွဲလာတဲ့ ချစ်သူနဲ့လမ်းခွဲလိုက်ရတယ်ဆိုပါတယ်။ “၂၀၁၈ ကိုအရမ်းကို မုန်းတယ်။ သွန်းဆက် ငယ်ငယ်ထဲကစိတ်ညစ်စရာ သိပ်မရှိခဲ့ဘူး။ပေါ့ပေါ့ပါးပါး လေးပဲ အရာရာဖြတ်သန်းသွားဖြစ်တယ်။အဆင်ပြေတယ် စိတ်ဆင်းရဲစရာ သိပ်မရှိခဲ့ဘူး။ ၂၀၁၈ကတော့ တစ်ချိန်လုံး ငိုနေရတယ်။အမေ ကင်ဆာဖြစ်တယ်။ ချစ်သူနဲ့လက်ခွဲလိုက်ရတယ်။ ဒီနှစ်က UNLUCKY ပါပဲ “လို့ဆိုပါတယ်။ ၂၀၁၈ မှာတော့ မိခင်ဖြစ်သူ ကင်ဆာရောဂါဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းနနဲ့ အနည်းငယ်အဆက် အသွယ်ပြတ်ခဲ့တယ်လို့ သိရပါတယ်။ဝင်ငွေမရှိပဲ ထွက်ငွေများတဲ့နှစ်လို့လည်း ပြောလာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ပြန်လည်ရိုက်ကူးမယ်လို့ သိရပါတယ်။ ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ကလေးဆေးရုံတိုးချဲ့ဆောင်သစ်  သွေးနှင့်ကင်ဆာဌာနမှာ အလှူလုပ်ဖြစ်တာနဲ့ ပတ်သက်ပြီးတော့ “ကင်ဆာရောဂါဖြစ်တဲ့သူတွေ ဆေးတွေက လည်း အရမ်းပြင်းတော့ တော်တော်လေး…

Read More

ကျွန်တော်ပုံတွေ Share ပေးတဲ့ ကောင်မလေးတွေ အားလုံးကို အရမ်းချစ်ပါတယ်ဆိုတဲ့ “ဒေါင်း”

ရန်ကုန် ဒီဇင်ဘာ ၂၂-၂၀၁၈ သင်းသဒ္ဒါ(VOM) နှုတ်ခမ်းနီမလေးများ အသည်းကျော် ဒေါင်းကတော့ ကျွန်တော်ပုံတွေ Share ပေးတဲ့ ကောင်မလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကို အရမ်းချစ်ပါတယ်လို့ဆိုပါတယ်။ မိန်းကလေးပရိသတ်အများဆုံး ဒေါင်း၏ ဓာတ်ပုံအရမ်းကို Share တဲ့အပေါ်မှာ “ဓာတ်ပုံရိုက်ရင် ကင်မရာကို မကြည့်ဖြစ်ဖူး၊ ချစ်တဲ့ပရိသတ်တွေကို ရင်ထဲကကြည့်ပြီးတော့ ရိုက်ဖြစ်ပါတယ်၊ ဒီပရိသတ်တွေရှိလို့ ကျွန်တော် ကံကောင်းတယ်လို့ ယူဆပါတယ်၊နောက် ကျွန်တော်ကို ယုံကြည်စွာနဲ့အားပေးတဲ့အတွက်ပါ၊ အနုပညာပတ်သက်ပြီးတော့လည်း အများကြီး ကြိုးစားပါမယ်”လို့ဆိုပါတယ်။ လက်ရှိမှာတော့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလမှာ ရုံတင်မယ့် လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင်တွေဖြစ်တဲ့ နိုင်းနိုင်း၊ ၀တ်မှုန်ရွှေရည်နဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့နဲ့ အတူုပါဝင် သရုပ် ဆောင် ထားပါတယ်။ “ကျွန်တော် ဒီဇာတ်ကားမှာတော့ ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်၊ ဓာတ်ပုံအတွက်ဆိုရင် မရရအောင်လုပ်ဆောင် ကြည့်ချင်သူပေါ့၊မရိုက်ခင်မှာ ဒီဇာတ်ကောင်ကို အကောင်းဆုံး ကြိုးစားထားပါတယ်၊အံ့သြထိန့်လန့်စရာ သရဲကားလည်းဖြစ်လို့…

Read More

ဗလတောင့်တောင့် အကြီးကြီးတွေ  မကြိုက်ဘူးဆိုတဲ့ ခင်ဝင့်ဝါ

ရန်ကုန် ဒီဇင်ဘာ ၂၁-၂၀၁၈ သင်းသဒ္ဒါ(VOM) အလှမယ် သရုပ်ဆောင် ခင်ဝင့်ဝါကတော့ “လူငယ်ဆိုတော့ အချစ်ရေးက ပြောလို့တော့မရ သေး ဘူးပေါ့။ ဗလတောင့်တောင့် အဲလို အကြီးကြီးတွေ ဘယ်လိုပြောရမလဲ မကြိုက်ဘူး”လို့ဆိုပါတယ်။ ချစ်သူအပေါ် စိတ်ကူးယဉ်ပုံစံကတော့ “ညီမက ကိုယ့်သတ်မှတ်ပြီးတော့ စံထားတာတော့ မရှိပါ ဘူး၊လူတိုင်းကတော့ Perfect ဖြစ်တဲ့သူကို လိုချင်တာပေါ့လေ၊ ဘယ်အရာမှ Perfect ဖြစ်တာမှမရှိတာ၊ ပြီး ပြည့်စုံတယ်ဆိုတာ ဘယ်နေရာမှမရှိဘူးလေ၊ ဘယ်လိုပြောမလဲ ကံပေါ့၊ ညီမက ကိုရီးယားမင်းသား ပုံစံလေး တွေ ကြိုက်တယ်”လို့ဆိုပါတယ်။ 2019 ခုနှစ်မှာတော့ အနုပညာအလုပ်တွေကို ပရိသတ်လက်ခံလာအောင် အကောင်းဆုံးလုပ်ဆောင် သွားမယ် လို့လည်း သိရပါတယ်။လာမယ့်နှစ်ထဲ သူမရဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရုံတင်ပေးဖို့ ကျန်သေး တယ်လို့လည်း သိရပါတယ်။ ၂၀၁၈ခုနှစ်ရဲ့ အနုပညာသုံးသပ်ချက်ကတော့ “ကိုယ့်အများကြီးထက်ပြီးတော့ ကြိုးစားဖို့ လိုသေးလို့ ထင်ပါ…

Read More

အချစ်ရေးမှာ သစ္စာရှိရှိ နားလည်မှုတွေ တည်ဆောက်ဖြစ်ပါတယ်ဆိုတဲ့ ဘေဘီမောင်

ရန်ကုန် ဒီဇင်ဘာ ၂၁-၂၀၁၈ သင်းသဒ္ဒါ(VOM) ချစ်သူဖြစ်တဲ့ အဆိုတော် သားဂန်းနဲ့ ဘေဘီမောင်တိုရဲ့ Relationshipကိုတော့ သစ္စာရှိရှိ နားလည်မှုတွေ တည်ဆောက်ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ”ဘေဘီတို့နှစ်ယောက်ရဲ့ မေတ္တာတရားက မှန်ကန်တဲ့အတွက် ပရိသတ်ကို အတိအလင်းချပြတာပါ၊ တစ်ယောက်နဲ့ တစ်ယောက်သံယောဇဉ်လည်း ပိုတိုးလာလို့ ခိုင်မြဲပြီးလို့ ရည်ရွယ်ထားတဲ့အတွက် ပရိသတ်ကို အသိပေးလိုက်တာပါ၊ ဘေဘီတို့ Relationship က အပြန်အလှန်နားလည်မှုရယ်၊ ကိုင်းကျွန်းမီကျွန်းကိုင်းမီ နေထိုင်ဖြစ်ပါတယ်၊ တစ်ယောက်နဲ့တစ်ယောက်က အသက်အရွယ်ကလည်း နည်းနည်းကွာတော့ သူ့ကလည်း ကိုယ့်ကိုအစ်မတစ်ယောက်လို့ ချစ်ပါတယ်၊ ဘေဘီက အစထဲက ပွင့်ပွင့်လင်းလင်းနေတတ်တဲ့သူဆိုတာကို သူလည်းသိတယ်၊ ရိုးရိုးသားသားနဲ့ပဲ ဆက်ဆံ့ဖြစ်ပါတယ်”လို့ ဆိုပါတယ်။ သူမနဲ့ သားဂန်းတိုရဲ့ ချစ်သူသက်တမ်း ၈ လရှိပြီး နှစ်ယောက်ရဲ့ Plan တွေချထားတယ်လို့လည်း သိရပါတယ်။ ”  ဘေဘီတို့ နှစ်ယောက်လုံးက မိသားစုကို ကြည့်ရှုစောင့်ရှောက်ရတဲ့သူတွေ ဖြစ်နေတယ်လေ၊အိမ်ထောင်ပြုဖို့ လိုပါဦးမယ်၊…

Read More

မြန်မာနိုင်ငံမှာ မော်ဒယ်တစ်လိုင်းတည်းနဲ့ ရပ်တည်ဖို့ခက်ခဲတယ်ဆိုတဲ့ မေဘရဏီသော်

ရန်ကုန် ဒီဇင်ဘာ ၁၆-၂၀၁၈ သင်းသဒ္ဒါ(VOM) မျက်နှာချိုချိုလေးနဲ့ အလှမယ် မေဘရဏီသော်ကတော့ မြန်မာနိုင်ငံမှာ မော်ဒယ်တစ်လိုင်းတည်းနဲ့ ရပ်တည်ဖို့ ခက်ခဲတယ်ဆိုတဲ့ ဆိုလာပါတယ်။ “မေသော်တို့ လိုင်းတစ်ခုထဲ သွားဖို့ကအရမ်းကို ခက်ခဲမှုတွေ ပင်ပန်းမှုတွေ အများကြီး ရှိပါတယ်၊ ဒါကြောင့်မို့ မော်ဒယ်လ်လိုင်းပဲ တစ်ခုပဲမရပ်တည်ပဲ အခွင့်အရေးရရင် ရသလို အဖက်ဖက်ကို သွားကြည့်ဖြစ် ပါတယ်၊ ဒါကြောင့် မေသော်အနေနဲ့ အတွေ့အကြုံသစ်တွေနဲ့ စိန်ခေါ်မှုတွေတော့ဖြစ်ပါတယ်”လို့ဆိုပါတယ်။ လတ်တလောမှာတော့ ဖက်ရှင်ရှိုးပွဲတွေ Photo တွေကို ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ Miss Universe Myanmar 2015 ရဲ့ အလှမယ် မေဘရဏီသော်ကတော့ အနုပညာနဲ့ ပတ်သက်ပြီးတော့ ပညာ ရပ်တွေ လေ့ လာသင်ယူနေတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းတွဲဖြစ်တဲ့ ဇနီးချောများကွန်ရက်မှာလည်း သရုပ်ဆောင် တွေဖြစ်တဲ့ စိုးပြည့်သဇင် ၊ ခင်သဇင် ၊ မြနှင်းရည်လွင်တို့နဲ့…

Read More

မြန်မာနိုင်ငံမှာ အရည်အချင်းရှိ တဲ့သူတွေကိုြုပုပြင်ပျိုးထောင်ပေ်းတဲ့ အင်အား အရမ်းနည်းတယ်ဆိုတဲ့ ရွှေအိမ်စည်

ရန်ကုန် ဒီဇင်ဘာ ၁၆-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်တွေရဲ့ ချင်ခင်မှုကိုရရှိထားတဲ့ အလှမယ် ရွှေအိမ်စည်ကတော့ မြန်မာနိုင်ငံမှာ အရည်အချင်းရှိ တဲ့သူတွေကို သေချာလေးပြုပြင်ပျိုးထောင်ပေးနိုင်တဲ့ အင်အားအရမ်းနည်းနေပါတယ်လို့ ဆိုပါတယ်။ “ကိုယ့်ဘက်က ပိုက်ဆံအားလိုက်နိုင်မှရမယ်၊ ပွင့်ပွင့်လင်းလင်းပြောတာပါ၊ မြန်မာနိုင်ငံမှာ အရမ်းကို Suppotring ကောင်းပြီးတော့ အရမ်းမိုက်တဲ့ organization တွေ ပေါ်လာရင်ပေါ်လာ မပေါ်လာရင် ဘာဖြစ် လာမလဲဆိုတော့ ကိုယ့်ဘက်က ပိုက်ဆံတတ်နိုင်မှပဲရမယ်၊ အဲ့လို အခြေအနေမျိုးမှာရှိတဲ့ ခါးသီးတဲ့ အမှန် တရားတစ်ခုပါ၊ အိမ်စည်တို့ဆိုလည်း အိပ်မက်တစ်ခုနဲ့ ၀င်လာခဲ့တာပါပဲ”လို့ဆိုပါတယ်။ သူမကတော့ ယခုလအတွင်း ပိုလန်နိုင်ငံမှာ ကျင်းပတဲ့ miss supranational ၂၀၁၈ ပြိုင်ပွဲကြီးကိုတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ယှဉ်ပြိုင်ခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမက ယနေ့  Junction City မှာ ပြုလုပ်တဲ့  iORA Brand ဖက်ရှင်ဆိုင်…

Read More

‘အချစ်​ဆိုတာဘာမှန်း​တောင်​ မသိ​တော့ဘူးဆိုတဲ့ မိစန္ဒီ”

ရန်ကုန် ဒီဇင်ဘာ ၁၄-၂၀၁၈ သင်းသဒ္ဒါ(VOM) ဝဝကစ်ကစ်လေးချစ်စရာကောင်းတဲ့ အဆိုတော် မိစန္ဒီကတော့  “ရင့်​ကျက်​လာတဲ့ အတွက် အချစ်​သီချင်းတွေလည်းဆိုတာနည်းတယ်​၊  ချစ်​လဲမချစ်ချင်​​တော့ဘူး၊ အချစ်​ဆိုတာဘာမှန်း​တောင်​မသိ​တော့ဘူး၊စိတ်​ညစ်​တယ်​”လို့ဆိုလာပါတယ်။ ဂီတအကြောင်းအရာလေးတွေနဲ့ ပတ်သက်ပြီးတော့”အ​ကြောင်းအရာကအစ ​ပြောင်းသွားတယ်​၊စကားလုံးကအစ​ပြောင်းသွားတယ်​၊အရင်​ကသီချင်း​တွေဆို က​လေးဆန်​လိုက်​တာလို့​တွေးတာ​တွေရှိတယ်​၊ပြီး​တော့ကြိုက်​တဲ့ music ပုံစံလည်း​ပြောင်းသွားတာ​ပေါ့​နော်​၊ပြီး​တော့ပိုပြီးလည်း ဂျီးများလာတယ်​”လို့ဆိုပါတယ်။ အဆိုတော် မိစန္ဒီနဲ့သူငယ်ချင်းတွေ စုပေါင်းဖွင့်လှစ်ထားတဲ့ “Bur Dubai2 (or) Theatre 2 By BurDubai” Bar & Restaurant ဆိုင်​ဖွင့်ပွဲကိုတော့  ဒီဇင်ဘာ၁၂ ရက်နေ့က ရန်ကုန်မြို့ ရန်ကင်းမှာ ဖွင့်​လှစ်​ခဲ့ပါတယ်​။ဒါအပြင် မတ်လမှာတော့ သူမရဲ့ စတုတ္ထ​မြောက်​တစ်ကိုယ်တော်ခွေထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။ #voiceofmyanmar#မိစန္ဒီ# ဓာတ်ပုံ – မိစန္ဒီ facebook

Read More

အင်္ဂလိပ်သီချင်းခွေထုတ်တာနဲ့ ပတ်သက်ပြီး ပြောလာတဲ့ အိမ့်ချစ်

ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် အဆိုတော် အိမ့်ချစ်ကတော့ “Slay”Audio CD Albumက အိမ့်ချစ်အနေနဲ့ ဂီတကို ပြောင်းလဲမှုတစ်ခု ဖန်တီးဖြစ်တာပါလို့ဆိုပါတယ်။ အင်္ဂလိပ် သီချင်းခွေလေးထုတ်ဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့”အဓိကတော့ အိမ့်ချစ်ရဲ့ ဘ၀မှတ်တိုင်အဖြစ်နဲ့ ထုတ်ဖြစ်တာပါ၊ အင်တာနေရှင်နယ်ကို ထိုးဖောက်နိုင်မယ့် အခွင့်အရေးလေးကို တစ်ထောင်တစ်နေရာက ကြိုးစားခဲ့တယ်ဆိုတဲ့ မှတ်တမ်းလေးတစ်ခုရှိချင်တယ်၊ အိမ့်ချစ် ရဲ့ အခွေတွေက မဖြစ်မနေအောင်မြင်ရမယ်ဆိုတဲ့ ကြီးကြီးကျယ်ကျယ် စဉ်းစားပြီးလုပ်တာ မဟုတ်ပါဘူး၊ အိမ့်ချစ်ရဲ့ အခွေသည် နိုင်ငံတကာအဆင့်မီအောင် ကြိုးစားပြီး လုပ်ဆောင်ကြည့်တာပါ၊ အိမ့်ချစ် က လည်း ပြည်ပမှာလည်း ကျယ်ပြန့်ပြီးတော့ တစ်ထောင်တစ်နေရာက ကူညီတဲ့သဘောနဲ့ လုပ်ဆောင် ဖြစ်တာပါ၊ တကယ်ကိုနိုင်ငံတစ်ကာအဆင့်အတန်းမှီအောင် ရေးထားပါတယ်”လို့ဆိုပါတယ်။ သူမကတော့ဂီတသက်တမ်း(၁၄)နှစ်ရှိပြီး မဖြစ်နိုင်ဘူးဆိုတဲ့ စိတ်ကြီးကဖြစ်ခဲ့ပေမယ့်လည်း နောက်ပိုင်းကျတော့ အိမ့်ချစ်ထက်သတ္တိပိုရှိတဲ့လူငယ်တွေ ထွက်လာကြတယ် ၊အင်္ဂလိပ်လိုတွေရေးထုတ်ကြတယ်သူပေါ်လာတဲ့ အင်အားတစ်ခုဖြစ်လာစေခဲ့ တယ်လို့သိရပါတယ်။ ”ဂီတလောကအတွက်ကို တာဝန်ရှိတဲ့…

Read More

၂၀ကျော် အစိတ်ပိုင်းပေမယ့် အရွယ်တော်တစ်စိတ် မဟိုင်းသေးတဲ့ မမတွေလိုပဲ ၊ စွဲဆောင်မှု အပြည့်ရှိဦး မယ်လို့ ဆိုတဲ့စိုင်းစိုင်း

ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းကတော့  “၂၀ကျော် အစိတ်ပိုင်းပေမယ့် အရွယ်  တော်တစ်စိတ် မဟိုင်းသေးတဲ့ မမတွေလိုပဲ ၊ စွဲဆောင်မှုအပြည့်ရှိဦးမယ်လို့ ယုံကြည်ပါတယ်လို့ဆိုပါတယ်။ ရည်းစားတစ်ဝမ်းကွဲ ဇာတ်ကားနဲ့ ပတ်သတ်ပြီးတော့ ” ဒီဇာတ်ကားက ကျွန်တော်ဒီကားကို လွန်ခဲ့တဲ့ ၆နှစ်ကျော်ကရိုက်ထားတာပါ၊ အခုပြန်ကြည့်တဲ့အချိန်မှာလည်း မဟောင်းသေးဘူး၊ ကြည့်ရတာလတ်ဆတ်နေ တုန်းပဲရှိသေးတယ်၊ ဘယ်သူ့မှမကြည့်ရသေးဘူး၊ အဲ့ဒါကြောင့် ကျွန်တော်ကအပျိုကြီးမမနဲ့တူတယ် ဆိုပြီးတော့ ချစ်စနိုးလေးနဲ့တင်စားထားတာပါ၊ အခုမှရိုက်ထားတဲ့ ကားလိုမျိုး အစမ်းကြီးတော့ ခေတ်မမီ တော့ဘူးပေါ့နော်၊ ဒါပေမယ့် မကြည့်ရသေးတဲ့အခါ ကျတော့အသစ်ပဲ”လို့ ဆိုပါတယ်။ သူ့ကတော့ Franzo , Heart & Soul Flim Production ရဲ့ အချစ်ဒရာမာဇာတ်လမ်းပုံစံ နဲ့ “ရည်းစားတစ်ဝမ်းကွဲ”ရုပ်ရှင်ဒီဇာတ်ကားထဲမှာ သူဌေးသားလးချမ်းသာတစ်ယောက်နေရာက ပါဝင်သရုပ်ဆောင် ထားတာလည်း ဖြစ်ပါတယ်။ဒီဇင်ဘာ ၂၁ရက်တွင်…

Read More

ဇာတ်ကားတွေ ခိုးကူးပြီးအွန်လိုင်းပေါ်ပြန့်သွားတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေ တော်တော်ကိုတွန့်စေတယ်ဆိုတဲ့ ဇဏ်ခီ

ရန်ကုန် ဒီဇင်ဘာ ၁၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ခီမောင်နှံတွေဖြစ်တဲ့ သရုပ်ဆောင် ဇဏ်ခီကတော့ ကျွန်တော်တို့ မြန်မာပြည်အတွင်းမှာ ဇာတ်ကား တွေ ခိုးကူးပြီးတော့ အွန်လိုင်းပေါ်ပြန့်သွားတဲ့အတွက် ရုပ်ရှင်ဇာတ်ကားတွေကို ရင်းနှီးမြှုပ်နှံသူအပိုင်း အတွက် တော်တော်ကိုတွန့်စေတယ်လို့ဆိုပါတယ်။ စင်ကာပူအထိ မြန်မာဇာတ်ကားတွေ လက်ရှိမှာ ထိုးဖောက်နေသလို အားဆီယံထိုးဖောက်မှုနဲ့ ပတ်သက်ပြီးတော့ “ကျွန်တော်တို့ market ကချဲ့ကိုချဲ့မှရမယ်၊မြန်မာပြည်မှာ ရုံကနည်းသေးတော့ ပြန်ရှာနိုင်မယ့်ပိုက် ဆံအတိုင်းအတာက ပြောရမယ်ဆိုရင် နောက်တစ်ကားထည့်ဖို့အတွက် မထည့်ရဲကြဘူး၊ ဘာလို့လည်း ဆိုတော့ထည့်မယ့် ပိုက်ဆံကရှိသည့်တိုင်အောင် မထည့်ရဲကြဘူး။ ပထမတစ်ချက်။ နောက်တစ် ချက်က အွန်လိုင်းပေါ်မှာ ပြန့်သွားရင်ကို ကျွန်တော်တို့ကပြဿနာရှိတယ်၊ ဥပမာ- ဥပါယ်တံမျဉ်တုန်းကဆိုရင် ပျံ့သွားတယ်၊ ဘာမှ လုပ်လို့မရဘူးဖြစ်နေတယ်၊ law အရလည်း ကျွန်တော်တို့ကို ကာကွယ်ပေးတာ မရှိဘူး၊အဖွဲ့အစည်းတွေကလည်း ဘာမှမလုပ်ပေးနိုင်ကြဘူး”လို့ ဆိုပါတယ်။ ဇဏ်ခီကတော့ ကိုယ်တိုင်ရေးထားတဲ့ ဇာတ်ညွှန်းဖြစ်တဲ့ Now & Ever…

Read More
VOM News

FREE
VIEW