ရှမ်းပြည်နယ်အတွင်း ကော်ရိုနာဗိုင်းရပ်စ်ရှိသူမတွေ့၊အပူချိန်လွန်ကဲလူနာတွေသာရှိ
Read More
WHO ရဲ့ အချက် ၇ ချက်ပါတဲ့ သတင်းအချက်လက်ရ
WHO ရဲ့ အချက် ၇ ချက်ပါတဲ့ သတင်းအချက်လက်ရ ရန်ကုန်၊ ဇန်နဝါရီ – ၃၁-၂၀၂၀ အောင်ထူးနိုင်(VOM) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က လတ်တလောဖြစ်ပွားနေတဲ့ အဆုတ်ရောင်ရောဂါနဲ့ပတ်သက်ပြီး အချက်(၇)ချက် ပါဝင်တဲ့ သတင်းစကားကို တစ်နိုင်ငံလုံးကို ဖြန့်ဝေထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဇန်နဝါရီ ၃၁ ရက်နေ့က ပြောပါတယ်။ “key messages 2 အနေနဲ့ WHO က ကျန်းမာရေးအားနည်းတဲ့ နိုင်ငံတွေကို ပံ့ပိုးကူညီသွားမယ်လို့ ပြောတာရှိပါတယ်”လို့ ဒေါက်တာထွန်းမြင့်ကပြောပါတယ်။ WHO DG ထံမှ ရရှိထားတဲ့ သတင်းစကားအရ အဆုတ်ရောင်ရောဂါကြောင့် နိုင်ငံတကာကုန်သွယ်ရေး၊ နိုင်ငံတကာသွားလာရေးတို့ကို အနှောက်အယှက်မဖြစ်လိုကြောင်း၊ ရွေ့ပြောင်းသွားလာကူးလူးဆက်ဆံခြင်း၊ ဖြတ်တောက်တာကို မထောက်ခံ‌ ကြောင်း၊ နယ်မြေအားလုံးကိုလည်း ခိုင်လုံမှန်ကန်တဲ့ အချက်အလက်ကို အခြေခံပြီး စဉ်းစားကာ မှန်ကန်တာကို ဆောင်ရွက်လိုတဲ့အကြောင်းတွေလည်းပါဝသ်တယ်လို့ ဒေါက်တာထွန်းမြင့်က ပြောပါတယ်။…
Read More
တရုတ်လေကြောင်းလိုင်းနဲ့ပါလာတဲ့ သံသယလူနာ အခြေအနေကောင်း ကျန်သူတွေကူးစက်တာမတွေ့ရပေမယ့် ခရီးသည်တွေကို ပြန်လွှတ်မယ်
တရုတ်လေကြောင်းလိုင်းနဲ့ပါလာတဲ့ သံသယလူနာ အခြေအနေကောင်း ကျန်သူတွေကူးစက်တာမတွေ့ရပေမယ့် ခရီးသည်တွေကို ပြန်လွှတ်မယ် ရန်ကုန် ၊ ဇန်နဝါရီ ၃၁ -၂၀၂၀ သိဂီ ၤ(VOM) ကိုရိုနာဗိုင်းရပ်စ် သံသယလူနာဖြစ်တဲ့ တရုတ်နိုင်ငံသားကို ဝေဘာဂီဆေးရုံမှာ စစ်ဆေးစမ်းသပ်မှုတွေပြုလုပ်နေပြီး လက်ရှိတော့ အခြေအနေဆိုးဆိုးရွားရွားဖြစ်နေတာမရှိဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။ “ဝေဘာဂီမှာရောက်နေတဲ့လူနာကိုတော့စမ်းသပ်စစ်ဆေးမှုတွေလုပ်နေပါတယ်။အခြေအနေကောင်းပါတယ်။ လိုအပ်တဲ့ကုသမှုတွေဆောင်ရွက်နေပါတယ်။ လူနာရဲ့အခြေအနေကတော့သိပ်ပြီးဆိုးဆိုးရွားရွားမရှိပါဘူး။ ရောဂါပိုးရှိမရှိ မရှိတော့ စစ်ဆေးမှုတွေပြီးမှ သေချာမှပြောနိုင်ပါတယ်။ သံသယလူနာတိုင်းက ကွန်ဖမ်းလူနာမဟုတ်ပါဘူး။ ဓာတ်ခွဲခန်းထဲမှာ အဆင့်ဆင့်စမ်းသပ်ပြီး စမ်းသပ်ချက်တွေ ဓာတ်ခွဲအတည်ပြုပြီးမှ ရောဂါကွန်ဖမ်းလို့၊လေယာဉ်ပေါ်သူနဲ့ အတူထိုင်သူတွေ မှာတော့ရှေ့ နောက်မှာ သံသယဖြစ်ဖွယ်မတွေ့ရဘူး။ လိုအပ်ရင်တော့ စောင့်ကြည့်မှုလုပ်ရပါမယ်။”လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။ ရောဂါပိုးရှိမရှိ အတည်ပြုနိုင်ဖို့ကိုတော့ လိုအပ်တဲ့ဓာတ်ခွဲအတည်ပြုမှုတွေအတွက် ထိုင်းနိုင်ငံကိုပို့ဆောင်ဖို့စီစဉ်သွားမယ်လို့သိရပါမယ်။ ဒါ့အပြင် သံသယလူနာစီးနင်းလိုက်ပါလာတဲ့ လေယာဉ်ပေါ်ပါ ခရီးသည် ၇၉ ဦးအနက် မြန်မာနိုင်ငံသားနှစ်ယောက်ကိုသာခေါ်ထားပြီး ကျန်ခရီးသည်အကုန်လုံးကို အဲ့ဒီလေယာဉ်နဲ့ပြန်လွှတ်မှာဖြစ်ပါတယ်။ခေါ်ယူထားမယ့် မြန်မာ့ ၂ ဦးကိုလည်း…
Read More
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာ့လုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ ဂျီနီဗာ၊ ဇန်နဝါရီ-၃၁-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံမှာဖြစ်ပွားနေတဲ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကကြေညာလိုက်ပါတယ်။ ဇန်နဝါရီ ၃၀ ရက်က ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူတွေ တက်ရောက်ခဲ့တဲ့ ဂျီနီဗာမှာကျင်းပတဲ့ အရေးပေါ်အစည်းအဝေးတစ်ရပ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus ကကြေညာလိုက်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံအပြင် နိုင်ငံပေါင်း ၁၈ နိုင်ငံလောက်မှာ ကူးစက်ပျံ့နှံ့လို့နေပါတယ်။ အရေးပေါ်အခြေအနေကြေညာလိုက်ပေမယ့် လတ်တလောသတင်းအချက်အလက်တွေအပေါ်အခြေခံပြီး ခရီးသွားလာတာမျိုးနဲ့ ကုန်သွယ်မှုဆိုင်ရာတွေကို ကန့်သတ်ဖို့ အဖွဲ့အနေနဲ့ အကြံပြုမှာမဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုပါတယ်။ ဗိုင်းရပ်စ်ဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းတဲ့ နိုင်ငံတွေကို ကူးစက်နိုင်ခြေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တယ်လို့ Tedros Adhanom Ghebreyesus ကပြောပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး အဲဒီနိုင်ငံတွေအတွက် ထောက်ပံ့ကူညီမှုတွေလုပ်ဆောင်သွားမယ်လို့လည်း…
Read More
မူဆယ်မှာ အပူချိန်လွန်ကဲတဲ့ အမျိုးသားလူနာတဦးထပ်တွေ့
မူဆယ်မှာ အပူချိန်လွန်ကဲတဲ့ အမျိုးသားလူနာတဦးထပ်တွေ့ မူဆယ်၊ ဇန်နဝါရီ ၃၀-၂၀၂၀ ပြည့်စုံ(VOM) ယနေ့ တရုတ်နိုင်ငံ ရွှေလီမြို့ စီကိုင်အကျဉ်ထောင်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော မြန်မာနိုင်ငံသား ၁၀၅ ဦးကိုမြန်မာနိုင်ငံသို့လွှဲ‌ ပြောင်းပေးခဲ့ရာ အပူချိန်လွန်ကဲ လူနာအမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံရွှေလီရဲဌာန နိုင်ငံတကာပူးပေါင်းဆောင်ရွတ်ရေးဌာနခွဲ ဒုဌာနမှူး မစ္စတာ ရန်တာဖူးက ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်က ပြန်လည်လွှဲပြောင်းခဲ့ရာ မူဆယ်မြို့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက်စစ်ဆေးရေး နန်းတော် ဂိတ်တွင် လူဝင်မှုကြီးကြပ်ရေးဒုဌာနခွဲ (မူဆယ် )နှင့် ပူးပေါင်းအဖွဲ့ကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ အဆိုပါလွှဲပြောင်းလက်ခံခဲ့ရာမှာ မူဆယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာ ဒေါက်တာစိုင်းလောဝ်ခေး ဦးစီးအဖွဲ့မှ တစ်ဦးချင်း ကျန်းမာရေး စီစစ်မှုပြုလုပ်ခဲ့ရာ မောင်လီကျိန်ဆိုက်ဆိုသူတွင် အပူချိန် ၃၈ ဒသမ ၃ ဒီဂရီစင်တီဂရိတ် တွေ့ရှိခဲ့သဖြင့် မူဆယ်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်၍စောင့်ကြည့်ကြပ်မတ် ကုသ‌ပေး လျက်ရှိပါတယ်။ ဇန်နဝါရီလ…
Read More
တရုတ်အစိုးရခွင့်ပြုရင်  မြန်မာကျောင်းသားတွေကိုအထူးလေယာဉ်နဲ့ပြန်ခေါ်မယ်
တရုတ်အစိုးရခွင့်ပြုရင်  မြန်မာကျောင်းသားတွေကိုအထူးလေယာဉ်နဲ့ပြန်ခေါ်မယ်   မန္တလေး၊ဇန်နဝါရီ၃၀-၂၀၂၀ Voice Of Myanmar   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဟူပေပြည်နယ် ၊ဝူဟန်မြို့မှာ  ပညာသင်ကြားနေတဲ့မြန်မာကျောင်းသား၊ကျောင်းသူ(၆၃)ဦးကိုဟူနန်ပြည်နယ်ချန်းရှမြို့ကနေမြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက်ပေကျင်းမြို့မှာရှိတဲ့မြန်မာသံရုံးအနေနဲ့တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး၊ဌာန၊သက်ဆိုင်ရာပြည်နယ်နိုင်ငံခြားရေးရုံးများနဲ့ချိတ်ဆက်ညှိနှိုင်းနေတယ်ဒီကနေ့ရက်စွဲနဲ့ပေကျင်းမြို့မှာရှိတဲ့မြန်မာသံရုံးကနေထုတ်ပြန်ချက်တစ်စောင်ထုတ်ပါတယ်။   အဲ့ဒီထုတ်ပြန်ချက်ထဲမှာသက်ဆိုင်ရာဒေသန္တရကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များအရထိုကဲ့သို့ဆောင်ရွက်ရာတွင်ကြာမြင့်ချိန်(၁)လခန့်ကြာမြင့်မည်ဖြစ်ပါသဖြင့်အထူးလေယာဉ်(Charter Flight) ဖြင့်ခေါ်ယူနိုင်ရေးအတွက်မြန်မာသံရုံးအနေဖြင့်မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနှင့်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ထံဆက်သွယ်၍အချိန်နှင့်တစ်ပြေးညီညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်လို့ရေးသားဖော်ပြထားပါတယ်။   အဲ့ဒီလိုဆောင်ရွက်ချက်တွေအရဟူပေပြည်နယ်ဝူဟန်မြို့မှာပညာသင်ကြားနေတဲ့မြန်မာကျောင်းသား၊ကျောင်းသူတွေကိုအထူးလေယာဉ်(Charter Flight) ဖြင့်ခေါ်ယူနိုင်ရေးအတွက်ဆောင်ရွက်နိုင်ခဲ့ပြီးမြန်မာသံရုံးအနေဖြင့်အထူးလေယာဉ်(CharterFlight)နဲ့ခေါ်ယူနိုင်ရေးလုပ်ငန်းအစီအစဉ်များကိုဆက်လက်ဆောင်ရွက်လျက်ရှိကာလက်ရှိအချိန်တွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ခွင့်ပြုချက်ကိုစောင့်ဆိုင်းလျက်ရှိကြောင်းအသိပေးဖော်ပြအပ်ပါတယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။   အလားတူဝူဟန်ကမြန်မာကျောင်းသားတွေကိုအထူးလေယာဉ်နဲ့ပြန်ခေါ်မယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကလည်းဒီကနေမနက်မှာတရားဝင်ထုတ်ပြန်ထားပါသေးတယ်။   လတ်တလောCorona Virus ဖြစ်ပွားနေတဲ့တရုတ်နိုင်ငံ၊ဟူပေပြည်နယ်၊ဝူဟန်မြို့၌ပညာသင်ကြားလျက်ရှိကြသောမြန်မာကျောင်းသား၆၃ဦးကိုမြန်မာနိုင်ငံကိုပြန်လည်ခေါ်ယူနိုင်ရေးအတွက်အထူးလေယာဉ်စေလွှတ်ခေါ်ယူနိုင်ဖို့အစိုးရကခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။အဲ့ဒီအတွက်လိုအပ်တဲ့လေယာဉ်ဖြတ်ကျော်ပျံသန်းခွင့်နဲ့ဆင်းသက်ခွင့်ရရှိရေး၊ကျောင်းသားတွေပြန်လည်ခေါ်ယူနိုင်ရေးအတွက်တရုတ်နိုင်ငံအစိုးရနှင့်သံတမန်လမ်းကြောင်းကနေဆက်သွယ်ဆောင်ရွက်နေတယ်လို့ဖော်ပြပါရှိပါတယ်။   မြန်မာနိုင်ငံကိုရောက်ရင်ကျောင်းသူ၊ ကျောင်းသားတွေCorona Virus ကူးစက်မှုရှိ၊မရှိ  ကျန်းမာရေးအရစောင့်ကြပ်စစ်ဆေးမှုကိုစနစ်တကျပြုလုပ်သွားဖို့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှစီစဉ်ဆောင်ရွက်ထားတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။   ဝူဟန်တက္ကသိုလ် Zhongnan ဆေးရုံမှာအလုပ်သင်ရင်ပညာဆည်းပူးနေတဲ့ ဒေါက်တာခင်သီရီသန့်စင်ကထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး သူမရဲ့အကောင့်မှာ ထပ်ပြီးစောင့်ပေဦးပေါ့လို့ ရေးထားပြီး မနေ့ကတော့ သူခံစားချက်တွေကို အများပြည်သူသိအောင် ခုလိုရေးသားထားပါတယ်။     “(We are MYAMMAR citizens too ! Please help us come out ! Please let us come back) ၊အရင်ပြောတော့တရုတ်ကခွင့်မပြုလို့ပြန်မခေါ်နိုင်တာပါလေယာဉ်ကအဆင်သင့်၊ဆေးရုံကအဆင်သင့်၊အခုခွင့်ပြုပြန်တော့လဲလေယာဉ်လွှတ်ဖို့အခုမှစာတင်ပီးလေယာဉ်လွှတ်ဖို့မေးထားပါတယ်တဲ့၊ရက်စက်လိုက်ကြတာ၊ဒီလိုအခြေနေဆိုးနေတဲ့အချိန်မှာသူများနိုင်ငံကအခုပဲခေါ်နေပြီ၊လေယာဉ်ကိုဆရာဝန်၂ယောက်နဲ့stanbyစောင့်နေတဲ့အချိန်၊ကိုယ်တွေကတော့အခုမှစာတင်ရတုန်းဆိုတော့ဘယ်တော့မှပြန်ရမှာလဲရှင်၊ငိုရလွန်းလို့လဲခေါင်းတွေလဲကိုက်နေပြီ၊ညလဲအိပ်မပျော်၊ဂျာနယ်ထဲမှာတော့အစားအသောက်တပတ်စာပေးထားပါတယ်တဲ့၊အဲ့တာလဲခုထိလက်ထဲရောက်မလာလမ်းမှာပျောက်၊မပြန်ရတော့ဘူးဆိုလဲတခွန်းပဲပြောပေးပါ၊ပြန်ရမယ်ဆိုလဲမြန်မြန်လာခေါ်ပေးကြပါလို့ …
Read More
ပြည်မြို့က ပုလင်းပန်းချီပညာရှင် ကိုဇင်မောင်တာ
Read More
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကြောင့်လူ ၂၆ ဦးသေဆုံး၊ မြို့ ၁၀ မြို့ကို ဝင်ထွက်ခွင့်ပိတ်ပင်
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကြောင့်လူ ၂၆ ဦးသေဆုံး၊ မြို့ ၁၀ မြို့ကို ဝင်ထွက်ခွင့်ပိတ်ပင် ပေကျင်း၊ ဇန်နဝါရီ-၂၄-၂၀၂၀ မျိုးဆက်(VOM) တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စတင်ဖြစ်ပွားခဲ့သည့် ဟူဘေးပြည်နယ်ရှိ မြို့များကို ဝင်ထွက်ခွင့် ထပ်မံပိတ်ဆို့လိုက်ပြီး ရောဂါကြောင့် သေဆုံးသူ ၂၆ ဦးထိမြင့်တက်လာသည်။ လူဦရေ သန်း ၆၀ ကျော်နေထိုင်တဲ့ တရုတ်နိုင်ငံအလယ်ပိုင်းက ဟူဘေးပြည်နယ်ရှိ မြို့ ၁၀ မြို့ထက်မနည်းကို ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဟူဘေးပြည်နယ်အနီးက ဒေသတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်လူနာတစ်ဦး ဇန်နဝါရီ ၂၃ ရက်က သေဆုံးခဲ့ပြီး ဒါဟာ ရောဂါဖြစ်ပွားတဲ့ ပြည်နယ်ပြင်ပမှာ ပထမဆုံးသေဆုံးခဲ့တာဖြစ်ပါတယ်။ နောက်ထပ်သေဆုံးမှုတစ်ခုကတော့ ဟီလောင်ဂျင်ပြည်နယ် အရှေ့မြောက်ပိုင်းမှာလို့ အတည်ပြုနိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေဟာ ရုရှားနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေပြီး ဝူဟန်မြို့ကနေ ကီလိုမီတာ ၂၀၀၀ ကျော်ကွာဝေးပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံထားရသူ…
Read More
ခွေးရူးပြန်ကာကွယ်ဆေး မလုံလောက်မှုတွေဖြစ်ပေါ်နေ
ခွေးရူးပြန်ကာကွယ်ဆေး မလုံလောက်မှုတွေဖြစ်ပေါ်နေ ရန်ကုန် ဇန်နဝါရီ ၁၂-၂၀၂၀ သိဂီ ၤ( VOM) ရန်ကုန်တိုင်းရဲ့ မြို့နယ်တိုင်းလိုလိုမှာ နှစ်စဉ် ခွေးကိုက်ခံရသူပေါင်း ၁၀၀၀ လောက်ရှိနေပြီး ခွေးရူးပြန်ကာကွယ်ဆေးမလုံလောက်မှုတွေဖြစ်ပေါ်နေတယ်လို့ တိုင်းဒေသကြီး လွှတ်တော် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီကသိရပါတယ်။ ဒါဟာ ခွေးကိုက်ခံရတဲ့ နှစ်စဉ် အရေအတွက်ဖြစ်ပြီး ကာကွယ်ဆေးကို အစိုးရအနေနဲ့ လုံလုံလောက်လောက် ချထားမပေးနိုင်တာကြောင့် ခွေးကိုက်ခံရတဲ့ လူနာအတော်များများဟာ ကာကွယ်ဆေးမထိုးနှံနိုင်တဲ့အခြေအနေတွေကြုံတွေ့နေရပါတယ်။ ” ရူးနေတဲ့ခွေးက ကိုက်တာမျိုးမဟုတ်ပဲ ရိုးရိုးခွေးက ကိုက်တာချည်း မြို့နယ်တစ်ခုမှာ တစ်နှစ်ကို ၁၀၀၀ လောက်ရှိတယ်။ ကာကွယ်ဆေးကလည်းမလုံလောက်ဘူး။ အစိုးရကမပေးနိုင်တဲ့အခါ လူနာတွေကိုယ့်ဘာသာ ဝယ်ထိုးရမယ်။ မလုံလောက်တာသိနေပေမယ့်လည်း ဘာမှမတတ်နိုင်ဘူး။ အစိုးရမှာငွေမရှိဘူး။ဘယ်လောက်တွန်းအားပေးပေး ငွေမရှိရင်ဘာမှလုပ်လို့မရနိုင်ဘူး” လို့ ကော်မတီဥက္ကဋ္ဌဒေါ်စန္ဒာမင်းကပြောပါတယ်။ ခွေးကိုက်ခံရတာနဲ့ပတ်သက်ပြီး ဆေးပညာအရ အဆင့် ၃ ဆင့်သတ်မှတ်ထားပါတယ်။ ခွေးတစ်ကောင်က လူတစ်ယောက်ရဲ့ပုံမှန် အရေပြားကို အစာကျွေးရင်းဖြစ်စေ ၊ လျှာဖြင့်ယက်တာ…
Read More
စစ်ပွဲတွေငြိမ်းလို့ကျင်းပတဲ့ မနောင်ပွဲမျိုး ပြုလုပ်ချင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပြော
စစ်ပွဲတွေငြိမ်းလို့ကျင်းပတဲ့ မနောင်ပွဲမျိုး ပြုလုပ်ချင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပြော မြစ်ကြီးနား- ဇန်နဝါရီ ၁၀-၂၀၂၀ ရန်အောင်ထွန်း(VOM) ပြည်နယ်သူပြည်နယ်သားတွေကို ငြိမ်းချမ်းရေးရပြီး လုံခြုံအေးမြမှု ပေးနိုင်တဲ့ မနောင်ပွဲမျိုး လုပ်ပေးနိုင်ချင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၁၀ ရက် မြစ်ကြီးနားမြို့ မှာ ပြောခဲ့ပါတယ် ။ ကချင်ပြည်နယ်က အစပြုခဲ့တဲ့ ပြည်ထောင်စုဆွေး‌နွေးမှုကို ညီညီညွတ်ညွတ် အကောင်အထည်ဖော်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပြောတဲ့အပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် အယုံအကြည်မရှိတာက အဖျက်ဖြစ်နိုင်တာကြောင့် ယုံကြည်မှုတည်ဆောက်ဖို့က အရေးကြီးတယ်လို့ ကချင်ပြည်နယ် ဒေသခံ ဒေါ်ခါးသောန်က ပြောပါတယ် ။ မိုးညှင်းဒေသခံတစ်ဦးကတော့ ငြိမ်းချမ်းရေးလုပ်ငန်းကို တစ်ယောက်တစ်ပေါက် လုပ်နေရင် မရနိုင်ပဲ အတိုင်ပင်ခံပြောသလို စုပေါင်းဆောင်ရွက်မှ အဆင်ပြေမယ်လို့ ဆိုပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက မြစ်ကြီးနားမြို့ကို ရောက်ရှိလာခဲ့ပြီး ကချင်နှစ်ခြင်းခရစ္စယာန်အသင်းတော်(KBC)တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာမြို့တော်ခန်းမမှာကချင်ပြည်နယ် ဒေသခံတွေကို…
Read More
VOM News
FREE
VIEW