မူဆယ်မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ပြည်ထောင်စုနေ့မလုပ်

မူဆယ်မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ပြည်ထောင်စုနေ့အခမ်းအနာမလုပ်

ဖေဖေါ်ဝါရီ ၁၂-၂၀၂၀
ဖြူဖြူဖွေး(VOM)

(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရှမ်းပြည်နယ် ပင်လုံမြို့၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကာ ရှမ်းပြည်နယ်အတွင်းကမြို့တွေမှာ ကျင်းပကြပေမယ့် မူဆယ်မှာတော့ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင် ရောဂါမဖြစ်ပွားစေရန် နှင့် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်သောအနေဖြင့် လူစုလူဝေး‌လျော့ဖို့ မလုပ်တာလို့ သက်ဆိုင်ရာကသိရပါတယ်။

” ကျွန်တော်တို့ရပ်မိရပ်ဖတွေပြောတာကတော့ မူဆယ်မြို့ဟာ တရုတ်နိုင်ငံနဲ့ အနီးစပ်ဆုံးနယ်နိမိတ်မှာရှိတဲ့အတွက် တရုတ်နိုင်ငံ ဝူဟန်မြို့တွင်စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် မလိုလားအပ်တဲ့ ရောဂါကူးတက်မှုတွေမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပါ။ဒီရောဂါကြီးက အကောင်လိုက်လာတာကို မမြင်ရတာကြောင့် ကြိုတင်ကာကွယ်မှတော်ကာကြမှာဖြစ်သောကြောင့် လူစုလူဝေးကို ဖြေလျော့ချင်းဖြင့် ရောဂါကိုကြိုတင်ကာကွယ်တာပါ” လို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းကျော်က ပြောပါတယ်။

အလားတူ ကိုရိုနာဗိုင်းရပ်ပိုး အန္တရာယ်ကြောင့်ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ကျရောက်ခဲ့သော (၇၃)နှစ်မြောက်ရှမ်းပြည်နယ်နေ့ကိုလည်း မူဆယ်မြို့တွင် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။

” ကျွန်တော်တို့ မြို့က မြို့မိမြို့ဖတွေ၊စာပေယဉ်ကျေးမှုအဖွဲ့တွေ ၊ရပ်ကွက်ကျေးရွာမှာရှိတဲ့ မိဘပြည်သူများတွေ၊လွှတ်တော်ကိုယ်စားလှယ်တွေက တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပြင်းထန်အဆုတ်ရောင် ရောဂါကို ကြိုတင်ကာကွယ်ချင်တာကြောင့် လူစုလူဝေးဖြစ်ပေါ်စေနိုင်တဲ့ အခမ်းအနားမျိုးတွေကိုရှောင်ရှားချင်တယ်လို့တင်ပြလာတဲ့အပေါ်မှာ ကိုတို့က သက်ဆိုင်ရာအဆင့်ဆင့်ကိုတင်ပြပြီးမှမလုပ်ဖြစ်တာပါ။‌ဖေ‌ဖေါ်ဝါရီလ ၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်နေ့ကို မူဆယ်မှာမကျင်းပခဲ့ပါဘူး။တရုတ်နိုင်ငံ ရွှေလီဘက်မှာလည်း ရောဂါနဲ့ပါတ်သက်ပြီးထိမ်းထားနိုင်တဲ့အခြေအနေရှိပါတယ်” လို့ အထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာန မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်က ပြောပါတယ်။

ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ည က ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ရဲ့ကိုရိုနာဗိုင်းရပ် Report တွင် ဖေါ်ပြထား ချက်အရ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရဲ့ တရားဝင် အမည်ကို COVID-19 သတ်မှတ်ထားပြီး တရုတ်အပါအဝင်ကမ္ဘာ့နိုင်ငံပေါင်း(၂၈)နိုင်ငံတွင်ကိုရိုနာကူးစက်နေရကာ လူပေါင်း (၄၃၁၀၃)ဦး ကကူးစက်ခံနေရပြီး တရုတ်နိုင်ငံ၌ (၄၂၇၀၈)ဦး ကူးဆက်ခဲ့ပြီး သေဆုံးသူ ၁၁၂၅ဦးသေဆုံးခဲ့ပြီးဖြစ်တယ်လို့ ပါရှိပါတယ်။

#voiceofmyanmar #VOM #မူဆယ် #ပြည်ထောင်စုနေ

Zawgyi

တ႐ုတ္ျမန္မာနယ္စပ္ မူဆယ္မွာ ဝူဟန္ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ကာကြယ္တဲ့အေနနဲ႔ ျပည္ေထာင္စုေန႔အခမ္းအနားမလုုပ္

ေဖေဖၚဝါရီ ၁၂-၂၀၂၀
ျဖဴျဖဴေဖြး(VOM)

(၇၃)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အခမ္းအနားကို ရွမ္းျပည္နယ္ ပင္လုံၿမိဳ႕၌ စည္းကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္ခဲ့ၿပီး ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ခဲ့ကာ ရွမ္းျပည္နယ္အတြင္းကၿမိဳ႕ေတြမွာ က်င္းပၾကေပမယ့္ မူဆယ္မွာေတာ့ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ျပင္းထန္အဆုတ္ေရာင္ ေရာဂါမျဖစ္ပြားေစရန္ ႏွင့္ ကူးစက္မႈမရွိေစရန္ ႀကိဳတင္ကာကြယ္ေသာအေနျဖင့္ လူစုလူေဝး‌ေလ်ာ့ဖို႔ မလုပ္တာလို႔ သက္ဆိုင္ရာကသိရပါတယ္။

” ကြၽန္ေတာ္တို႔ရပ္မိရပ္ဖေတြေျပာတာကေတာ့ မူဆယ္ၿမိဳ႕ဟာ တ႐ုတ္ႏိုင္ငံနဲ႔ အနီးစပ္ဆုံးနယ္နိမိတ္မွာရွိတဲ့အတြက္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕တြင္စတင္ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ေၾကာင့္ မလိုလားအပ္တဲ့ ေရာဂါကူးတက္မႈေတြမျဖစ္ေအာင္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ပါ။ဒီေရာဂါႀကီးက အေကာင္လိုက္လာတာကို မျမင္ရတာေၾကာင့္ ႀကိဳတင္ကာကြယ္မွေတာ္ကာၾကမွာျဖစ္ေသာေၾကာင့္ လူစုလူေဝးကို ေျဖေလ်ာ့ခ်င္းျဖင့္ ေရာဂါကိုႀကိဳတင္ကာကြယ္တာပါ” လို႔ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းသိန္းေက်ာ္က ေျပာပါတယ္။

အလားတူ ကို႐ိုနာဗိုင္းရပ္ပိုး အႏၲရာယ္ေၾကာင့္ေဖေဖၚဝါရီလ ၇ ရက္ေန႔က က်ေရာက္ခဲ့ေသာ (၇၃)ႏွစ္ေျမာက္ရွမ္းျပည္နယ္ေန႔ကိုလည္း မူဆယ္ၿမိဳ႕တြင္ က်င္းပျပဳလုပ္ႏိုင္ခဲ့ျခင္းမရွိပါဘူး။

” ကြၽန္ေတာ္တို႔ ၿမိဳ႕က ၿမိဳ႕မိၿမိဳ႕ဖေတြ၊စာေပယဥ္ေက်းမႈအဖြဲ႕ေတြ ၊ရပ္ကြက္ေက်း႐ြာမွာရွိတဲ့ မိဘျပည္သူမ်ားေတြ၊လႊတ္ေတာ္ကိုယ္စားလွယ္ေတြက တ႐ုတ္ႏိုင္ငံမွာ ျဖစ္ေပၚေနတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ပိုး ျပင္းထန္အဆုတ္ေရာင္ ေရာဂါကို ႀကိဳတင္ကာကြယ္ခ်င္တာေၾကာင့္ လူစုလူေဝးျဖစ္ေပၚေစႏိုင္တဲ့ အခမ္းအနားမ်ိဳးေတြကိုေရွာင္ရွားခ်င္တယ္လို႔တင္ျပလာတဲ့အေပၚမွာ ကိုတို႔က သက္ဆိုင္ရာအဆင့္ဆင့္ကိုတင္ျပၿပီးမွမလုပ္ျဖစ္တာပါ။‌ေဖ‌ေဖၚဝါရီလ ၇ ရက္ေန႔ကလည္း ရွမ္းျပည္နယ္ေန႔ကို မူဆယ္မွာမက်င္းပခဲ့ပါဘူး။တ႐ုတ္ႏိုင္ငံ ေ႐ႊလီဘက္မွာလည္း ေရာဂါနဲ႔ပါတ္သက္ၿပီးထိမ္းထားႏိုင္တဲ့အေျခအေနရွိပါတယ္” လို႔ အေထြ‌ေထြအုပ္ခ်ဳပ္‌ေရးဦးစီးဌာန မူဆယ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးသူရိန္က ေျပာပါတယ္။

ေဖေဖၚဝါရီလ ၁၁ ရက္ေန႔ည က ကမာၻက်န္းမာေရးအဖြဲ႕ WHO ရဲ႕ကို႐ိုနာဗိုင္းရပ္ Report တြင္ ေဖၚျပထား ခ်က္အရ ႏိုဗယ္ ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ တရားဝင္ အမည္ကို COVID-19 သတ္မွတ္ထားၿပီး တ႐ုတ္အပါအဝင္ကမာၻ႔ႏိုင္ငံေပါင္း(၂၈)ႏိုင္ငံတြင္ကို႐ိုနာကူးစက္ေနရကာ လူေပါင္း (၄၃၁၀၃)ဦး ကကူးစက္ခံေနရၿပီး တ႐ုတ္ႏိုင္ငံ၌ (၄၂၇၀၈)ဦး ကူးဆက္ခဲ့ၿပီး ေသဆုံးသူ ၁၁၂၅ဦးေသဆုံးခဲ့ၿပီးျဖစ္တယ္လို႔ ပါရွိပါတယ္။

#voiceofmyanmar #VOM #မူဆယ္ #ျပည္ေထာင္စုေန႔

 

Related posts

Leave a Comment

VOM News

FREE
VIEW