Voice Of Myanmar ရဲ့ ညနေခင်းသတင်း
Read More
ဘူးသီးတောင်မှာ လက်နက်ကြီးကျလို့ နှစ်ဦးသေပြီး သံုံးဦးဒဏ်ရာရ
ဘူးသီးတောင်မှာ လက်နက်ကြီးကျလို့ နှစ်ဦးသေပြီး သံုံးဦးဒဏ်ရာရ ဘူးသီးတောင်၊ ဖေဖော်ဝါရီ ၁၂-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ရွာမှာ အခုညနေ ၃ နာရီလောက်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးနဲ့ ကျောင်းသားလေးတစ်ဦး သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီလက်နက်ကြီးကျည်ဟာ ဦးဆီရော်ဒိန်ရဲ့နေအိမ်ပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး မိသားစုတစ်ခု တည်းက မိခင်ဖြစ်သူနဲ့ သားဖြစ်သူ ဆယ်တန်းကျောင်းသားလေးတို့သေဆုံးကာ နောက်ထပ်အမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြတယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။ “အခုညနေ ၃ နာရီလောက်မှာကျတာပါ။ နှစ်ယောက်သေပါတယ်။ သုံးယောက်ဒဏ်ရာရပါတယ်။ အရင်နေ့တွေကဆိုရင် ရွာနားကတောင်တွေမှာကျတယ်။ ဒီနေ့အိမ်ပေါ်မှာလာကျတာပါ။”လို့ ရေချမ်းပြင်ကျေးရွာသားတစ်ဦးကပြောပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက် ဒီနေ့မှာ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတာမရှိကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေလည်းမရှိဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။ “ဒီနေ့အဲ့ဒီဘက်မှာတိုက်ပွဲဖြစ်တာမရှိဘူး။ ကျွန်တော်တို့ဘက်နက်ကြီးလည်းမပစ်ဘူး။ ဒေသခံတွေကိုမေးပြီးပြီ ဘာမှမဖြစ်ဘူးလို့ပြောတယ်။”လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောဆိုပါတယ်။ ကျေးရွာသားတွေကတော့…
Read More
ကျောက်တော်မှာ လက်နက်ကြီးကျလို့ ဒဏ်ရာပြင်းထန်တဲ့ကျောင်းသားတွေကို စစ်တွေဆေးရုံကိုပို့ဆောင်ရာမှာ စစ်ဆေးခံရပြီး ၅ နာရီကြာမြင့်ခဲ့ရ
ကျောက်တော်မှာ လက်နက်ကြီးကျလို့ ဒဏ်ရာပြင်းထန်တဲ့ကျောင်းသားတွေကို စစ်တွေဆေးရုံကိုပို့ဆောင်ရာမှာ စစ်ဆေးခံရပြီး ၅ နာရီကြာမြင့်ခဲ့ရ စစ်တွေ၊ ဖေဖော်ဝါရီ ၁၂-၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာမှာ မနေ့ကညနေပိုင်းမှာ လက်နက်ကြီးကျလို့ ကျောင်းသားလေးဦးဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီထဲက ဒဏ်ရာပြင်းထန်သူနှစ်ဦးကို ဒီကနေ့မနက်ပိုင်းမှာ စစ်တွေဆေးရုံကို လွှဲပြောင်းခဲ့ပါတယ်။ ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကို အရေးပေါ်လူနာတင်ကားနဲ့သယ်ဆောင်လာခဲ့ချိန် လမ်းမှာရှိတဲ့ တပ်မတော်စစ်ဆေးရေးဂိတ်တွေက စစ်ဆေးမှုတွေအချိန်အကြာကြီးပြုလုပ်နေတဲ့အတွက် ၅ နာရီခန့်ကြာမြင့်ခဲ့ပြီး နောက်ကျပြီးမှ ဆေးရုံကိုရောက်ရှိလာခဲ့ပါတယ်။ “ကျွန်တော်တို့ ကျောက်တော်ကနေ ထွက်လာတာ မနက် ၅ နာရီခွဲလောက်မှာထွက်ခဲ့တာပါ။ ကန်ဇောက်ဂိတ်မှာ တစ်နာရီလောက်အကြာစစ်ဆေးတယ်။ ဂိတ်သုံးခုကနေ စစ်ဆေးပါတယ်။ စစ်တွေကို ၁၁ နာရီကျော်မှပဲရောက်ပါတယ်။ တော်တော်လေးနောက်ကျသွားတာပေါ့”လို့ လက်နက်ကြီးကျည်စထိပြီး ဝမ်းဗိုက်ပေါက်သွားတဲ့ ကိုဦးသန်းဇော်ရဲ့အဖေ ဦးမောင်လှမြင့်ကပြောပါတယ်။ ဒဏ်ရာရလူနာလေးဦးစလုံးမှာ ကျောင်းသားလူငယ်တွေဖြစ်ကြပြီး မနေ့ကညနေပိုင်းမှာ ကျောင်းမသွားခင် မြစ်ထဲရေဆင်းချိုးပြီး ဘောလုံးကစားနေကြတဲ့အချိန်မှာ လက်နက်ကြီးကျည်က ကမ်းပါးမှာကျရောက်ပေါက်ကွဲကာ သူတို့လေးဦးထိခိုက်ဒဏ်ရာတွေရရှိခဲ့တာလို့ဆိုပါတယ်။…
Read More
ဘုန်းကြီးကိုယ်တိုင်မောင်းလာတဲ့ မော်တော်ကား လမ်းဘေးသစ်ပင်ဝင်တိုက် ယာဉ်မောင်းဘုန်းကြီး ပျံလွန်တော်မူ
ဘုန်းကြီးကိုယ်တိုင်မောင်းလာတဲ့ မော်တော်ကား လမ်းဘေးသစ်ပင်ဝင်တိုက် ယာဉ်မောင်းဘုန်းကြီး ပျံလွန်တော်မူ အုတ်ဖို၊ ဖေဖော်ဝါရီ ၁၂-၂၀၂၀ မိုးယံ(VOM) ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အုတ်သျှစ်ကုန်းအုပ်စု၊ အုတ်သျှစ်ကုန်းရွာ ရန်ကုန်ပြည်ကားလမ်းဘေး မိုင်တိုင် ၁၁၄နဲ့ ၁၁၅ကြားမှာ ဒီကနေ့မနက်ပိုင်း တိုက်ကြီးမြို့နယ်ကနေ ဘုန်းကြီးကိုယ်တိုင်မောင်းလာတဲ့ မော်တော်ကားတစ်စီး လမ်းဘေးသစ်ပင်ဝင်တိုက်ပြီး လမ်းဘေးထိုးကျရာ ကားပေါ်ပါလာတဲ့ ဆရာတော်တစ်ပါးပျံလွန်တော်မူပြီး ဆရာတော်တစ်ပါးနဲ့ကပ္ပိယတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အေးမြသာယာနယ်မြေရဲစခန်းကနေ သိရပါတယ်။ ‟ဆရာတော်တစ်ပါးတော့ နေရာတင်ပျံလွန်တော်မူသွားပါတယ်၊ ကျန်တဲ့ဆရာတော်တစ်ပါးနဲ့ ကပ္ပိယကတော့ ခြေထောက်ကျိုး။ လက်ကျိုးသွားပါတယ်။ သူတို့ကိုတော့ ရန်ကုန်ဆေးရုံကြီးလွှဲပေးလို့ လူမှုကူညီရေးအသင်းတွေက လိုက်လံပို့ဆောင်ပေးနေပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူးလို့”အုတ်ဖိုမြို့နယ်၊ ဓမ္မဝိဇယလူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ဦးဖိုးဇေယျာကပြောပါတယ်။ ဖြစ်စဉ်ဖြစ်ခဲ့တဲ့ မော်တော်ကားဟာ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ နှင်းဆီမြိုင်ကျေးရွာ၊ ညာဏသုခကျောင်းတိုက်က သက်တော်(၄၅)နှစ်၊ ဝါတော် (၂)ဝါရှိတဲ့ ဆရာတော်ဦးသူရိယကိုယ်တိုင်မောင်းနှင်ပြီး ယာဉ်မောင်းဘေးမှာတော့ တိုက်ကြီးမြိူ့နယ်နေ အသက်(၄၃)နှစ်ရှိဦးရဲတင့်နဲ့ ယာဉ်နောက်ခန်းမှာ တိုက်ကြီးမြို့နယ်၊ နန္ဒဝန်ကျောင်းတိုက်…
Read More
မန္တလေးတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ခြင်းမရှိ
မန္တလေးတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ခြင်းမရှိ မန္တလေး၊ ဖေဖော်ဝါရီ ၁၂-၂၀၂၀ လင်းခိုင်(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရီ အားကစားကွင်းမှာ ဒီကနေ့မနက်ပိုင်းက ၂၀၂၀ပြည့်နှစ်၊ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို မန္တလေးတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်ခြင်းမရှိဘဲ ခေတ္တ၀န်ကြီးချုပ် ဦးဇာနည်အောင်သာ တက်ရောက်ပြီး နိုင်ငံတော်သမ္မတပေးပို့တဲ့သ၀ဏ်လွှာကို ဖတ်ကြားခဲ့တာဖြစ်ပါတယ်။ “ဒို့၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီပွဲကိုတက်ဖို့ အင်မတန်အားခဲထားတာပါ၊ သို့သော် သူ့ဘန်ကောက်က ဆရာ၀န်များကို လှမ်းခွင့်တောင့်တဲ့အခါ၊ မသင့်လျှော်သေးဘူးဆိုတဲ့အတွက် ရောက်မလာတာဖြစ်ပါတယ်”လို့ မန္တလေးတိုင်း ခေတ္တ၀န်ကြီးချုပ် ဦးဇာနည်အောင်ကပြောပါတယ်။ မန္တလေးတိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ပထမအပတ်က ထိုင်းနိုင်ငံကနေ ဆေးကုသမှုခံယူပြီး မန္တလေးမြို့ကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ #VOM #voiceofmyanmar #မန္တလေး #ပြည်ထောင်စုနေ့ #‌ဒေါက်တာဇော်မြင့်မောင် #မတက်ရောက် Zawgyi မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပြည်ထောင်စုနေ့အခမ်းအနားကို တက်ရောက်ခြင်းမရှိ မန္တလေး၊ ဖေဖော်ဝါရီ…
Read More
ဆူဒန်သမ္မတဟောင်းကို အိုင်စီစီသို့ လွှဲပြောင်းစီရင်ဖို့ အာဏာပိုင်တွေ သဘောတူ
ဆူဒန်သမ္မတဟောင်းကို အိုင်စီစီသို့ လွှဲပြောင်းစီရင်ဖို့ အာဏာပိုင်တွေ သဘောတူ ခါတွမ်၊ ဖေဖော်ဝါရီ-၁၂-၂၀၂၀ မျိုးဆက် (VOM) ဆူဒန်သမ္မတဟောင်း အိုမာအယ်လ်ဘာရှာကို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုစွဲချက်တွေနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (အိုင်စီစီ)ကို လွှဲပြောင်းပေးဖို့ ဆူဒန်အာဏာပိုင်တွေက သဘောတူလိုက်ပါတယ်။ သမ္မတဟောင်းဘာရှာဟာ ၂၀၀၃ ခုနှစ်အတွင်း ဒါဖာမှာဖြစ်ပွားခဲ့တဲ့ လူဦးရေသုံးသိန်းသေဆုံးစေခဲ့တဲ့ ပဋိပက္ခမှာ ရာဇဝတ်မှုအများအပြားကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။ သမ္မတဟောင်းနဲ့ စွဲချက်တင်ခံရတဲ့ အခြားသူတွေကို ခုံရုံးမှာတရားရင်ဆိုင်ဖို့အတွက် နယ်သာလန်နိုင်ငံ သည်ဟိဂ်ကို ပို့ဆောင်သင့်တယ်လို့ ဆူဒန်အာဏာပိုင်တွေက ပြောပါတယ်။ ဒီလို အိုင်စီစီသို့လွှဲပြောင်းပေးမယ့်ကိစ္စဟာ ဆူဒန်အစိုးရနဲ့ ဒါဖာဒေသမှ သူပုန်အုပ်စုတွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်ပြီးနောက် သဘောတူခဲ့ကြတာဖြစ်ပါတယ်။ ဒါဖာဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြန်လည်ကုစားနိုင်ခြင်းမရှိဘူးဆိုရင် တရားမျှတမှုရှိမှာမဟုတ်ကြောင်း၊ သမ္မတဟောင်း ဘာရှာနဲ့ အခြားသုံးဦးကို အိုင်စီစီသို့ လွှဲပြောင်းပေးသွားမှာဖြစ်ပြီး ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဘူးလို့ ဆူဒန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဟတ်ဆန်အယ်လ်တိုင်ရှီက ပြောပါတယ်။ Ref : BBC Photo:…
Read More
တရုတ်ဝယ်လက်မရှိလို့ မြန်မာ့ရေထွက်ပို့ကုန်ဈေးကွက် စိုးရိမ်စရာဖြစ်နေ
တရုတ်ဝယ်လက်မရှိလို့ မြန်မာ့ရေထွက်ပို့ကုန်ဈေးကွက် စိုးရိမ်စရာဖြစ်နေ ရန်ကုန် ဖေဖော်ဝါရီ ၁၂- ၂၀၂၀ သိင်္ဂီ (VOM) ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် တရုတ်ကို တင်ပို့နေတဲ့ မြန်မာ့ပင်လယ်ရေထွက်ပို့ကုန်ပစ္စည်း ဈေးကွက် အခက်တွေ့နေတယ်လို့ မြန်မာနိုင်ငံရေထွက် ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းက သိရပါတယ်။ မြန်မာနိုင်ငံမှာက ပင်လယ်ထွက် သံယံဇာတတွေကို သိုလှောင်နိုင်တဲ့ အအေးခန်းလုံလောက်မှု မရှိတာကြောင့် တရုတ်ဈေးကွက်ကို မှီခိုအားထားနေရပါတယ်။ လက်ရှိတရုတ်- မြန်မာ နယ်စပ်ဂိတ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နှစ်ကူးရက်ရှည် ပိတ်ထားပြီး တရုတ်ကုန်သည် ဝယ်လက် နည်းပါးနေတဲ့အတွက် အခက်အခဲတွေကြုံနေရတာဖြစ်တယ်လို့ မြန်မာနိုင်ငံရေထွက် ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးထွန်းအေးက ပြောပါတယ် ။ “တရုတ်က ကုန်သည်တွေနဲ့ ဆက်သွယ်တဲ့အခါမှာ သူတို့ကိုယ်တိုင်လည်း ရှေးအလားအလာကို မခန့်မှန်းနိုင် သေးဘူးဖြစ်နေတယ်။ လက်ရှိတရုတ်နယ်စပ်ဘက်မှာက ဆိုင်တွေ လည်းပိတ်ထားတော့ ရောင်းရတာခက်နေတယ်။ လက်ရှိ…
Read More
မူဆယ်မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ပြည်ထောင်စုနေ့မလုပ်
မူဆယ်မှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်တဲ့အနေနဲ့ ပြည်ထောင်စုနေ့အခမ်းအနာမလုပ် ဖေဖေါ်ဝါရီ ၁၂-၂၀၂၀ ဖြူဖြူဖွေး(VOM) (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရှမ်းပြည်နယ် ပင်လုံမြို့၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကာ ရှမ်းပြည်နယ်အတွင်းကမြို့တွေမှာ ကျင်းပကြပေမယ့် မူဆယ်မှာတော့ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင် ရောဂါမဖြစ်ပွားစေရန် နှင့် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်သောအနေဖြင့် လူစုလူဝေး‌လျော့ဖို့ မလုပ်တာလို့ သက်ဆိုင်ရာကသိရပါတယ်။ ” ကျွန်တော်တို့ရပ်မိရပ်ဖတွေပြောတာကတော့ မူဆယ်မြို့ဟာ တရုတ်နိုင်ငံနဲ့ အနီးစပ်ဆုံးနယ်နိမိတ်မှာရှိတဲ့အတွက် တရုတ်နိုင်ငံ ဝူဟန်မြို့တွင်စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် မလိုလားအပ်တဲ့ ရောဂါကူးတက်မှုတွေမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပါ။ဒီရောဂါကြီးက အကောင်လိုက်လာတာကို မမြင်ရတာကြောင့် ကြိုတင်ကာကွယ်မှတော်ကာကြမှာဖြစ်သောကြောင့် လူစုလူဝေးကို ဖြေလျော့ချင်းဖြင့် ရောဂါကိုကြိုတင်ကာကွယ်တာပါ” လို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းကျော်က ပြောပါတယ်။ အလားတူ ကိုရိုနာဗိုင်းရပ်ပိုး အန္တရာယ်ကြောင့်ဖေဖေါ်ဝါရီလ ၇…
Read More
ရေဦးမြို့နယ်မှာ အမျိုးသမီးတယောက် မီးရှို့အသတ်ခံရ
ရေဦးမြို့နယ်မှာ အမျိုးသမီးတယောက် မီးရှို့အသတ်ခံရ ကလေး ဖေဖော်ဝါရီ ၁၂-၂၀၂၀ ငြိမ်းသူမင်း(VOM) စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အင်ပင်ရေ ကျေးရွာမှာ နေထိုင်တဲ့ အသက် (၂၇)နှစ် အရွယ် အမျိုးသမီးတစ်ဦးဟာ မနေ့ ဖေဖေါ်ဝါရီ ၁၁ရက် မနက်ပိုင်းက တောထဲ နွားကျောင်းသွားတဲ့ အချိန်မှာ မီးရှို့ အသတ်ခံရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ရေဦးမြို့မရဲစခန်း ကနေ စုံစမ်း သိရပါတယ်။ အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရေဦးမြို့မရဲစခန်း က တာဝန်ရှိသူတစ်ဦးက “ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။တရာခံကိုတော့ စုံစမ်း ရှာဖွေနေတယ်” လို့ ပြောပါတယ်။ အသက် (၂၇) နှစ် အရွယ် မနီလာအေး ဟာဆိုရင် အခင်းမဖြစ်ခင် မနက်ပိုင်း က နွားကျောင်းဖို့ ထွက်သွားရာကနေ ညနေ နွားတွေကတဲကို ပြန်လာပေမယ့် နွားကျောင်းတဲ့သူ ပါမလာတာကြောင့် ရွာသားတွေရဲ့ အကူအညီနဲ့…
Read More
ရွှေလီရဲက အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယမြောက်တစ်ဦး ထပ်မံတွေ့ရှိ
ရွှေလီရဲက အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယမြောက်တစ်ဦး ထပ်မံတွေ့ရှိ မူဆယ် ၊‌ဖေဖေါ်ဝါရီ ၁၂-၂၀၂၀ ဖြူဖြူဖွေး(VOM) တရုတ်နိုင်ငံရွှေလီရဲဌာနက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆီ အကူအညီတောင်းခံခဲ့သူ ၅ ဦးအနက် ဒုတိယအကြိမ်မြောက် အမျိုးသားတစ်ဦး ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှသိရပါတယ်။ ယခုတွေ့ရှိတဲ့သူက ဖေဖေါ်ဝါရီ ၇ ရက်နေ့က ရွှေလီရဲဌာနကို လူကိုယ်တိုင်လာရောက်ခဲ့တာနဲ့ သူမှာ ကိုရိုနာဗိုင်းရပ်စ်ကူးဆက်ခံထားရမှုမရှိဘူးလို့လည်း ရွှေလီရဲဌာနက ဖေဖေါ်ဝါရီလ ၁၁ ရက်နေမှာ အကြောင်းပြန်လာပါတယ်။ ကျန်‌ နေတဲ့သူများကိုလည်း ကျွန်တော်တို့ဘက်က သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အပူတပြင်းရှာဖွေနေလျက်နဲ့ ယခုချိန်ထိမတွေ့သေးတာကလည်း တရုတ်နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေး များပိတ်ထားမှုကြောင့် ၎င်းတို့ရောက်ရှိရာမြို့တွေမှာ ပိတ်မိနေနိုင်တာလည်းဖြစ်နိုင်ပါတယ်လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်ထိန်လင်းက VOM သို့ပြောပါတယ်။ တရုတ်နိုင်ငံ ရွှေလီရဲဌာနမှ အကူအညီတောင်းခံတဲ့စာမှာ မူဆယ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယရှိသူ တရုတ်နိုင်ငံသား ၅ ဦးရောက်ရှိနေကြောင်း ဖေါ်ပြထားပါတယ်အကြောင်းကြားစာအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က…
Read More
VOM News
FREE
VIEW