ရေဦးမြို့နယ်မှာ အမျိုးသမီးတယောက် မီးရှို့အသတ်ခံရ

ရေဦးမြို့နယ်မှာ အမျိုးသမီးတယောက် မီးရှို့အသတ်ခံရ

ကလေး ဖေဖော်ဝါရီ ၁၂-၂၀၂၀
ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အင်ပင်ရေ ကျေးရွာမှာ နေထိုင်တဲ့ အသက် (၂၇)နှစ် အရွယ် အမျိုးသမီးတစ်ဦးဟာ မနေ့ ဖေဖေါ်ဝါရီ ၁၁ရက် မနက်ပိုင်းက တောထဲ နွားကျောင်းသွားတဲ့ အချိန်မှာ မီးရှို့ အသတ်ခံရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ရေဦးမြို့မရဲစခန်း ကနေ စုံစမ်း သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရေဦးမြို့မရဲစခန်း က တာဝန်ရှိသူတစ်ဦးက “ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။တရာခံကိုတော့ စုံစမ်း ရှာဖွေနေတယ်” လို့ ပြောပါတယ်။

အသက် (၂၇) နှစ် အရွယ် မနီလာအေး ဟာဆိုရင် အခင်းမဖြစ်ခင် မနက်ပိုင်း က နွားကျောင်းဖို့ ထွက်သွားရာကနေ ညနေ နွားတွေကတဲကို ပြန်လာပေမယ့် နွားကျောင်းတဲ့သူ ပါမလာတာကြောင့် ရွာသားတွေရဲ့ အကူအညီနဲ့ လိုက်လံ ရှာဖွေရာကနေ တဲရဲ့ တောင်ဘက် လေးဖာလုံ လောက် အကွာအဝေးမှာရှိတဲ့ အင်တိုင်းတောထဲမှာ မီးရှို့ အသတ်ခံရထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ် နဲ့ ပတ်သက္ျပီး တင်းတိမ်ရံနယ်မြေရဲစခန်း မှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေဦး #အမျိုးသမီးတဦးမီးရှို့သတ်ခံရ

Zawgyi

ေရဦးၿမိဳ႕နယ္မွာ အမ်ိဳးသမီးတေယာက္ မီးရွိဳ႕အသတ္ခံရ

ကေလး ေဖေဖာ္ဝါရီ ၁၂-၂၀၂၀
ၿငိမ္းသူမင္း(VOM)

စစ္ကိုင္းတိုင္းေဒသႀကီး ေရဦးၿမိဳ႕နယ္ အင္ပင္ေရ ေက်း႐ြာမွာ ေနထိုင္တဲ့ အသက္ (၂၇)ႏွစ္ အ႐ြယ္ အမ်ိဳးသမီးတစ္ဦးဟာ မေန႕ ေဖေဖၚဝါရီ ၁၁ရက္ မနက္ပိုင္းက ေတာထဲ ႏြားေက်ာင္းသြားတဲ့ အခ်ိန္မွာ မီးရႈိ႕ အသတ္ခံရတဲ့ ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့တယ္လို႔ ေရဦးၿမိဳ႕မရဲစခန္း ကေန စုံစမ္း သိရပါတယ္။

အဲ့ဒီျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ေရဦးၿမိဳ႕မရဲစခန္း က တာ၀န္ရွိသူတစ္ဦးက “ျဖစ္စဥ္ကေတာ့ ဟုတ္ပါတယ္။တရာခံကိုေတာ့ စုံစမ္း ရွာေဖြေနတယ္” လို႔ ေျပာပါတယ္။

အသက္ (၂၇) ႏွစ္ အ႐ြယ္ မနီလာေအး ဟာဆိုရင္ အခင္းမျဖစ္ခင္ မနက္ပိုင္း က ႏြားေက်ာင္းဖို႔ ထြက္သြားရာကေန ညေန ႏြားေတြကတဲကို ျပန္လာေပမယ့္ ႏြားေက်ာင္းတဲ့သူ ပါမလာတာေၾကာင့္ ႐ြာသားေတြရဲ႕ အကူအညီနဲ႔ လိုက္လံ ရွာေဖြရာကေန တဲရဲ႕ ေတာင္ဘက္ ေလးဖာလုံ ေလာက္ အကြာအေဝးမွာရွိတဲ့ အင္တိုင္းေတာထဲမွာ မီးရႈိ႕ အသတ္ခံရထားရတဲ့ ဒဏ္ရာေတြနဲ႔ ေသဆုံးေနတာကို ေတြ႕ရွိခဲ့ၾကတာ ျဖစ္ပါတယ္။

အဲ့ဒီျဖစ္စဥ္ နဲ႔ ပတ္သက္ျပီး တင္းတိမ္ရံနယ္ေျမရဲစခန္း မွာ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္ ထားၿပီး စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ေရဦး #အမ်ိဳးသမီးတဦးမီးရွိဳ႕သတ္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW