တရုတ်ဝယ်လက်မရှိလို့ မြန်မာ့ရေထွက်ပို့ကုန်ဈေးကွက် စိုးရိမ်စရာဖြစ်နေ

တရုတ်ဝယ်လက်မရှိလို့ မြန်မာ့ရေထွက်ပို့ကုန်ဈေးကွက် စိုးရိမ်စရာဖြစ်နေ

ရန်ကုန် ဖေဖော်ဝါရီ ၁၂- ၂၀၂၀
သိင်္ဂီ (VOM)

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် တရုတ်ကို တင်ပို့နေတဲ့ မြန်မာ့ပင်လယ်ရေထွက်ပို့ကုန်ပစ္စည်း ဈေးကွက် အခက်တွေ့နေတယ်လို့ မြန်မာနိုင်ငံရေထွက် ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်းက သိရပါတယ်။

မြန်မာနိုင်ငံမှာက ပင်လယ်ထွက် သံယံဇာတတွေကို သိုလှောင်နိုင်တဲ့ အအေးခန်းလုံလောက်မှု မရှိတာကြောင့် တရုတ်ဈေးကွက်ကို မှီခိုအားထားနေရပါတယ်။ လက်ရှိတရုတ်- မြန်မာ နယ်စပ်ဂိတ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နှစ်ကူးရက်ရှည် ပိတ်ထားပြီး တရုတ်ကုန်သည် ဝယ်လက် နည်းပါးနေတဲ့အတွက် အခက်အခဲတွေကြုံနေရတာဖြစ်တယ်လို့ မြန်မာနိုင်ငံရေထွက် ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးထွန်းအေးက ပြောပါတယ် ။

“တရုတ်က ကုန်သည်တွေနဲ့ ဆက်သွယ်တဲ့အခါမှာ သူတို့ကိုယ်တိုင်လည်း ရှေးအလားအလာကို မခန့်မှန်းနိုင် သေးဘူးဖြစ်နေတယ်။ လက်ရှိတရုတ်နယ်စပ်ဘက်မှာက ဆိုင်တွေ လည်းပိတ်ထားတော့ ရောင်းရတာခက်နေတယ်။ လက်ရှိ ကျွန်တော်တို့ ပင်လယ် ရေထွက် ပစ္စည်းတွေ တရုတ်ကိုပို့တဲ့အခါမှာ Market ပျောက်နေ တဲ့ အနေအထားမျိုးမှာ ရှိနေတယ်။တရုတ်ဝယ်လက် အေးနေတော့ တင်ပို့မှုဈေးကွက်က စိုးရိမ်ဖွယ်အနေအထားကိုရောက်နေတယ်” လို့ ဆိုပါတယ်။

မြန်မာ့ပင်လယ်ရေထွက် ပို့ကုန်တွေကို နှစ်စဉ်နယ်စပ်ကနေ တရုတ်နိုင်ငံထံ တင်ပို့မှုက ၅၀ ရာခိုင်နှုန်းအထက် ရှိပါတယ်။ပင်လယ်ရေထွက်ကုန်ပို့တဲ့ ပြည်ပနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံရဲ့ ဝယ်ယူသုံးစွဲမှုက ၅၀ ရာခိုင်နှုန်းအထက်မှာရှိတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပင်လယ်ရေထွက် ပို့ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံအပါအဝင် EU နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံ ကို အဓိကထားတင်ပို့နေတာပဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရေထွက်ပစ္စည်းစိုးရိမ်စရာ

Zawgyi

တ႐ုတ္ဝယ္လက္မရွိလို႔ ျမန္မာ့ေရထြက္ပို႔ကုန္ေဈးကြက္ စိုးရိမ္စရာျဖစ္ေန

ရန္ကုန္ ေဖေဖာ္ဝါရီ ၁၂- ၂၀၂၀
သိဂႌ (VOM)

ကို႐ိုနာဗိုင္းရပ္စ္ဂယက္ေၾကာင့္ တ႐ုတ္ကို တင္ပို႔ေနတဲ့ ျမန္မာ့ပင္လယ္ေရထြက္ပို႔ကုန္ပစၥည္း ေဈးကြက္ အခက္ေတြ႕ေနတယ္လို႔ ျမန္မာႏိုင္ငံေရထြက္ ပစၥည္း ထုတ္လုပ္သူမ်ားႏွင့္ ပို႔ကုန္လုပ္ငန္းရွင္မ်ား အသင္းက သိရပါတယ္။

ျမန္မာႏိုင္ငံမွာက ပင္လယ္ထြက္ သံယံဇာတေတြကို သိုေလွာင္ႏိုင္တဲ့ အေအးခန္းလုံေလာက္မႈ မရွိတာေၾကာင့္ တ႐ုတ္ေဈးကြက္ကို မွီခိုအားထားေနရပါတယ္။ လက္ရွိတ႐ုတ္- ျမန္မာ နယ္စပ္ဂိတ္ေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏွစ္ကူးရက္ရွည္ ပိတ္ထားၿပီး တ႐ုတ္ကုန္သည္ ဝယ္လက္ နည္းပါးေနတဲ့အတြက္ အခက္အခဲေတြႀကဳံေနရတာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံေရထြက္ ပစၥည္း ထုတ္လုပ္သူမ်ားႏွင့္ ပို႔ကုန္လုပ္ငန္းရွင္မ်ား အသင္း ဥကၠ႒ ဦးထြန္းေအးက ေျပာပါတယ္ ။

“တ႐ုတ္က ကုန္သည္ေတြနဲ႔ ဆက္သြယ္တဲ့အခါမွာ သူတို႔ကိုယ္တိုင္လည္း ေရွးအလားအလာကို မခန႔္မွန္းႏိုင္ ေသးဘူးျဖစ္ေနတယ္။ လက္ရွိတ႐ုတ္နယ္စပ္ဘက္မွာက ဆိုင္ေတြ လည္းပိတ္ထားေတာ့ ေရာင္းရတာခက္ေနတယ္။ လက္ရွိ ကြၽန္ေတာ္တို႔ ပင္လယ္ ေရထြက္ ပစၥည္းေတြ တ႐ုတ္ကိုပို႔တဲ့အခါမွာ Market ေပ်ာက္ေန တဲ့ အေနအထားမ်ိဳးမွာ ရွိေနတယ္။တ႐ုတ္ဝယ္လက္ ေအးေနေတာ့ တင္ပို႔မႈေဈးကြက္က စိုးရိမ္ဖြယ္အေနအထားကိုေရာက္ေနတယ္” လို႔ ဆိုပါတယ္။

ျမန္မာ့ပင္လယ္ေရထြက္ ပို႔ကုန္ေတြကို ႏွစ္စဥ္နယ္စပ္ကေန တ႐ုတ္ႏိုင္ငံထံ တင္ပို႔မႈက ၅၀ ရာခိုင္ႏႈန္းအထက္ ရွိပါတယ္။ပင္လယ္ေရထြက္ကုန္ပို႔တဲ့ ျပည္ပႏိုင္ငံေတြထဲမွာ တ႐ုတ္ႏိုင္ငံရဲ႕ ဝယ္ယူသုံးစြဲမႈက ၅၀ ရာခိုင္ႏႈန္းအထက္မွာရွိတယ္လို႔သိရပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ ပင္လယ္ေရထြက္ ပို႔ကုန္ပစၥည္းေတြကို တ႐ုတ္ႏိုင္ငံအပါအဝင္ EU ႏိုင္ငံေတြနဲ႔ ဂ်ပန္ႏိုင္ငံ ကို အဓိကထားတင္ပို႔ေနတာပဲျဖစ္ပါတယ္။

#voiceofmyanmar #VOM #ေရထြက္ပစၥည္းစိုးရိမ္စရာ

Related posts

Leave a Comment

VOM News

FREE
VIEW