ဆူဒန်သမ္မတဟောင်းကို အိုင်စီစီသို့ လွှဲပြောင်းစီရင်ဖို့ အာဏာပိုင်တွေ သဘောတူ

ဆူဒန်သမ္မတဟောင်းကို အိုင်စီစီသို့ လွှဲပြောင်းစီရင်ဖို့ အာဏာပိုင်တွေ သဘောတူ

ခါတွမ်၊ ဖေဖော်ဝါရီ-၁၂-၂၀၂၀
မျိုးဆက် (VOM)

ဆူဒန်သမ္မတဟောင်း အိုမာအယ်လ်ဘာရှာကို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုစွဲချက်တွေနဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (အိုင်စီစီ)ကို လွှဲပြောင်းပေးဖို့ ဆူဒန်အာဏာပိုင်တွေက သဘောတူလိုက်ပါတယ်။

သမ္မတဟောင်းဘာရှာဟာ ၂၀၀၃ ခုနှစ်အတွင်း ဒါဖာမှာဖြစ်ပွားခဲ့တဲ့ လူဦးရေသုံးသိန်းသေဆုံးစေခဲ့တဲ့ ပဋိပက္ခမှာ ရာဇဝတ်မှုအများအပြားကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

သမ္မတဟောင်းနဲ့ စွဲချက်တင်ခံရတဲ့ အခြားသူတွေကို ခုံရုံးမှာတရားရင်ဆိုင်ဖို့အတွက် နယ်သာလန်နိုင်ငံ သည်ဟိဂ်ကို ပို့ဆောင်သင့်တယ်လို့ ဆူဒန်အာဏာပိုင်တွေက ပြောပါတယ်။

ဒီလို အိုင်စီစီသို့လွှဲပြောင်းပေးမယ့်ကိစ္စဟာ ဆူဒန်အစိုးရနဲ့ ဒါဖာဒေသမှ သူပုန်အုပ်စုတွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်ပြီးနောက် သဘောတူခဲ့ကြတာဖြစ်ပါတယ်။

ဒါဖာဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြန်လည်ကုစားနိုင်ခြင်းမရှိဘူးဆိုရင် တရားမျှတမှုရှိမှာမဟုတ်ကြောင်း၊ သမ္မတဟောင်း ဘာရှာနဲ့ အခြားသုံးဦးကို အိုင်စီစီသို့ လွှဲပြောင်းပေးသွားမှာဖြစ်ပြီး ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဘူးလို့ ဆူဒန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ဟတ်ဆန်အယ်လ်တိုင်ရှီက ပြောပါတယ်။

Ref : BBC Photo: Reuters
#VOM #voiceofmyanmar #ဆူဒန်သမ္မတဟောင်း #အိုင်စီစီလွှဲပြောင်းဖို့ #အာဏာပိုင်တွေသဘောတူ

Zawgyi

ဆူဒန္သမၼတေဟာင္းကို အိုင္စိီစီသို႔ လႊဲေျပာင္းစီရင္ဖို႔ အာဏာပိုင္ေတြ သေဘာတူ

ခါတြမ္၊ ေဖေဖာ္၀ါရီ-၁၂-၂၀၂၀
မ်ိဳးဆက္ (VOM)

ဆူဒန္သမၼတေဟာင္း အိုမာအယ္လ္ဘာရွာကို လူမ်ိဳးတုန္းသတ္ျဖတ္မႈ၊ စစ္ရာဇ၀တ္မႈစြဲခ်က္ေတြနဲ႔ နို္င္ငံတကာ ရာဇ၀တ္ခံုရံုး (အိုင္စီစီ)ကို လႊဲေျပာင္းေပးဖို႔ ဆူဒန္အာဏာပိုင္ေတြက သေဘာတူလိုက္ပါတယ္။

သမၼတေဟာင္းဘာရွာဟာ ၂၀၀၃ ခုနွစ္အတြင္း ဒါဖာမွာျဖစ္ပြားခဲ႔တဲ႔ လူဦးေရသံုးသိန္းေသဆံုးေစခဲ႔တဲ႔ ပဋိပကၡမွာ ရာဇ၀တ္မႈအမ်ားအျပားက်ဴးလြန္ခဲ႔တယ္လို႔ စြပ္စြဲခံထားရတာျဖစ္ပါတယ္။

သမၼတေဟာင္းနဲ႔ စြဲခ်က္တင္ခံရတဲ႔ အျခားသူေတြကို ခံုရံုးမွာတရားရင္ဆိုင္ဖို႔အတြက္ နယ္သာလန္နိုင္ငံ သည္ဟိဂ္ကုိ ပို႔ေဆာင္သင္႔တယ္လုိ႔ ဆူဒန္အာဏာပိုင္ေတြက ေျပာပါတယ္။

ဒီလို အုိင္စီစီသို႔လႊဲေျပာင္းေပးမယ္႔ကိစၥဟာ ဆူဒန္အစိုးရနဲ႔ ဒါဖာေဒသမွ သူပုန္အုပ္စုေတြအၾကား ျငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြျပဳလုပ္ျပီးေနာက္ သေဘာတူခဲ႔ၾကတာျဖစ္ပါတယ္။

ဒါဖာျဖစ္ရပ္နဲ႔ပတ္သက္ျပီး ျပန္လည္ကုစားနုိင္ျခင္းမရိွဘူးဆိုရင္ တရားမွ်တမႈရိွမွာမဟုတ္ေၾကာင္း၊ သမၼတေဟာင္း ဘာရွာနဲ႔ အျခားသံုးဦးကို အိုင္စီစီသို႔ လႊဲေျပာင္းေပးသြားမွာျဖစ္ျပီး ဥပေဒရဲ႕အထက္မွာ ဘယ္သူမွမရိွဘူးလို႔ ဆူဒန္အစိုးရအဖြဲ႔ေျပာေရးဆိုခြင္႔ရိွသူ မိုဟာမက္ဟတ္ဆန္အယ္လ္တိုင္ရွီက ေျပာပါတယ္။

Ref : BBC Photo: Reuters
#VOM #voiceofmyanmar #ဆူဒန္သမၼတေဟာင္း #အိုင္စိီစီလႊဲေျပာင္းဖို႔ #အာဏာပိုင္ေတြသေဘာတူ

Related posts

Leave a Comment

VOM News

FREE
VIEW