ဘူးသီးတောင်မှာ လက်နက်ကြီးကျလို့ နှစ်ဦးသေပြီး သံုံးဦးဒဏ်ရာရ

ဘူးသီးတောင်မှာ လက်နက်ကြီးကျလို့ နှစ်ဦးသေပြီး သံုံးဦးဒဏ်ရာရ

ဘူးသီးတောင်၊ ဖေဖော်ဝါရီ ၁၂-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ရွာမှာ အခုညနေ ၃ နာရီလောက်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးနဲ့ ကျောင်းသားလေးတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ဟာ ဦးဆီရော်ဒိန်ရဲ့နေအိမ်ပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး မိသားစုတစ်ခု တည်းက မိခင်ဖြစ်သူနဲ့ သားဖြစ်သူ ဆယ်တန်းကျောင်းသားလေးတို့သေဆုံးကာ နောက်ထပ်အမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြတယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။

“အခုညနေ ၃ နာရီလောက်မှာကျတာပါ။ နှစ်ယောက်သေပါတယ်။ သုံးယောက်ဒဏ်ရာရပါတယ်။ အရင်နေ့တွေကဆိုရင် ရွာနားကတောင်တွေမှာကျတယ်။ ဒီနေ့အိမ်ပေါ်မှာလာကျတာပါ။”လို့ ရေချမ်းပြင်ကျေးရွာသားတစ်ဦးကပြောပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက် ဒီနေ့မှာ ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားတာမရှိကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေလည်းမရှိဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“ဒီနေ့အဲ့ဒီဘက်မှာတိုက်ပွဲဖြစ်တာမရှိဘူး။ ကျွန်တော်တို့ဘက်နက်ကြီးလည်းမပစ်ဘူး။ ဒေသခံတွေကိုမေးပြီးပြီ ဘာမှမဖြစ်ဘူးလို့ပြောတယ်။”လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောဆိုပါတယ်။

ကျေးရွာသားတွေကတော့ ရေချမ်းပြင်ကျေးရွာရဲ့အနောက်ဘက်မှာ တပ်မတော်တပ်ရင်းတွေရှိနေပြီး အဲ့ဒီဘက်က ကျည်လာတာဖြစ်ကြောင်းနဲ့ မကြာသေးခင်ကလည်း လက်နက်ကြီးတွေပစ်ခတ်ခဲ့သေးတယ်လို့ဆိုပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သေဆံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကိုတော့ ဘူးသီးတောင်ဆေးရုံကို အရေးပေါ်ပို့ဆောင်ထားတယ်လို့ အဲ့ဒီကျေးရွာသားကပြောပါတယ်။

#voiceofmyanmar #VOM #ဘူးသီးတောင်မှာလက်နက်ကြီးကျ

 

Zawgyi

ဘူးသီးေတာင္မွာ လက္နက္ႀကီးက်လို႔ ႏွစ္ဦးေသၿပီး သံံုးဦးဒဏ္ရာရ

ဘူးသီးေတာင္၊ ေဖေဖာ္ဝါရီ ၁၂-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္ေျမာက္ပိုင္းေဒသက ဘူးသီးေတာင္ၿမိဳ႕နယ္ သရက္ျပင္ေက်းရြာအုပ္စု၊ ေရခ်မ္းျပင္ရြာမွာ အခုညေန ၃ နာရီေလာက္က လက္နက္ႀကီးက်ည္တစ္လံုး က်ေရာက္ေပါက္ကြဲခဲ့ၿပီး အမ်ိဳးသမီးတစ္ဦးနဲ႔ ေက်ာင္းသားေလးတစ္ဦး ေသဆံုးသြားခဲ့ပါတယ္။

အဲ့ဒီလက္နက္ႀကီးက်ည္ဟာ ဦးဆီေရာ္ဒိန္ရဲ႕ေနအိမ္ေပၚမွာ က်ေရာက္ေပါက္ကြဲခဲ့တာျဖစ္ၿပီး မိသားစုတစ္ခု တည္းက မိခင္ျဖစ္သူနဲ႔ သားျဖစ္သူ ဆယ္တန္းေက်ာင္းသားေလးတုိ႔ေသဆံုးကာ ေနာက္ထပ္အမ်ိဳးသမီးတစ္ဦးနဲ႔ ကေလးႏွစ္ဦးတုိ႔ ဒဏ္ရာရရွိခဲ့ၾကတယ္လို႔ ရြာသားတစ္ဦးကေျပာပါတယ္။

“အခုညေန ၃ နာရီေလာက္မွာက်တာပါ။ ႏွစ္ေယာက္ေသပါတယ္။ သံုးေယာက္ဒဏ္ရာရပါတယ္။ အရင္ေန႔ေတြကဆိုရင္ ရြာနားကေတာင္ေတြမွာက်တယ္။ ဒီေန႔အိမ္ေပၚမွာလာက်တာပါ။”လို႔ ေရခ်မ္းျပင္ေက်းရြာသားတစ္ဦးကေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၁၂ ရက္ ဒီေန႔မွာ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း တုိက္ပြဲျဖစ္ပြားတာမရွိေၾကာင္းနဲ႔ လက္နက္ႀကီးပစ္ခတ္တာေတြလည္းမရွိဘူးလို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တုိင္းဦးစီး ပထမတန္း ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးက ေျပာပါတယ္။

“ဒီေန႔အဲ့ဒီဘက္မွာတိုက္ပြဲျဖစ္တာမရွိဘူး။ ကၽြန္ေတာ္တိုိ႔ဘက္နက္ႀကီးလည္းမပစ္ဘူး။ ေဒသခံေတြကိုေမးၿပီးၿပီ ဘာမွမျဖစ္ဘူးလို႔ေျပာတယ္။”လို႔ ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးကေျပာဆိုပါတယ္။

ေက်းရြာသားေတြကေတာ့ ေရခ်မ္းျပင္ေက်းရြာရဲ႕အေနာက္ဘက္မွာ တပ္မေတာ္တပ္ရင္းေတြရွိေနၿပီး အဲ့ဒီဘက္က က်ည္လာတာျဖစ္ေၾကာင္းနဲ႔ မၾကာေသးခင္ကလည္း လက္နက္ႀကီးေတြပစ္ခတ္ခဲ့ေသးတယ္လို႔ဆိုပါတယ္။

လက္နက္ႀကီးက်ေရာက္ေပါက္ကြဲၿပီး ေသဆံးသူေတြနဲ႔ ဒဏ္ရာရရွိသူေတြကိုေတာ့ ဘူးသီးေတာင္ေဆးရံုကို အေရးေပၚပို႔ေဆာင္ထားတယ္လို႔ အဲ့ဒီေက်းရြာသားကေျပာပါတယ္။

#voiceofmyanmar #VOM #ဘူးသီးေတာင္မွာလက္နက္ၾကီးက်

Related posts

Leave a Comment

VOM News

FREE
VIEW