ဘုန်းကြီးကိုယ်တိုင်မောင်းလာတဲ့ မော်တော်ကား လမ်းဘေးသစ်ပင်ဝင်တိုက် ယာဉ်မောင်းဘုန်းကြီး ပျံလွန်တော်မူ

ဘုန်းကြီးကိုယ်တိုင်မောင်းလာတဲ့ မော်တော်ကား လမ်းဘေးသစ်ပင်ဝင်တိုက် ယာဉ်မောင်းဘုန်းကြီး ပျံလွန်တော်မူ

အုတ်ဖို၊ ဖေဖော်ဝါရီ ၁၂-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အုတ်သျှစ်ကုန်းအုပ်စု၊ အုတ်သျှစ်ကုန်းရွာ ရန်ကုန်ပြည်ကားလမ်းဘေး မိုင်တိုင် ၁၁၄နဲ့ ၁၁၅ကြားမှာ ဒီကနေ့မနက်ပိုင်း တိုက်ကြီးမြို့နယ်ကနေ ဘုန်းကြီးကိုယ်တိုင်မောင်းလာတဲ့ မော်တော်ကားတစ်စီး လမ်းဘေးသစ်ပင်ဝင်တိုက်ပြီး လမ်းဘေးထိုးကျရာ ကားပေါ်ပါလာတဲ့ ဆရာတော်တစ်ပါးပျံလွန်တော်မူပြီး ဆရာတော်တစ်ပါးနဲ့ကပ္ပိယတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အေးမြသာယာနယ်မြေရဲစခန်းကနေ သိရပါတယ်။

‟ဆရာတော်တစ်ပါးတော့ နေရာတင်ပျံလွန်တော်မူသွားပါတယ်၊ ကျန်တဲ့ဆရာတော်တစ်ပါးနဲ့ ကပ္ပိယကတော့ ခြေထောက်ကျိုး။ လက်ကျိုးသွားပါတယ်။ သူတို့ကိုတော့ ရန်ကုန်ဆေးရုံကြီးလွှဲပေးလို့ လူမှုကူညီရေးအသင်းတွေက လိုက်လံပို့ဆောင်ပေးနေပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူးလို့”အုတ်ဖိုမြို့နယ်၊ ဓမ္မဝိဇယလူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ဦးဖိုးဇေယျာကပြောပါတယ်။

ဖြစ်စဉ်ဖြစ်ခဲ့တဲ့ မော်တော်ကားဟာ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ နှင်းဆီမြိုင်ကျေးရွာ၊ ညာဏသုခကျောင်းတိုက်က သက်တော်(၄၅)နှစ်၊ ဝါတော် (၂)ဝါရှိတဲ့ ဆရာတော်ဦးသူရိယကိုယ်တိုင်မောင်းနှင်ပြီး ယာဉ်မောင်းဘေးမှာတော့ တိုက်ကြီးမြိူ့နယ်နေ အသက်(၄၃)နှစ်ရှိဦးရဲတင့်နဲ့ ယာဉ်နောက်ခန်းမှာ တိုက်ကြီးမြို့နယ်၊ နန္ဒဝန်ကျောင်းတိုက် သက်တော်(၅၈)နှစ်၊ ဝါတော်(၅)ဝါရှိတဲ့ ဆရာတော်ဦးဌေရာနန္ဒတို့ စီးနင်လိုက်ပါလာတဲ့ GRANDE အမျိုးအစားခဲရောင်ဖြစ်တယ်လို့ သိရပါတယ်။

မော်တော်ကားဟာ လမ်းအရှေ့ဘက်ဘေးရှိ သစ်ပင်ကိုဝင်ရောက်တိုက်မိပြီး မော်တော်ကားရဲ့ ဦးခေါင်းကြေ၊ အမိုးကိုင်းကျိုးကြေပျက်ဆီးကာ ကာလတန်ဘိုး သိန်း(၅၀)ကျပ်ခန့် ပျက်ဆီးဆုံးရှုံးခဲ့ကာ ဆရာတော်ဦးသူရိယမှာ ခေါင်းကနေသွေးထွက်ဒဏ်ရာ၊ ပါးစပ်မှ သွေးထွက်ဒဏ်ရာ၊ တံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာ၊ ရင်ဘတ် ညိုမဲဖူးရောင်ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ဖူးရောင်ဒဏ်ရာတို့နဲ့ ပျံလွန်တော်မူသွားပြီး။ ဆရာတော်ဦးဌေရာနန္ဒမှ ာညာဘက်ခြေထောက်နာကျင်ဒဏ်ရာ(၁)ချက်၊ ညာဘက်လက်နာကျင်ဒဏ်ရာ (၁)ချက်၊ ကျောကုန်းအောင့်နာကျင်ဒဏ်ရာ(၁)ချက်ရရှိကာ ကပ္ပိယ ဦးရဲတင့်မှာ ဘယ်ဖက်လက်ကျိုးဒဏ်ရာ(၁)ချက်၊ ညာဘက်လက်ကျိုးဒဏ်ရာ(၁)ချက်၊ ရင်ဘတ်အောင်ဒဏ်ရာ(၁)ချက်၊ အသက်ရှုမဝဒဏ်ရာတွေရရှိခဲ့တယ်လို့ အေးမြသာယာနယ်မြေရဲစခန်းကနေ သိရပါတယ်။

လူ့အသက်သေဆုံးအောင် မဆင်မခြင်မောင်းနှင်ခဲ့တဲ့ ဆရာတော်ဦးသူရိယ(ယာဉ်မောင်း)ကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ စီစဉ်နေတယ်လို့ အေးမြသာယာရဲစခန်းကနေ သိရပါတယ်။

Photo – အေးငြိမ်းရာ လူမှုကူညီရေးအသင်း
#VOM #voiceofmyanmar #အုတ်ဖို #ဘုန်းကြီးမောင်းတဲ့ကားမှောက် #ဘုန်းကြီးပျံလွန်တော်မှု

Zawgyi

ဘုန္းႀကီးကိုယ္တိုင္ေမာင္းလာတဲ့ ေမာ္ေတာ္ကား လမ္းေဘးသစ္ပင္ဝင္တိုက္ ယာဥ္ေမာင္းဘုန္းႀကီး ပ်ံလြန္ေတာ္မူ

အုတ္ဖို၊ ေဖေဖာ္ဝါရီ ၁၂-၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင္း၊ သာယာဝတီခ႐ိုင္၊ အုတ္ဖိုၿမိဳ႕နယ္၊ အုတ္သွ်စ္ကုန္းအုပ္စု၊ အုတ္သွ်စ္ကုန္း႐ြာ ရန္ကုန္ျပည္ကားလမ္းေဘး မိုင္တိုင္ ၁၁၄နဲ႔ ၁၁၅ၾကားမွာ ဒီကေန႔မနက္ပိုင္း တိုက္ႀကီးၿမိဳ႕နယ္ကေန ဘုန္းႀကီးကိုယ္တို္င္ေမာင္းလာတဲ့ ေမာ္ေတာ္ကားတစ္စီး လမ္းေဘးသစ္ပင္ဝင္တိုက္ၿပီး လမ္းေဘးထိုးက်ရာ ကားေပၚပါလာတဲ့ ဆရာေတာ္တစ္ပါးပ်ံလြန္ေတာ္မူၿပီး ဆရာေတာ္တစ္ပါးနဲ႔ကပၸိယတစ္ဦး ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ေအးျမသာယာနယ္ေျမရဲစခန္းကေန သိရပါတယ္။

‟ဆရာေတာ္တစ္ပါးေတာ့ ေနရာတင္ပ်ံလြန္ေတာ္မူသြားပါတယ္၊ က်န္တဲ့ဆရာေတာ္တစ္ပါးနဲ႔ ကပၸိယကေတာ့ ေျခေထာက္က်ိဳး။ လက္က်ိဳးသြားပါတယ္။ သူတို႔ကိုေတာ့ ရန္ကုန္ေဆး႐ုံႀကီးလႊဲေပးလို႔ လူမႈကူညီေရးအသင္းေတြက လိုက္လံပို႔ေဆာင္ေပးေနပါတယ္။ အသက္အႏၲရာယ္ေတာ့ မစိုးရိမ္ရပါဘူးလို႔”အုတ္ဖိုၿမိဳ႕နယ္၊ ဓမၼဝိဇယလူမႈကယ္ဆယ္ေရးအသင္းဥကၠ႒ ဦးဖိုးေဇယ်ာကေျပာပါတယ္။

ျဖစ္စဥ္ျဖစ္ခဲ့တဲ့ ေမာ္ေတာ္ကားဟာ ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္၊ ႏွင္းဆီၿမိဳင္ေက်း႐ြာ၊ ညာဏသုခေက်ာင္းတိုက္က သက္ေတာ္(၄၅)ႏွစ္၊ ဝါေတာ္ (၂)ဝါရွိတဲ့ ဆရာေတာ္ဦးသူရိယကိုယ္တိုင္ေမာင္းႏွင္ၿပီး ယာဥ္ေမာင္းေဘးမွာေတာ့ တိုက္ႀကီးၿမိဴ႕နယ္ေန အသက္(၄၃)ႏွစ္ရွိဦးရဲတင့္နဲ႔ ယာဥ္ေနာက္ခန္းမွာ တိုက္ႀကီးၿမိဳ႕နယ္၊ နႏၵဝန္ေက်ာင္းတိုက္ သက္ေတာ္(၅၈)ႏွစ္၊ ဝါေတာ္(၅)ဝါရွိတဲ့ ဆရာေတာ္ဦးေဌရာနႏၵတို႔ စီးနင္လိုက္ပါလာတဲ့ GRANDE အမ်ိဳးအစားခဲေရာင္ျဖစ္တယ္လုိ႔ သိရပါတယ္။

ေမာ္ေတာ္ကားဟာ လမ္းအေရွ႕ဘက္ေဘးရွိ သစ္ပင္ကိုဝင္ေရာက္တိုက္မိၿပီး ေမာ္ေတာ္ကားရဲ႕ ဦးေခါင္းေၾက၊ အမိုးကိုင္းက်ိဳးေၾကပ်က္ဆီးကာ ကာလတန္ဘိုး သိန္း(၅၀)က်ပ္ခန႔္ ပ်က္ဆီးဆုံးရႈံးခဲ့ကာ ဆရာေတာ္ဦးသူရိယမွာ ေခါင္းကေနေသြးထြက္ဒဏ္ရာ၊ ပါးစပ္မွ ေသြးထြက္ဒဏ္ရာ၊ တံေတာင္ဆစ္ပြန္းပဲ့ဒဏ္ရာ၊ ရင္ဘတ္ ညိဳမဲဖူးေရာင္ဒဏ္ရာ၊ ဦးေခါင္းေနာက္ေစ့ဖူးေရာင္ဒဏ္ရာတို႔နဲ႔ ပ်ံလြန္ေတာ္မူသြားၿပီး။ ဆရာေတာ္ဦးေဌရာနႏၵမွ ာညာဘက္ေျခေထာက္နာက်င္ဒဏ္ရာ(၁)ခ်က္၊ ညာဘက္လက္နာက်င္ဒဏ္ရာ (၁)ခ်က္၊ ေက်ာကုန္းေအာင့္နာက်င္ဒဏ္ရာ(၁)ခ်က္ရရွိကာ ကပၸိယ ဦးရဲတင့္မွာ ဘယ္ဖက္လက္က်ိဳးဒဏ္ရာ(၁)ခ်က္၊ ညာဘက္လက္က်ိဳးဒဏ္ရာ(၁)ခ်က္၊ ရင္ဘတ္ေအာင္ဒဏ္ရာ(၁)ခ်က္၊ အသက္ရႈမဝဒဏ္ရာေတြရရွိခဲ့တယ္လို႔ ေအးျမသာယာနယ္ေျမရဲစခန္းကေန သိရပါတယ္။

လူ႔အသက္ေသဆုံးေအာင္ မဆင္မျခင္ေမာင္းႏွင္ခဲ့တဲ့ ဆရာေတာ္ဦးသူရိယ(ယာဥ္ေမာင္း)ကို ဥပေဒအရ အေရးယူေဆာင္႐ြက္ႏိုင္ဖို႔ စီစဥ္ေနတယ္လုိ႔ ေအးျမသာယာရဲစခန္းကေန သိရပါတယ္။

Photo – ေအးၿငိမ္းရာ လူမႈကူညီေရးအသင္း
#VOM #voiceofmyanmar #အုတ္ဖို #ဘုန္းႀကီးေမာင္းတဲ့ကားေမွာက္ #ဘုန္းႀကီးပ်ံလြန္ေတာ္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW