ရန်ကုန် ဖေဖော်ဝါရီ ၁၈-၂၀၁၉ သင်းသဒ္ဒါ ကာရိုက်တာပိုင်းမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်င်တဲ့ ပရိသတ် အချစ်တော် ၀တ်မှုန်ရွှေရည်ကတော့ ချစ်သူရဲ့ရုပ်ရည်ပုံစံကို စံနှုန်းသတ်မှတ်မထားပါဘူးလို့ ဆိုပါတယ်။ “အဓိကကတော့ ကစ် အပေါ်မှာ သစ္စာရှိပြီ ယောက်ျားပီသဖို့တော့ လိုတာပေါ့။ ကစ်ရဲ့ ကြိုက်တဲ့ ကောင်လေးပုံစံကတော့ ဘယ်လို ရုပ်မျိုးရှိမှရယ်လို့ စံနှုန်းစံထားရယ်လို့ မရှိပါဘူး”လို့ ဆိုပါတယ်။ ပရိသတ် စိတ်ဝင်စားနေတဲ့ အချစ်ရေးအပေါ် “ကစ်ရဲ့ အချစ်ရေးကိုတော့ ဘာမှကို မပြောချင်သေးပါဘူး။ ကစ်ရဲ့ ပရိသတ်တချို့ အနုပညာအလုပ် တွေပဲ အများကြီး လုပ်စေချင်ကြတယ်။ အလုပ်တွေ ပိုလုပ်ဖြစ် နေပါတယ်” လို့ ပြောပါတယ်။ ဟီးရိုး ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီးတော့ သူက “ကစ် ဒီဇာတ်ကားရိုက်တော့ ဆိုင်ကယ်စီးလည်း သင်ရပါတယ်။ တစ်ဆင်းန်တောင် ပါသေးပါတယ်။ ဆိုင်ကယ်မစီးတတ်၊ စီးတတ်နဲ့ စီးတဲ့အခန်းပေါ့။ ဒီဇာတ်ကား…
Read MoreCategory: Lifestyle
သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်တွေ့ရတော့မယ် ပန်းရောင်ခြယ်
ရန်ကုန် ဖေဖော်ဝါရီ ၁၈-၂၀၁၉ သင်းသဒ္ဒါ မျက်နှာချိုချိုလေးနဲ့ တေးသီချင်းကို အကောင်းဆုံး သီဆိုတတ်တဲ့ တေးသံရှင် ပန်းရောင်ခြယ် ကို မကြာခင်မှာ သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ “ဒီနှစ်ထဲမှာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပန်းရောင်ကို မြင်တွေ့ဖို့ရှိပါတယ်။ သရုပ်ဆောင် တယောက်အနေနဲ့ အနုပညာအလုပ်တွေ စလုပ်သွားဖို့ရှိပါတယ်။ မင်းသမီး အဖြစ် ကမ်းလှမ်းလာတာမို့ ရိုက် ကူး ဖြစ်မှာပါ။ ကိုယ်တိုင်လည်း ၀ါသနာပါတာမို့ပါ။ ဆိုတာ၊ က တာရော ၀ါသနာပါပါတယ်။ ဒါပေမယ့် အရင် ကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေ လုပ်ဖို့ကတော့ ၀မ်းစာမပြည့်သေးဘူး။ ခု လည်း ၀မ်းစာပြည့်ပြီ ထင်လို့ မဟုတ်ပါဘူး။ စပြီးတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ”လို့ ဆိုပါတယ်။ သူမရဲ့ Wake Up Daddy ကို…
Read MoreMiss ထက်ထက်ထွန်း စည်ပင်ရွေးကောက်ပွဲ မဲဆွယ်ဖို့ပြင်ဆင်
ရန်ကုန်၊ ဖေဖော်ဝါရီ-၁၈။၂၀၁၉ TGH(VOM) လသာမြို့နယ်ကိုယ် စားပြုအဖြစ် ရန်ကုန်မြို့တော်စည်ပင်ရွေး ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခြင်း ခံလိုက်ရပြီဖြစ်တဲ့ Miss/သရုပ်ဆောင် ထက်ထက်ထွန်းက ပြည်သူတွေကြား မဲဆွယ်စည်းရုံးတဲ့အခါသူမကို ဝေဖန်တိုက်ခိုက်မှုတွေအများကြီးရှိလာနိုင်လို့ဆိုပါတယ်။ ဖေဖော်ဝါရိ ၁၆ ရက်နေ့တုန်းက ကိုယ်စားလှယ်လောင်းစာရင်းမှာ ရွေးချယ်ခံရပြီးတဲ့နောက်မှာတော့ လသာမြို့နယ်ကိုယ်စားပြု မဲဆွယ်စည်းရုံးမှုတွေကို လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ စတင် ဆောင်ရွက်မယ်လို့ သူကဆိုပါတယ်။ သူဟာ အနုပညာရှင်တစ်ယောက် ဖြစ်တာကြောင့် အမာခံပရိတ်သတ်၊ မိသားစု၊ အနုပညာရှင် အသိုင်းအဝိုင်းအားလုံးကလည်း ဝန်းရံလိမ့်မယ်လို့ ယုံကြည်တဲ့အတွက် မဲဆွယ်စည်းရုံးရေး အပိုင်းကို အကောင်းဆုံးလုပ်နိုင်ဖို့ ယုံကြည်တယ်လို့ ဆိုပါတယ်။ “ရွေးချယ်ခံလိုက်ရတာ ဝမ်းသာတယ်။ နောက် တဆင့်တက်လှမ်းဖို့အခွင့် အရေးတစ်ခုပါ။ မဲဆွယ်တဲ့အခါ ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့မဲပေးဖို့ကိုတော့ ကြိုးစားရမှာပါ။ ဒါကတော့ထက်ရဲ့ ကြိုးစားမှုအပေါ်မူတည်တယ်။ ဒီလိုကြိုးစားနေချိန်မှာ အခက်အခဲတွေ ဝေဖန်တိုက်ခိုက်မှုတွေ…
Read MoreLine Walker 2 အက်ရှင်ဇာတ်ကားရိုက်ကူးဖို့ ယူဆောင်လာတဲ့ သေနတ်ကျည်တွေကို မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ထိန်းသိမ်းထား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇-၂၀၁၉ သင်းသဒ္ဒါ ဟောင်ကောင်ကနေ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ လာရောက်ရိုက်ကူးနေတဲ့ Line Walker 2 (Operation Midnight Shadow) အက်ရှင် ရုပ်ရှင်ဇာတ်ကားကြီးမှာ အသုံးပြုမယ့် သေနတ် ကျည် တွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လက်ရှိမှာ ထိန်းသိမ်းထားပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို တိုင်းရင်းသားကျေးရွာမှာ ဖေဖော်ဝါရီ ၁၅ ရက်ကစပြီးစတင်ရိုက် ကူးနေတာဖြစ်ပါတယ်။ “ကျွန်မတို့ကို ပြန်ကြားရေး ၀န်ကြီးဌာန ကမကထလုပ်ပြီးတော့ ကိုဖိုးလုံးကလည်း ပါဝင်ပြီးတော့ လိုအပ် ချက်တွေကို ရေးဆွဲမှုတွေ လုပ်ဆောင်ပေးထားပါတယ်။ ခု လမ်းပိတ်နေတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘက်က စတင်လမ်းဖောက် ပြီးပါပြီ။ နောက်ပိုင်း ဘယ်လိုလမ်းလျှောက်ရမယ့် လုပ်ငန်းစဉ်တွေကတော့ စတင် လိုက်ပြီးမို့ နောက်ပိုင်းဆက်လက်လုပ်ဆောင်လို့ရသွားပါပြီ။ သူတို့ နိုင်ငံမှာက Pre-Production နှစ်နဲ့ချီပြီးတော့…
Read Moreမင်္ဂလာဆောင်ရင် စပွန်ဆာမတောင်းဘူးဆိုတဲ့ ဘေဘီမောင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇-၂၀၁၉ သင်းသဒ္ဒါ လက်ရှိမှာ အဆိုတော် သားဂန်းနဲ့တွဲနေတဲ့ သရုပ်ဆောင် ဘေဘီမောင်ကတော့ မင်္ဂလာဆောင်ရင် စပွန်ဆာမတောင်းဘူးလို့ ဆိုပါတယ်။ “ဘေဘီမောင် မင်္ဂလာဆောင်ကတော့ ပကာသနတွေမပါပဲ စိန်အစစ်တွေကိုလည်း မ၀တ်ပါဘူး။ စပွန် ဆာလည်း မတောင်းပါဘူး။ ပျောက်သွား ရင်လျော်နေရမယ်လေ။ ကံက ပြောလို့ မရဘူး။ မုန့်လက်ကောက် စား နေရမယ်ဆိုတော့ စိန်တွေ မ၀တ်ပါဘူး။ ဖန်စီလေးတွေ ၀တ်ပြီး ရိုးရိုးရှင်းရှင်းပဲ မင်္ဂလာဆောင်မှာပါ။ ပကာသန မပါတဲ့ အရိုးရှင်းဆုံး မင်္ဂလာပွဲကို ကျင်းပချင်တာပါ”လို့ ဆိုပါတယ်။ “အိမ်ထောင်ပြုဖို့ ဘေဘီရဲ့ Plan ကတော့ မိသားစုစုစည်းစည်း နေနိုင်ဖို့အတွက် သုံးထပ်တိုက်အိမ်လေး ဆောက် နေပါတယ်။ အိမ်ထောင်ကျရင် သူနဲ့အတူတူနေလို့လည်း ရတာပေါ့။ အခုနယ်မှာနေတာဆိုတော့ ရန်ကုန်မှာ အတူအခြေချကြမယ်။ သူ့ရဲ့သီချင်းခွေ နောက်တစ်ခွေ…
Read Moreမြင်စိုင်းမြို့ဟောင်းဝန်းကျင် ထုံးကျောက်မိုင်းခွဲလို့ ရှေးဟောင်းအမွေအနှစ် ပျက်စီးမှု တိုင်းအစိုးရကို အကြံပြုစာပို့မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၉ TGH(VOM) မြင်စိုင်း မြို့ဟောင်းရဲ့ အရှေ့ဘက်နဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ထုံးကျောက်တောင်ကနေ ထုံးကျောက်ထုတ်ယူဖို့အတွက် မိုင်းခွဲရာမှ စိတ္တဂုတ္တဂူအတွင်းရှိ ပင်းယခေတ် ၁၄ ရာစု နံရံပန်းချီတွေ ပြိုကျခဲ့တာနဲ့ပတ်သက်လို့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရထံကို ယခုလအတွင်း အကြံပြုချက်တွေ တရားဝင်ပေးပို့သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအသင်းရဲ့ အတွင်းရေးမှူး ကိုသူရအောင်က ပြောပါတယ်။ ” ဖြစ်စဉ်ဖြစ်ရတဲ့ အကြောင်းအရင်းတွေကို တင်ပြပြီး ဒီဖြစ်စဉ်ကို ဥပဒေအရ ဘယ်လိုအားနည်းချက်တွေကြောင့်ဖြစ်တယ်၊ တည်ဆဲဥပဒေတွေကို အသုံးချပြီး ဘယ်လိုဖြေရှင်းရမယ်၊ ဝန်ကြီးဌာန နဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရတို့ ဘယ်လိုပူးပေါင်းဖြေရှင်းရမယ် စတဲ့ အကြံပြုချက်တွေကို သက်ဆိုင်ရာကို ပေးပို့မှာဖြစ်တယ်။ ရှေ့တစ်ပတ်ထဲမှာ အကြံပြု စာပေးပို့သွားမှာဖြစ်တယ်။ ဒါတွေက စစ်ဆးရုံနဲ့ ပြီးတဲ့ကိစ္စမဟုတ်တာကြောင့် အကြံချက်ကတော့ပို့မှာဖြစ်တယ်”လို့ ဆိုပါတယ်။ …
Read Moreမရိုက်ချင်ဘဲ လူမှုရေးအရ ရိုက်ပေးလိုက်ရတဲ့ ဇာတ်ကားတွေရှိတယ်လို့ စိုးမြတ်သူဇာဆို
ရန်ကုန် ဖေဖော်ဝါရီ ၁၅ -၂၀၁၉ သင်းသဒ္ဒါ (VOM) ကာရိုက်တာမျိုးစုံကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာကတော့ မရိုက်ချင်ဘဲ လူမှုရေးအရ ရိုက်ပေးလိုက်ရတဲ့ ဇာတ်ကားတွေရှိတယ်လို့ဆိုပါတယ်။ ”တချို့ကားတွေ ကျတော့ မကြီးလူမှုရေးအရ ရိုက်ပေး လိုက်ရတာတွေရှိတယ်။ တစ်ခါတလေသိတယ်။ ကိုယ့်ဘာသာကိုယ် မရိုက်ချင် မှန်း။ ဒါပေမဲ့ အကြောင်းကြောင်းတွေ အမျိုးမျိုးကြောင့် လက်ခံလိုက်ရတဲ့ ကားတွေရှိတယ်။ မကြီးတို့ ရုပ်ရှင် အသိုင်းအဝိုင်းက နည်းနည်းလေး။ အနုပညာရှင် အချင်း ချင်း အပြန်အလှန်ကူညီမှ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ကိုယ်တွေလည်း နေနိုင်တာပေါ့။ အဲဒီတော့ အဲဒါလေး တွေကိုပဲ ပရိသတ်က နားလည်ပေးပါလို့ မကြီးပြောချင် တယ်။ အားတွေလည်း နာပါတယ်။ ခဏခဏ အားနာ ခိုင်းလို့ပါ”လို့ဆိုပါတယ်။ သူမတော့ လတ်တလော ဒါရိုက်တာ ကိုပေါက်…
Read Moreဝက်သက်ရောဂါကာကွယ်ရေး ပျံကျရွေ့လျားနေထိုင်သူတွေပါဝင်ဖို့ QGIS စနစ်အသုံးပြုမယ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉ TGH (VOM) ရန်ကုန်တိုင်းအတွင်းက မြို့နယ် ၇ မြို့နယ်မှာ ဝက်သက်ရောဂါကာကွယ်ဆေး အပိုဆောင်း ထိုးနှံတဲ့ အခါ ပျံကျရွေ့လျားနေထိုင်သူတွေရဲ့ အချက်အလက်ကိုပါ အတိအကျသိရှိနိုင်မယ့် QGIS စနစ်သုံးပြီး ပထဝီမြေပြင် တည်နေရာနဲ့ သတင်းအချက်အလက် စနစ်အသုံးချ ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဆိုပါတယ်။ ဒီစနစ်နဲ့ ပျံကျ ရွေ့လျားနေထိုင်သူတွေရဲ့ အချက်အလက်တွေကောက်ယူဖို့ ကနဦး စီစဉ်ထားတဲ့ နေရာတွေကတော့ အရှေ့ပိုင်းခရိုင် ထဲက ဒဂုံအရှေ့၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ မြောက်ပိုင်းခရိုင်ထဲက လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန်မြို့နယ်တွေဖြစ်ပါတယ်။ QGIS software အသုံးပြုဆောင်ရွက်တဲ့အခါ သက်ဆိုင်ရာ နေရာဒေသအလိုက် ကာကွယ်ဆေးထိုးရမယ့် ရပ်ကွက်၊ ကျေးရွာ၊ အိမ်ခြေ တွေရဲ့ တည်နေရာ၊ ကာကွယ်ဆေးထိုးနှံရမယ့် လူဦးရေ၊ ကျန်းမာရေးဌာနတည်နေရာ၊ ကာကွယ်ဆေးထိုးလုပ်ဆောင်ရွက်ရာမှာ…
Read Moreငွေရတုမွေးနေ့အကြို စီးရီး ၇ခွေ မိတ်ဆက် လိုက်တဲ့ ပိုးအိစံ
ရန်ကုန် ဖေဖော်ဝါရီ ၁၃- ၂၀၁၉ သင်းသဒ္ဒါ (VOM) မြန်မာသံ တေးသီချင်းတွေနဲ့ ပရိသတ်ကို စွဲဆောင်ခဲ့တဲ့ အဆိုတော် ပိုးအိစံကတော့ ငွေရတုမွေးနေ့အုကြို စီးရီး ခွေ၇ခွေ မိတ်ဆက် လိုက်ပါတယ်။ ပိုးအိစံ၏ ငွေရတုအကြို အနေနဲ့ ” ငွေရတုပိုးအိစံ”အထိမ်းအမှတ် သီချင်းခွေ ၇ ခွေဖြစ်တဲ့ ”ပိုးအိစံ မွေးဖွားခြင်း နှစ် ၂၀ ပြည့် Live Show” ၂ နှင့် ၃ ၊”နှလုံးသား ပုဂံပြည်” ၊”စောင်ညှို့သံနှလုံးသား”၊”ငွေသောင်ယံ”၊”လရောင်ပျိုးတဲ့ ကုမုဒြာ” နဲ့ ”လားရှိုးမင်းသားလေး” ဆိုတဲ့သီချင်းခွေတွေကို ထုတ်ဝေလိုက်ပါတယ်။ ”အစ်မရဲ့ ငွေရတုအကြိုအနေနဲ့ ဒီခွေလေးတွေကို ထုတ်ဖြစ်တာပါ။အစ်မရဲ့ သီချင်းတွေက အရမ်းလည်း များနေတော့ ဒီလိုမှမထုတ်ရင် မထုတ်ဖြစ်တော့ဘူးလေ။နောက် နှစ်၆၀ ဆိုရင်အစ်မရှိချင် မှရှိတော့မှာလေ”လို့ဆိုပါတယ်။ သူမရဲ့ အခွေတွေကတော့ တေးသီချင်းဟောင်းတွေပါသလို တေးသီချင်းသစ်တွေလည်း…
Read Moreရှစ်နှစ်ကြာမှ တစ်ကိုယ်တော်ခွေ ထုတ်လိုက်တဲ့ ချစ်သုဝေ
ရန်ကုန် ဖေဖော်ဝါရီ ၁၁-၂၀၁၉ သင်းသဒ္ဒါ (VOM) ခေတ်နဲ့သစ်ရဲ့ မေမေဖြစ်တဲ့ အဆိုတော် ချစ်သုဝေကတော့ ရှစ်နှစ်ကြာမှ ကတိလို့ အမည်ပေးထားတစ်ကိုယ်တော်ခွေ ထုတ်လိုက်ပါတယ်။ ”၈ နှစ် ကြာမှ ခွေထွက်တော့ ထရီဇာ ရင်ခုန်တယ် အသစ်တစ်ယောက်လို့ ပြန်ခံစားမိတာပေါ့။ ပရိသတ်တွေလည်း ကိုယ့်သီချင်းတွေ မေ့နေမလားပေါ့”လို့ဆိုပါတယ်။ သူမကတော့ ဒုတိယမြောက် တစ်ကိုယ်တော် “ကတိ” (Promise) တေးအယ် လ်ဘမ်မှာ သီချင်း ၁၀ ပုဒ်ပါဝင်ပြီးတော့ ဝေလ ၊ စံပီး၊ ဇ၀ါ၊ နေ၀ါ နဲ့ လင်းလင်း တို့က ရေးသားဖော်ကျူးပေးထားတယ်လို့သိရပါတယ်။ ဒီခွေမှာ ကိုယ်ပိုင်သံစဉ်သီချင်းသစ်တွေပါဝင်ပြီးတော့ ဖေဖော်ဝါရီ ၁၄ ရက်တွင် Bo Bo Music Productionကနေ ဖြန့်ချိမှာပါ။ ” ထရီဇာရဲ့ ဇာတ်ကားကြိုက်ကူးမှုတွေကလည်း…
Read More