သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်တွေ့ရတော့မယ် ပန်းရောင်ခြယ်

ရန်ကုန် ဖေဖော်ဝါရီ ၁၈-၂၀၁၉

သင်းသဒ္ဒါ

 

မျက်နှာချိုချိုလေးနဲ့ တေးသီချင်းကို အကောင်းဆုံး သီဆိုတတ်တဲ့ တေးသံရှင် ပန်းရောင်ခြယ် ကို မကြာခင်မှာ သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

 

“ဒီနှစ်ထဲမှာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပန်းရောင်ကို မြင်တွေ့ဖို့ရှိပါတယ်။ သရုပ်ဆောင် တယောက်အနေနဲ့ အနုပညာအလုပ်တွေ စလုပ်သွားဖို့ရှိပါတယ်။ မင်းသမီး အဖြစ် ကမ်းလှမ်းလာတာမို့ ရိုက် ကူး ဖြစ်မှာပါ။ ကိုယ်တိုင်လည်း ၀ါသနာပါတာမို့ပါ။ ဆိုတာ၊ က တာရော ၀ါသနာပါပါတယ်။ ဒါပေမယ့် အရင် ကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေ လုပ်ဖို့ကတော့ ၀မ်းစာမပြည့်သေးဘူး။ ခု လည်း ၀မ်းစာပြည့်ပြီ ထင်လို့ မဟုတ်ပါဘူး။ စပြီးတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ”လို့ ဆိုပါတယ်။

 

သူမရဲ့ Wake Up Daddy ကို ဖခင်ဖြစ်သူ ဂရေဟမ်အတူ ထွက်ရှိခဲ့ပြီးတော့ Music Video တွေ ကိုလည်း အွန်လိုင်းကနေ တဆင့် ဖြန့်ချိခဲ့ပါတယ်။ ဒီနှစ်ထဲမှာ တစ်ကိုယ်တော် ခွေသစ်ထွက်ဖို့ ပြင်ဆင်နေ တယ်လို့လည်း သိရပါတယ်။

 

“ပန်းရောင် အနေနဲ့ ဒီနှစ်ထဲမှာ ပထမဆုံးတစ်ကိုယ်တော်ခွေ သီချင်းသစ်တွေပဲ ထွက်ဖို့ရှိပါတယ်။ အခွေ ထဲမှာ သီချင်းသစ်တွေပါမယ်။ ပထမဆုံး Music Vedio ကိုတော့ Let It Go သီချင်းလေးကို ဖေဖေနဲ့ ပန်း ရောင် နှစ်ယောက်ပေါင်းရေးပြီ အွန်လိုင်းမှာထွက်ထားပါတယ်။ ပန်းရောင်ရဲ့ သရုပ်ဆောင်မှုအပိုင်းတွေကိုလည်း ကြိုက်ကြပါတယ်။ တစ်ကိုယ်တော်ခွေကို ဖန်တီးနေတာ ၂ နှစ်လောက်ရှိပါပြီ”လို့ဆိုပါတယ်။

 

ဓာတ်ပုံ – သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW