သမဝါယမ တက္ကသိုလ် (စစ်ကိုင်း)က ထမနှဲထိုးပွဲ ပြိုင်ပွဲ

စစ်ကိုင်း။ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉ စောပြည့်ချမ်းသာ(VOM)     သမဝါယမ တက္ကသိုလ် (စစ်ကိုင်း)မှာ ယနေ့ နံနက်ပိုင်းအချိန်က ထမနှဲထိုးပွဲပြိုင်ပွဲကျင်းပ ခဲ့ပါတယ်။   အဲ့ဒီ ထမနှဲထိုးပွဲပြိုင်ပွဲမှာသမဝါယမကျောင်းရှိ မေဂျာပေါင်းစုံကပါဝင်ယှဉ်ပြိုင်တာဖြစ်ပြီး ထမနှဲထိုးပြိုင်ပွဲ ကိုသမဝါ ယမ တက္ကသိုလ် (စစ်ကိုင်း)မှာ သင်ကြားပေးလျက်ရှိတဲ့ စီမံခန့်ခွဲမှုပညာဌာန၊ ဘောဂဗေဒဌာန၊ ဝါဏိဇ္ဇဗေဒဌာန၊ သမဝါယမ ပညာဌာန၊ စာရင်းအင်းပညာဌာန နဲ့ ယခု တက်ရောက်ပညာသင်ကြားတဲ့ ပထမနှစ်ကျောင်းသူ၊ ကျောင်းသားများက စုစုပေါင်း အသင်း ၆ သင်းနဲ့ ယှဉ်ပြိုင်ခဲ့ပါတယ်။   ပထဆုကို စီမံခန့်ခွဲမှုပညာဌာနမှ ရရှိခဲ့ပြီး၊ ဒုတိယဆုကိုတော့ ယခုနှစ်တက်ရောက် ပညာသင်ကြားတဲ့ ပထမနှစ်ကျောင်းသူ၊ ကျောင်းသားများရရှိခဲ့ပြီး တတိယဆုကို ဘောဂဗေဒပညာဌာန  ရရှိကာ နှစ်သိမ့်ဆုများ အနေနဲ့ ဝါဏိဇ္ဇဗေဒဌာန၊ သမဝါယမ ပညာဌာန၊ စာရင်းအင်းပညာဌာနတို့က ရရှိခဲ့ပါတယ်။

Read More

အင်းတော်မြို့နယ်မှာ မူးယစ်ဆေးဝါးများ ကျပ်သိန်း တစ်ထောင့်လေးရာကျော်ဖိုး ဖမ်းဆီးရမိ

ကသာ – ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉ နိုင်ကြီး (ကသာ) (VOM)   စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် ရွှေဘို – မြစ်ကြီးနား ဗျူဟာကားလမ်းမ နန့်မကျိုင်းကျေးရွာအနီး မှာ မောင်းနင်လာတဲ့ ကားတစ်စီးပေါ်က မူးယစ်ဆေးဝါးများ ဖေဖော်ဝါရီလ (၁၇)ရက်နေ့ည (၇)နာရီ အချိန်က ဖမ်းဆီးရမိခဲ့ပါတယ်။   မူးယစ်တပ်စုမှူး ဒုရဲမှူး မျိုးမင်း ၊ ရဲအုပ် ကျော်စိုးလင်း နဲ့ တပ်ဖွဲ့ဝင်များ က သက်သေတွေနဲ့အတူ ရွှေဘို-မြစ်ကြီးနား ကားလမ်းဘေး နန့်မကျိုင်းကျေးရွာ လမ်းဆုံမှာ စစ်ဆေးရှာဖွေနေချိန် အင်းတော်မြို့နယ်ဘက်မှ မိုးညှင်းမြို့နယ်ဘက်ကို ဇော်ဘောက် (ခ) မာဒီး မောင်းနင်လာတဲ့ SHN 9I/8631 နံပါတ်ပါ NISSAN AD VAN အမျိုးအစား အဖြူရောင်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာမှာ ယာဉ်နောက်ပိတ် အဖုံးအတွင်း…

Read More

ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်စခန်းမှာ ရေတွေကို ခွဲဝေသုံးစွဲနေရ

ရသေ့တောင်၊ ဖေဖော်ဝါရီ ၁၈-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲတွေမကြာခဏ အပြင်းအထန်ဖြစ်ပွားနေတဲ့ ဒေသတစ်ခုဖြစ်တဲ့ ရသေ့တောင်မြို့နယ်က ပဲသတူစစ်ဘေးရှောင်စန်းမှာ ရေရှားပါးမှုကြောင့် သောက်သုံးရေတွေကို ခွဲဝေသုံးစွဲနေကြရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီစခန်းမှာရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာကုန်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ ဗောဓိကုန်း ကျေးရွာသားတွေဖြစ်ကြပြီး လက်ရှိနေထိုင်တဲ့ ပဲသတူကျေးရွာမှာ သောက်သုံးရေ ပြတ်လပ်သွားနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ “အစကတော့ ကျွန်တော်တို့ လိုအပ်တဲ့ရေတွေကို ရွာသားတွေအသုံးပြုနေတဲ့ တွင်းကနေ အသုံးပြုခဲ့ကြတာပေါ့။ အခုက ရေတွေခမ်းလာတော့ သောက်သုံးရေအတွက် တော်တော်လေးကို အခက်အခဲဖြစ်နေပါတယ်။”လို့ စခန်းမှာနေထိုင်သူ တစ်ဦးကပြောပါတယ်။ ပဲသတူကျေးရွာဟာ ရေရှားပါးတဲ့ ဒေသတစ်ခုဖြစ်ပြီး ကျေးရွာတစ်ရွာလုံးဟာ လက်ရှိအသုံးပြုနေတဲ့ ရေတွင်းလေးကိုပဲ အမှီပြုနေကြရတာဖြစ်ပြီး ကျန်ရှိတဲ့ရေတွေကို ရေရှည်အသုံးပြုနိုင်ရေးအတွက် မိသားစုတစ်စုကို တနေ့ ရေအိုးလေးလုံးသာ ခွင့်ပြုထားခြင်းဖြစ်ပါတယ်။ “ရေအခက်အခဲဖြစ်တာ နှစ်ပတ်လောက်ရှိနေပါပြီ။ ရေခမ်းလာတဲ့အတွက်…

Read More

ချစ်သူရဲ့ရုပ်ရည်ကို စံနှုန်းသတ်မှတ်မထားဘူးဆိုတဲ့ဝတ်မှုန်ရွှေရည်

ရန်ကုန် ဖေဖော်ဝါရီ ၁၈-၂၀၁၉ သင်းသဒ္ဒါ   ကာရိုက်တာပိုင်းမှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်င်တဲ့ ပရိသတ် အချစ်တော် ၀တ်မှုန်ရွှေရည်ကတော့ ချစ်သူရဲ့ရုပ်ရည်ပုံစံကို စံနှုန်းသတ်မှတ်မထားပါဘူးလို့ ဆိုပါတယ်။ “အဓိကကတော့ ကစ် အပေါ်မှာ သစ္စာရှိပြီ ယောက်ျားပီသဖို့တော့ လိုတာပေါ့။ ကစ်ရဲ့ ကြိုက်တဲ့ ကောင်လေးပုံစံကတော့ ဘယ်လို ရုပ်မျိုးရှိမှရယ်လို့ စံနှုန်းစံထားရယ်လို့ မရှိပါဘူး”လို့ ဆိုပါတယ်။ ပရိသတ် စိတ်ဝင်စားနေတဲ့ အချစ်ရေးအပေါ် “ကစ်ရဲ့ အချစ်ရေးကိုတော့ ဘာမှကို မပြောချင်သေးပါဘူး။ ကစ်ရဲ့ ပရိသတ်တချို့  အနုပညာအလုပ် တွေပဲ အများကြီး လုပ်စေချင်ကြတယ်။ အလုပ်တွေ ပိုလုပ်ဖြစ် နေပါတယ်” လို့ ပြောပါတယ်။ ဟီးရိုး ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီးတော့ သူက “ကစ် ဒီဇာတ်ကားရိုက်တော့ ဆိုင်ကယ်စီးလည်း သင်ရပါတယ်။ တစ်ဆင်းန်တောင် ပါသေးပါတယ်။ ဆိုင်ကယ်မစီးတတ်၊ စီးတတ်နဲ့ စီးတဲ့အခန်းပေါ့။ ဒီဇာတ်ကား…

Read More

သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်တွေ့ရတော့မယ် ပန်းရောင်ခြယ်

ရန်ကုန် ဖေဖော်ဝါရီ ၁၈-၂၀၁၉ သင်းသဒ္ဒါ   မျက်နှာချိုချိုလေးနဲ့ တေးသီချင်းကို အကောင်းဆုံး သီဆိုတတ်တဲ့ တေးသံရှင် ပန်းရောင်ခြယ် ကို မကြာခင်မှာ သရုပ်ဆောင်တစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာဖြစ်ပါတယ်။   “ဒီနှစ်ထဲမှာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပန်းရောင်ကို မြင်တွေ့ဖို့ရှိပါတယ်။ သရုပ်ဆောင် တယောက်အနေနဲ့ အနုပညာအလုပ်တွေ စလုပ်သွားဖို့ရှိပါတယ်။ မင်းသမီး အဖြစ် ကမ်းလှမ်းလာတာမို့ ရိုက် ကူး ဖြစ်မှာပါ။ ကိုယ်တိုင်လည်း ၀ါသနာပါတာမို့ပါ။ ဆိုတာ၊ က တာရော ၀ါသနာပါပါတယ်။ ဒါပေမယ့် အရင် ကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေ လုပ်ဖို့ကတော့ ၀မ်းစာမပြည့်သေးဘူး။ ခု လည်း ၀မ်းစာပြည့်ပြီ ထင်လို့ မဟုတ်ပါဘူး။ စပြီးတော့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ မြင်တွေ့ရမှာပါ”လို့ ဆိုပါတယ်။   သူမရဲ့ Wake Up Daddy ကို…

Read More

Miss ထက်ထက်ထွန်း စည်ပင်ရွေးကောက်ပွဲ မဲဆွယ်ဖို့ပြင်ဆင်

ရန်ကုန်၊ ဖေဖော်ဝါရီ-၁၈။၂၀၁၉ TGH(VOM)   လသာမြို့နယ်ကိုယ် စားပြုအဖြစ်  ရန်ကုန်မြို့တော်စည်ပင်ရွေး ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့  ရွေးချယ်ခြင်း ခံလိုက်ရပြီဖြစ်တဲ့ Miss/သရုပ်ဆောင် ထက်ထက်ထွန်းက ပြည်သူတွေကြား မဲဆွယ်စည်းရုံးတဲ့အခါသူမကို ဝေဖန်တိုက်ခိုက်မှုတွေအများကြီးရှိလာနိုင်လို့ဆိုပါတယ်။   ဖေဖော်ဝါရိ ၁၆ ရက်နေ့တုန်းက ကိုယ်စားလှယ်လောင်းစာရင်းမှာ ရွေးချယ်ခံရပြီးတဲ့နောက်မှာတော့ လသာမြို့နယ်ကိုယ်စားပြု  မဲဆွယ်စည်းရုံးမှုတွေကို လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ စတင် ဆောင်ရွက်မယ်လို့ သူကဆိုပါတယ်။ သူဟာ အနုပညာရှင်တစ်ယောက် ဖြစ်တာကြောင့် အမာခံပရိတ်သတ်၊ မိသားစု၊ အနုပညာရှင် အသိုင်းအဝိုင်းအားလုံးကလည်း ဝန်းရံလိမ့်မယ်လို့ ယုံကြည်တဲ့အတွက် မဲဆွယ်စည်းရုံးရေး အပိုင်းကို အကောင်းဆုံးလုပ်နိုင်ဖို့ ယုံကြည်တယ်လို့ ဆိုပါတယ်။   “ရွေးချယ်ခံလိုက်ရတာ ဝမ်းသာတယ်။ နောက် တဆင့်တက်လှမ်းဖို့အခွင့် အရေးတစ်ခုပါ။  မဲဆွယ်တဲ့အခါ ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့မဲပေးဖို့ကိုတော့ ကြိုးစားရမှာပါ။ ဒါကတော့ထက်ရဲ့ ကြိုးစားမှုအပေါ်မူတည်တယ်။ ဒီလိုကြိုးစားနေချိန်မှာ အခက်အခဲတွေ ဝေဖန်တိုက်ခိုက်မှုတွေ…

Read More

မဖွယ်မရာကျင့်ကြံသူ ကျောင်းအုပ်ဆရာကို ကျောင်းသူ(၂)ဦး က အမှုဖွင့်

ကသာ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၉ နိုင်ကြီး (ကသာ) (VOM)   စစ်ကိုင်းတိုင်း ကသာခရိုင် ပင်လည်ဘူးမြို့နယ် ကွမ်းတောင်းကျေးရွာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာ က (၁၃)နှစ်အရွယ် ကျောင်းသူ(၂)ဦး တို့ကို နာရီပိုင်းအတွင်း နှစ်ကြိမ် လာရောက်ပြီး အဓမ္မပြုကျင့်မှုနဲ့ ကြံစည်မှု ဖြစ်ပွားခဲ့တာကြောင့် ကျောင်းသူနှစ်ဦး က အမှုဖွင့် တိုင်တန်းခဲ့ပါတယ်။   ပင်လည်ဘူးမြို့နယ် ကွမ်းတောင်းကျေးရွာ က ကျောင်းသူကျောင်းသား တွေဟာ စာမေးပွဲနီးကပ်လာတာကြောင့် လွန်ခဲ့တဲ့တစ်လ က စပြီး ကျောင်းမှာ စုပေါင်းစာကျက်ပြီး ကျောင်းမှာပဲ ညအိပ်ကြပါတယ်။   ဖေဖော်ဝါရီလ (၉)ရက်နေ့ ည ကျောင်းသူတွေ အိပ်ခန်းအတွင်းဝင်ချိန်မှာ  မူလွန်ကျောင်းအုပ်ဆရာ ဦးသက်ခိုင်(၃၆)နှစ် က အခန်းတံခါး မပိတ်သေးဖို့ မှာကြားသွားခဲ့ပြီး ည(၁၁)နာရီအချိန် ပြူတင်းတံခါးကနေ အခန်းထဲဝင်လာပြီး (၁၃)နှစ်အရွယ် အိပ်ပျော်နေတဲ့ကျောင်းသူ ကိုသားမယား…

Read More
VOM News

FREE
VIEW