ပဲခူးပြည်​သူ့​ဆေးရုံမှာ H1N1 လူနာတစ်​ဦး စတင်​​တွေ့ရှိ

ပဲခူး၊ ဇူလိုင်​ ၂၅- ၂၀၁၉ မိုးယံ(VOM)   ပဲခူးပြည်​သူ့​ဆေးရုံကြီးမှာ H1N1​ ရောဂါ လူနာတစ်​ဦးစတင်တွေ့ရှိတဲ့အတွက် အထူးကြပ်​မတ်​ကုသ​ပေး​နေတယ်​လို့ ဇူလိုင် ၂၄ ရက် ​နေ့လည်​ ၁ နာရီက ကျင်းပတဲ့ ရာသီတုပ်​​ကွေးရောဂါ ကုသ​ရေးလုပ်​ငန်းများနဲ့ ပတ်​သက်​ပြီး ညှိနှိုင်းအစည်းအ​ဝေးကနေ သိရပါတယ်။   “လူနာက ​ကျောက်​တံခါးမြို့နယ်​ မြို့​ချောင်းအုပ်​စု ထန်းတပင်​​ကျေးရွာက အသက်​၂၆ နှစ်​ရှိ အမျိုးသားတစ်​ဦး ပါ။ လူနာကို စနစ်​တကျကု​နေတယ်​၊ ရိုးရိုးလူနာ​တွေနဲ့ မထားဘဲ သီးသန့်​အခန်းနဲ့ထားပြီး​ စောင့်​​ရှောက်​​နေတယ်။ အထူးကုဆရာဝန်​ကြီး​တွေ၊ သူနာပြု​တွေ အဖွဲ့လိုက်​ ကုသ​နေပြီး​တော့ ​လက်​ရှိက​တော့ စိုးရိမ်​​နေရပါတယ်​။” လို့ ပဲခူးပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာရန်​နိုင်​​မောင်​က ​ပြောပါတယ်​။   H1N1 ရောဂါဟာ ချောင်းဆိုး၊ နှာချေရာကနေ လေထဲက ကူးစက်နိုင်တဲ့အတွက် ရောဂါမကူးစက်အောင် ချောင်းဆိုးရင် လက်ကိုင်ပုဝါအသုံးပြုဖို့၊ သူတပါးက…

Read More

ပဲခူးတိုင်း အ​နောက်ခြမ်းမှာ H1N1 လူနာတစ်​ဦး​သေဆုံး

မိုးညို၊ ဇူလိုင်​ ၂၄ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီခရိုင်​ မိုးညိုမြို့နယ်​ ထိန်​​တော​ကျေးရွာက အမျိုးသမီးတစ်ဦးဟာ H1N1 ရောဂါနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဇူလိုင် ၂၂ ရက် ညနေပိုင်းက သေဆုံးသွားတယ်လို့ မိုးညိုမြို့နယ် ကျန်းမာရေး ဦးစီးဌာနက သိရပါတယ်။   အသက်​ ၄၇ နှစ်​အရွယ် အဲဒီအမျိုးသမီးဟာ ဖျားနာတဲ့လက္ခဏာကို ၁၀ ရက်​ကြာ ခံစား​နေရလို့ ဇူလိုင်​ ၂၀ ရက်​ည​နေပိုင်းမှာတော့ မိုးညို​မြို့နယ် ပြည်​သူ့​ဆေးရုံကို လာ​ရောက်​ပြသခဲ့ရာ H1N1 သံသယရှိတဲ့အတွက် သာယာဝတီခရိုင်​ပြည်​သူ့​ဆေးရုံကို လွှဲ​ပြောင်းကုသ​စေခဲ့ပြီး အဲဒီကတစ်​ဆင့်​ ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးမှာ တက်​​ရောက်​ကုသ​နေရင်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်​။   “ ​ဆေးရုံကိုသွားပြ​တော့ အဆုတ်​ပွပြီး H1N1 လက္ခဏာတွေ့တယ်​၊ စိုးရိမ်​ရ​ကြောင်း၊ ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးကို ချက်​ချင်း ပြသဖို့လိုအပ်​​ကြောင်း ညွှန်​ကြားလို့…

Read More

မြောက်​ဦး​ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်​ဖို့ အစီအစဉ်​တွေ အပြီးသတ်ရေးစွဲနေ

ရန်​ကုန်​၊ ဇူလိုင်​ ၁၇ – ၂၀၁၉ သူရိန် (VOM)   ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသတစ်ခုဖြစ်တဲ့ မြောက်ဦးကို ဒီနှစ်ကုန်ပိုင်းမှာ ကမ္ဘာ့အမွေအနှစ်စာရင်း တင်​သွင်းနိုင်​ဖို့ အစီအစဉ်​​တွေ ရေးဆွဲ​နေတယ်​လို့​ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောပါတယ်​။   မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့ ပြင်ဆင်နေပြီး လက်ရှိမှာ မြောက်ဦးဒေသအတွင်း စီမံခန့်ခွဲရေး အစီအစဉ်တွေ ရေးဆွဲတာ၊ စောင့်ကြည့်အကဲခတ်ရေး ဆောင်ရွက်တာ​တွေကို နိုင်ငံတကာပညာရှင်တွေနဲ့ ပြည်တွင်းပညာရှင်တွေ ပူးပေါင်းညှိနှိုင်းရေးဆွဲ​နေပြီး အခုနှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှာ တင်သွင်းသွားမယ်​လို့ သိရပါတယ်​။   “ဒီဒေသတစ်ခုလုံးကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့အတွက် လက်ရှိမှာ စီမံခန့်ခွဲမှုအပိုင်းကို ရေးဆွဲနေပါတယ်။ မူကြမ်းအားဖြင့်တော့ တော်တော်လေး ပြီးနေပါပြီ။ အစည်းအဝးကတော့ နောက်ထပ် နှစ်ကြိမ်၊သုံးကြိမ်လောက်တော့ လုပ်ရဦးမှာပါ။ ဒီနှစ်ထဲ အပြီးသတ်ရေးဆွဲပြီးတော့ တင်သွားဖို့ရှိတယ်​။” လို့…

Read More

ပဲခူးတိုင်းမှာ H1N1 သံသယလူနာ ရှစ်​ဦး​ရှိပြီး တစ်ဦးသေဆုံး

ပဲခူး၊ ဇူလိုင်​ ၄ -၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်းမှာ  H1N1 သံသယလူနာ ရှစ်ဦးအထိ ရှိလာပြီး တစ်ဦးသေဆုံးသွားပြီလို့ ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။   “ပဲခူးတိုင်းအတွင်း ​ဆေးရုံ၊ ဆေးခန်း​တွေမှာ H1N1 သံသယလူနာ ရှစ်ဦးရှိပါတယ်​။ ရောဂါပိုးတွေ့ထားတာကတော့ ခြောက်ဦးပါ။ ပြည်ဆေးရုံကြီးမှာ နှစ်ဦး၊ သူတို့က အခြေအနေကောင်းပါတယ်။ ကျန်လေးဦးက ပဲခူးတိုင်းကနေ တခြားမှာ ကုနေတဲ့သူတွေပါ။ ဆက်သွယ်ချိတ်ဆက်လို့ရတဲ့ ကွန်ယက်တွေကနေ ထုတ်ပြန်ပေးလို့ သိရတာပါ။ အဲဒီလေးဦးထဲက တစ်ဦးသေဆုံးသွားပါပြီ။”လို့ ပဲခူးတိုင်း ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းလှိုင်က ပြောပါတယ်။   အဲဒီခြောက်ဦးဟာ ပဲခူးတိုင်းမှာနေထိုင်သူတွေဖြစ်ပြီး ပဲခူးမြို့နယ်မှာ တစ်ဦး၊ ဝေါမြို့နယ်မှာ တစ်ဦး၊ အုတ်ဖိုမြို့နယ်မှာ တစ်ဦး၊ ပြည်မြို့နယ်မှာ နှစ်ဦး၊ ရန်ကုန်မှာ ကုသနေတာ တစ်ဦးရှိ အသီးသီးကုသမှုခံယူနေရာမှာ ရန်ကုန်မြို့…

Read More

ပြည် ကုတင် ၅၀၀ ဆေးရုံကြီးမှာ သွေးလိုအပ်မှုတွေရှိနေ

ပြည်၊ ဇူလိုင် ၃ – ၂၀၁၉ လမင်း (VOM)   ပဲခူးတိုင်း ပြည်မြို့မှာရှိတဲ့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးမှာ လာရောက်ကုသနေတဲ့ လူနာတွေအတွက် သွေးလိုအပ်မှုတွေ ရှိနေတယ်လို့ အဲဒီဆေးရုံကြီးက သိရပါတယ်။   “ပုံမှန် တာဝန်ကျတဲ့အတိုင်း ခွဲလို့၊ စိတ်လို့ လိုတဲ့လူနာတွေအပြင် နေ့စဉ်နေ့တိုင်း ဘယ်လိုမှတားဆီးလို့မရနိုင်တဲ့ ကားမှောက်၊ ဆိုင်ကယ်တိုက်တာ အဲ့လိုမတော်တဆမှုမျိုးစုံနဲ့ တော်တော်များများ ရောက်လာတာကြောင့် တနေ့ကို သုံးစွဲတဲ့သွေးပမာဏတွေ အများဆုံးသုံးစွဲနေရတာကြောင့် လိုအပ်နေတာ။” လို့ အဲဒီဆေးရုံရဲ့ ရောဂါဗေဒ ဆရာဝန်ကြီး ဒေါက်တာအောင်ငြိမ်းဝင်းက ရှင်းပြပါတယ်။     ပြည်ကုတင် ၅၀၀ ဆေးရုံကြီးကို စတည်ဆောက်စဉ်က ကုတင် ၂၀၀ ဆံ့ကနေ ၂၀၁၅ ခုနှစ်မှာ ကုတင် ၅၀၀ ဆံ့အဖြစ် တိုးမြှင့်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက သွေးလိုအပ်မှုတွေ ရှိခဲ့ရာကနေ…

Read More

ဇီးကုန်း ပြည်​သူ့​ဆေးရုံမှာ သွေးလွန်​တုပ်​​ကွေး​ရောဂါကာကွယ်​နိုင်တဲ့ အဘိတ်​​ဆေး လိုအပ်​​နေ

ဇီးကုန်း၊ ဇွန်​ ၂၈ – ၂၀၁၉ မိုးယံ (VOM) ပဲခူးတိုင်း သာယာဝတီခရိုင်​ ဇီးကုန်းမြို့နယ်​ ပြည်​သူ့​ဆေးရုံမှာ ​သွေးလွန်​တုပ်​​ကွေး​ရောဂါကာကွယ်​ဖို့ ခြင်​လောက်​လန်း​သေနိုင်​မယ့်​ အဘိတ်​​ဆေး​တွေ လိုအပ်​​နေတယ်​လို့ အဲဒီဆေးရုံက သိရပါတယ်။   “ပြီးခဲ့တဲ့နှစ်က တိုင်းကျန်းမာရေးဦးစီးဌာနက ခြင်လောက်လန်းသေတဲ့ အဘိတ်ဆေး ၄၅ ပုံးပေးတယ်။ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေ ရွာတွေအထိဆင်းပြီး ခတ်ပေးနိုင်တယ်။ အခုနှစ်တော့ ၉ ပုံးပဲ ပေးတယ်။ တစ်မြို့လုံးအတိုင်းအတာနဲ့ဆို ဘယ်လိုမှ မလောက်ငှဘူး။”လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးက ပြောပါတယ်။   ပဲခူးတိုင်းအတွင်း ​သွေးလွန်​တုပ်​​ကွေး​ရောဂါ အဖြစ်​များဆုံးမြို့နယ်​ထဲမှာ ဇီးကုန်းမြို့နယ်လည်း အပါအဝင်​ဖြစ်​ပြီး ဒီနှစ်မှာတော့ သွေးလွန်​တုပ်​​ကွေး​ရောဂါ ဖြစ်​ပွား​နေတဲ့ကလေး ၅ ဦးရှိပြီလို့ သိရပါတယ်။ ဒါပေမယ့် အ​သေအ​ပျောက်​​ တော့မရှိ​သေးဘူးလို့ သိရပါတယ်​။   ဇီးကုန်းမြို့နယ်မှာ ၂၀၁၇ ခုနှစ်​က သွေးလွန်​တုပ်​​ကွေး​ရောဂါကြောင့်​ က​လေး…

Read More

လက်​ပံတန်းမြို့နယ်​အတွင်းက ဘုန်း​​​ကြီး​ကျောင်းနဲ့ ​စေတီ​တော်​တွေမှာရှိတဲ့ စိန်​ဖူး​တော်​ ၃၀​ ကျော်​ ခိုးယူခံရ

လက်​ပံတန်း၊ ဇွန်​ ၂၆ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း သာယာဝတီခရိုင်​ လက်​ပံတန်းမြို့နယ်​အတွင်းက ဘုန်းကြီးကျောင်းနဲ့ စေတီတော်တွေမှာရှိတဲ့ စိန်ဖူးတော် ၃၀ ကျော် မနေ့ညနေပိုင်းက ခိုးယူခံရတယ်လို့ အဲဒီကျေးရွာတွေက သိရပါတယ်။   “ချမ်းသာကုန်းဘုန်းတော်ကြီးကျောင်းမှာ မနေ့ညနေ ငါးနာရီဝန်းကျင်လောက်က ဘုရားမီးပူဇော်တဲ့အချိန်မှာ စိန်ဖူးတော် အခိုးခံရတာကို သိရတာပါ။ ကွမ်းခြံကုန်းအုပ်စုက စေတီတော်တွေက အရံစေတီတော်တွေရဲ့စိန်ဖူးတော်တွေပါ အခိုးခံရတယ်။ နောက်ကျေးနီကျေးရွာက ကိုးနဝင်းကပ်ကျော် စေတီတော်ကစိန်ဖူးတော်၊ အားလုံးခန့်မှန်းခြေ ၃၀ကျော်ခိုးယူခံရပါတယ်။”လို့ ချမ်းသာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ငွေက ပြောပါတယ်။   ချမ်းသာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း တည်ထားတဲ့ လာဘမုနိ ကမ္ဘာ့ချမ်းသာရစေတီတော်နဲ့  ချမ်းသာကုန်းဘုန်းကြီး​ကျောင်းစေတီ​တော်​၊ ကွမ်းခြံကုန်းအုပ်​စုမှ ​စေတီ​တော်​​၊ ကျေးနီကျေးရွာရှိ ကိုးနဝင်းကပ်​​ကျော် ​​စေတီ​တော်​တို့က စိန်​ဖူး​တော်​တွေ တစ်​​နေ့တည်း ခိုးယူခံခဲ့ရတာ ဖြစ်ပြီး အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မြို့နယ်အထွေအထွေ အုပ်ချုပ်ရေးဦးစီးဌာနကိုလည်း…

Read More

မန္တလေးမှာ H1N1ရောဂါကူးစက်မှုမရှိပေမယ့် ကာကွယ်ဆေးတွေ ပစ္စည်းပြတ်

မန္တလေး၊ဇွန် ၂၆-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့ပေါ်က ဆေးဆိုင်အချို့မှာ H1N1ရာသီပေါ်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေးဝါးတွေ လူဝယ်မှုများပြားလာတာကြောင့် ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။   H1N1ရောဂါပိုးရှိသူ မန္တလေးတိုင်းမှာ မတွေ့ရှိသေးပေမယ့်လည်း အခုလအတွင်း ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းမှာ အဲ့ဒီရောဂါနဲ့ သေဆုံးသူတွေရှိလာတဲ့ သတင်းတွေထွက်ပြီးနောက်ပိုင်း မန္တလေးမြို့ပေါ်က ဆေးဆိုင်အချို့မှာ ပစ္စည်းပြတ်လပ်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။   ” ကာကွယ်ဆေးက နှစ်မျိုးရှိတယ်၊ နယ်သာလန်ထုတ်နဲ့ ပြင်သစ်ထုတ်ဆိုပြီး ရှိတယ်။ လတ်တလော လေး၊ ငါးရက်အတွင်းမှာ ပစ္စည်းနှစ်မျိုးစလုံး ပြတ်သွားတာပေါ့။ ဆိုင်မှာ အလုံးပေါင်း ၈၀၀ လောက်ထားတယ်၊ အကုန်ကုန်နေပါတယ်။” လို့ ISO ဆေးဆိုင်ပိုင်ရှင် ဦးဝင်းမောင်ဌေးက ပြောပါတယ်။   ရာသီပေါ်တုပ်ကွေးရောဂါ H1N1 ကာကွယ်ဆေးတွေဖြစ်တဲ့ နယ်သာလန်နိုင်ငံထုတ် H1N1 ကာကွယ်ဆေးတစ်ဗူးကို အရင်က ၁၄၈၀၀ ကျပ်၊ ပြင်သစ်နိုင်ငံထုတ် H1N1…

Read More

မလေးရှားမှာ လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်း လေးရာကျော် ပိတ်ထားရ

ကွာလာလမ်ပူ၊ ဇွန်-၂၅-၂၀၁၉ မျိုးဆက် (VOM)   မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ်မှာ  ကျောင်းသား၊ ကျောင်းသူ ၇၅ ဦး အသက်ရှူခက်ခဲခြင်းနဲ့ အော့အန်တာတွေ ဖြစ်ပွားပြီးနောက် ပြည်နယ်အတွင်းရှိ စာသင်ကျောင်း ၄၀၀ ကျော်ကို အာဏာပိုင်တွေက ပိတ်လိုက်ပါတယ်။   ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ လေထုညစ်ညမ်းမှုကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေစဉ်မှာ ပါဆာဂူဒန် စက်မှုဇုန်ဒေသရှိ စာသင်ကျောင်းတွေကို ဇွန် ၂၇ ရက်အထိ ပိတ်ထားမှာ ဖြစ်ပါတယ်။   မတ်လအတွင်းကလည်း မြစ်အတွင်းကို ဓါတုဗေဒစွန့်ပစ်ပစ္စည်းတွေ တရားမ၀င်စွန့်ပစ်ခဲ့လို့ ကလေးငယ်အများစုအပါအ၀င် လူလေးထောင်ခန့် ဖျားနာမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဖြစ်စဉ်နဲ့ လက်ရှိဖြစ်ပွားနေတဲ့ ဖြစ်စဉ်ဟာ ဆက်နွယ်မှုမရှိဘူးလို့  အာဏာပိုင်တွေက ပြောပါတယ်။   ယာယီပိတ်ထားဖို့ အမိန့်ထုတ်ပြန်ခဲ့တဲ့ စာသင်ကျောင်းတွေထဲမှာ ပုဂ္ဂလိက မူကြိုကျောင်း ၃၀၀ နဲ့  မူလတန်း၊…

Read More

ကံမမြို့နယ်မှာ ယင်ကောင်တွေများနေလို့  မူကြိုနဲ့ KG တန်းတွေ ပိတ်ထားရ

ကံမ၊ ဇွန် ၂၂ -၂၀၁၉ ဂျန်ကိုးလ် (VON)   မကွေးတိုင်း ကံမမြို့နယ်က ထန်းဖြူကျေးရွာမှာ ယင်ကောင်တွေ အဆမတန်များပြားနေလို့ မူကြိုတန်းနဲ့ KG တန်းကို ပိတ်ထားရတယ်လို့ ထန်းဖြူအခြေခံပညာမူလတန်းကျောင်းကသိရပါတယ်။   အဲဒီလို ယင်ကောင်တွေများလာရတာဟာ အနားမှာရှိတဲ့ မွေးမြူရေးကြက်ခြံတွေကြောင့်လို့ ဒေသခံတွေက စွပ်စွဲနေကြပြီး ဒေသခံ ဒေါ်တင်ဌေးကတော့ “အရင်က သာမန်လောက်ပါပဲ။ အခုတော့ကြက်ခြံက ကြက်ချေးတွေနဲ့ အနံ့တွေကြောင့်လို့ ထင်ပါတယ်။ မနက်စာတောင် မစားဖြစ်တာကြာပြီ။ သစ်ပင်တွေမှာကအစ မည်းနေတာပဲ။ သူတို့စီးပွားရေး မနာလိုလို့ မဟုတ်ဘူး၊ သူတို့ကတောင် သိန်ငါးဆယ်၊ ခြောက်ဆယ်လျော်နိုင်လို့လား၊ တိုင်ချင်ရာတိုင်တဲ့။ ကျမရွာက ရွာသိမ်ရွာငယ်လေးပါ မြင်တဲ့အတိုင်းပါပဲ။”လို့ ပြောပါတယ်။   ဒါ့အပြင် ထန်းဖြူကျေးရွာ မူလတန်းကျောင်း တာဝန်ခံ ကျောင်းအုပ်ဒေါ်အိအိမျိုးကလည်း “ပြီးခဲ့တဲ့ အပတ်ကတည်းက မူကြိုကလေးငါးဦးနဲ့ ကေဂျီတန်းကို ပိတ်ပေးထားရတယ်။ အရမ်းငယ်တော့ ရောဂါဖြစ်မှာ…

Read More
✕
VOM News

FREE
VIEW