ပြည်မြို့မှာ H1N1 Positive ရောဂါပိုးရှိသူတွေ့

ပြည်၊ ဇွန် – ၂၂ -၂၀၁၉ လမင်း (VOM)   ပဲခူးတိုင်း ပြည်မြို့မှာ H1N1 Positive ရောဂါပိုး သံသယရှိသူများ တွေ့ရှိကြောင်း ပြည် ကုတင် ၅၀၀ ဆံ့ ဆေးရုံကြီးက သိရပါတယ်။   “လူနာတစ်ယောက် ဗိုက်အောင့်လို့ဆိုပြီး လာတက်တယ်။ သူကခွဲစိတ်ဆောင်ဘက်မှာ တက်တာ။ ခွဲစိတ်ဆောင်က ဆရာဝန်က ကြည့်ပြီးတော့ ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာတွေရှိတယ်ဆိုပြီး သမားတော်ပြတယ်။ ဒီနေ့မနက်မှာ RDT နဲ့စစ်လိုက်တဲ့အခါ Positive တွေ့တယ်။ ” လို့ ပြည်မြို့ ကုတင် ၅၀၀ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်မေသွင်က မနေ့က ဟြေပါတယ် ။   လူနာဟာ အသက် ၇၂ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြည်မြို့ ရွာဘဲရပ်ကွက်နေသူ ဖြစ်ပါတယ်။ သူမဟာ ဇွန် ၂၀…

Read More

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ H1N1 နဲ့ နှစ်ဦးသေ

ရန်ကုန်၊ ဇွန် ၁၉ – ၂၀၁၉ သူရိန်(VOM)   ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဒီရက်ပိုင်းအတွင်း H1N1 ကူးစက်ရောဂါနဲ့  လူနာနှစ်ဦးသေဆုံးသွားတယ်လို့ ရန်ကုန်နာရေးကူညီမှုအသင်းနဲ့ ကော့မှူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။   ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်က အမျိုးသမီးတစ်ဦး H1 N1, PD M 09 ရောဂါနဲ့ အခုလ ၁၄ ရက်က သေဆုံးခဲ့သလို ၁၈ ရက်ညကလည်း အမျိုးသားတစ်ဦး H1 N1 နဲ့သေဆုံးသွားတယ်လို့ သိရပါတယ်။   ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာH1N1နဲ့ သေဆုံးသူတွေ ထပ်မံရှိလာတယ်လို့ ပြောဆိုသံတွေထွက်ပေါ်လာခဲ့တာကြောင့် ပြည်သူတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေ ရှိတဲ့အတွက် အတည်ပြုဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်သိင်္ဂီမြင့်ကို မနေ့က မေးမြန်းခဲ့ရာမှာ ” အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ နေပြည်တော်ကနေ သတင်းထုတ်ပြန်ပေးပါလိမ့်မယ်။” လို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။…

Read More

အမဲစိမ်း ဆက်တဲ့ ပြည်မြို့စောင့် ကန်တော်သခင်မောင်နှမ ကန်တော့ပွဲ

ဇွန်လ ၁၅ ရက် လမင်း (VOM)   သရေခေတ္တရာမင်းဆက် ဒုတ္တဘောင်ဘုရင်သတ်မှတ်ခဲ့တဲ့ ပြည်မြို့စောင့် ကန်တော်သခင်မောင်နှမရဲ့ နယုန်လ ကန်တော့ပွဲကို ဇွန်လ ၁၅ ရက်နေ့ကစပြီး ပြည်မြို့က ကန်တော်သခင်မနတ်နန်း မှာပြုလုပ်နေကြပါတယ် ။   “ဒွတ္တဘောင်ဘုရင်လက်ထက်က စရမှာပေါ့ ဒွတ္တဘောင်ဘုရင် သတ်မှတ်ခဲ့တဲ့ နယုန်လဆန်းကနေ နယုန်လပြည့်ကျော်တဲ့ အထိကို ဒီသခင်ကြီးနဲ့သခင်မကြီး အကိုတော်ဘုရားနဲ့ အမတော်ဘုရားကို သရက်သီးမှည့်နဲ့ ဆီထမင်းစားတော်စာကို ဒွတ္တဘောင်မင်းကိုယ်တိုင် နန်းသူနန်းသားတွေနဲ့ ဆက်လာပြီးတော့ ခေတ်အဆက်ဆက်က လုပ်လာတာဖြစ်လို့ ၇ ရက် သားသမီးအပေါင်း ပြည်မြို့သူမြို့သားအပေါင်း ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး ဒီကနားပွဲကို စုပေါင်းပြီးတော့ ကန်တော့ကြတာပေါ့ ” ဟု နန်းထိန်းမိသားစုဝင်ဖြစ်တဲ့ ကိုညီက ပွဲတော်ဖြစ်ပေါ်လာရတဲ့အကြောင်းကို ရှင်းပြပါတယ် ။   ဒွတ္တဘောင်မင်း လက်ထက်ကတည်းက ကန်တော့ပွဲ မှာ ဆီထမင်းနဲ့ သရက်သီးမှည့်ကို…

Read More

အသက်​အရွယ်​အရ ငယ်​တဲ့ဇာတ်​ရုပ်​မရိုက်​ချင်​​တော့ဘူးဆိုတဲ့ အိန္ဒြာကျော်ဇင်

ရန်ကုန်၊ ဇွန် ၁၁-၂၀၁၉ သင်းသဒ္ဒါ(VOM)   ပရိသတ်တွေရဲ့ ချစ်ခင်မြတ်နိုးမှုကိုရထားတဲ့ အကယ်ဒမီ  အိန္ဒြာကျော်ဇင်ကတော့ အသက်​အရွယ်​အရ ငယ်​တဲ့ ဇာတ်​ရုပ်​ မရိုက်​ချင်​​တော့ဘူးလို့ ဆိုပါတယ်။   ”အူဝဲထင်တာကတော့ ဒီကြားမှာ ဇာတ်ကြမ်းသလိုဖြစ်တဲ့ ဒေါင်းနီလို ကာရိုက်တာမျိုးတွေ၊ ဒရမ်မာဇာတ်တွေ ရိုက်တာ နည်းနည်းများသွားတယ်ဆိုတော့ အဲလို ရို့မန့်ဇာတ်တွေကို ကြည့်ချင်လာကြတယ်ပေါ့။ ဒါကြောင့် ပရိသတ်က ရို့မန့်ဇာတ်ကို တောင်းတာမျိုးတွေ တွေ့ရပေမယ့် ကိုယ့်အသက်အရွယ်အရ ငယ်တဲ့ ဇာတ်ကို မရိုက်ချင်တော့ဘူး။”လို့ ဆိုပါတယ်။   လက်ရှိမှာ ဖြစ်ရပ်မှန် ဇာတ်လမ်းပုံစံဖြစ်တဲ့ ”ဇာတ်လိုက်”ရုပ်ရှင်ဇာတ်ကားကို မြင့်မြတ်၊ ခိုင်သင်းကြည် ၊ မေမြင့်မိုရ် စတဲ့ အနုပညာရှင်တွေနဲ့ နယ်မှာ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပရိတ်သတ်တေ တောင့်တနေတဲ့ ရို့မန့်ကားတွေကို ဇာတ်လမ်းအပေါ်မှာ မူတည်ပြီး လက်ခံသွားမယ်လို့ သိရပါတယ်။   ”ဒီကြားထဲမှာ…

Read More

ဗိုလ်ချုပ်ရုပ်ရှင်ကို ဒီနှစ်ထဲမှာ သေချာပေါက်ရိုက်မယ်

ရန်ကုန်၊ ဇွန် ၈-၂၀၁၉ သင်းသဒ္ဒါ(VOM)   ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ကို ဒီနှစ်ထဲမှာ သေချာပေါက်ရိုက်မယ်လို့ ဒါရိုက်တာအနေနဲ့ တာဝန်ယူထားတဲ့ အကယ်ဒမီလူမင်းက ပြောပါတယ်။   ”ကိုယ့်ကတော့ ရိုက်ချင်ပါတယ်။ ပြင်ဆင်စရာတွေ အရမ်းများနေလို့ အတိအကျ မပြောနိုင်သေးတာပါ။ ဒီ နှစ်ထဲမှာတော့ သေချာပေါက် ရိုက်မှာပါ။ မဖြစ်ဖြစ်အောင် သေချာပေါက် အကောင်းအထည်ဖော်မှာပါ။”လို့ ဆိုပါတယ်။   ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဇာတ်ညွှန်းပိုင်းဆိုင်ရာ၊ သရုပ်ဆောင်တွေ ရွေးချယ်ရာတွေမှာ အခက်အခဲလေးတွေ ရှိနေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်ကို ရွေးချယ်ပြီးရုံနဲ့ ရိုက်လို့မရသေးသလို တခြားအထင်ကရ နိုင်ငံရေးသမားတွေ၊ အသုံးပြုမယ့် လူသူအင်အား၊ လက်နက်အင်အားတွေအတွက်လည်း ခက်ခဲနေတာပါ။   အဲဒီ ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့  ”ဒီဘက်ခေတ်က မြင်ကွင်းတွေလို ဟိုးဘက်ခေတ် မြင်ကွင်းဖြစ်အောင် ကွန်ပျူတာ အထူးပြုလုပ်ချက်တွေနဲ့ လုပ်ဆောင်ရမယ်။ ပြင်ဆင်မှု အပိုင်းတွေက ခုထိမပြီးနိုင်သေးလို့…

Read More

ခန္ဓာကိုယ်ကို သီးသန့်ထိန်းသိမ်းတာမျိုး မရှိဘူးဆိုတဲ့ အိချောပို

ရန်ကုန်၊ မေ ၂၉-၂၀၁၉ သင်းသဒ္ဒါ (VOM)   ပရိတ်သတ်က ချစ်စနိုးနဲ့ စူစူလို့ ခေါ်တဲ့ သရုပ်ဆောင် အိချောပိုကတော့ ခန္ဓာကိုယ်ကို သီးသန့်ထိန်း သိမ်းတာမျိုး မရှိဘူးလို့ ဆိုပါတယ်။   “အိချောအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ၀လာပြီး ပြည့်လာပြီထင်ရင်တော့ လမ်းများများလျှောက်တယ်။ အစား အ သောက်တွေ လျှော့လိုက်တယ်။ သီးသန့်ကြီး ခန္ဓာကိုယ်ကို ထိန်းသိမ်းတာမျိုးမရှိပါဘူး။ အိချော ဖက်ရှင်ဝတ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေချစ်ပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။” လို့ ဆိုပါတယ်။   သူမကတော့ လက်ရှိမှာ ဒါရိုက်တာ ကျော်သူရိုက်ကူးထားတဲ့ ဒဏ္ဍာရီပင်လယ် ရုပ်ရှင်ဇာတ်ကားကြီးကို ငွေဆောင်မှာ ထွန်းကိုကို၊ အလင်းရောင်တို့နဲ့အတူ သွားရောက် ရိုက်ကူးထားတယ်လို့ သိရပါတယ်။   ရေသူမ တယောက်လို ရိုက်ကူးတာနဲ့ ပတ်သက်ပြီး “အသားအရည်ရော ထိခိုက်မှုရှိမှာပေါ့။ အရင်တုန်း က…

Read More

မိဘစိတ်တိုင်းကျတဲ့ သူကိုပဲ အိမ်ထောင်ဘက်အဖြစ် ရွေးမယ်ဆိုတဲ့ ရတနာမိုင်

ရန်ကုန်၊ မေ ၂၇-၂၀၁၉ သင်းသဒ္ဒါ(VOM)   အသံချိုချိုလေးနဲ့ ပရိသတ်ကို စွဲဆောင်ခဲ့တဲ့ အဆိုတော် ရတနာမိုင်ကတော့ မိဘစိတ်တိုင်းကျတဲ့ သူကိုပဲ အိမ်ထောင်ဘက်အဖြစ် ရွေးမယ်လို့ဆိုပါတယ်။   ”ညီမက ကိုယ်ချစ်ရတဲ့ ယောက်ျားတော့ ရွေးချယ်ဖြစ်မယ်မထင်ဘူး။ မိဘတွေစိတ်တိုင်းကျ သဘောကျတဲ့ သူမျိုးကိုပဲ ရွေးချယ်ဖြစ်မှာပါ။”လို့ ဆိုပါတယ်။   သူမကတော့ မိခင် မိုင်နဲ့ အတူ  Two Lady Show လုပ်မယ်ပြောပြီး မလုပ်ဖြစ်သေးတာကြောင့် ပရိသတ်တွေကို ကတိပျက် သလိုဖြစ်နေရကြောင်းနဲ့  ဒီနှစ်မှာတော့ သေချာပေါက် ကျင်းပဖြစ်မယ်လို့ ဆိုပါတယ်။   ဒါပေမယ့် Two Lady Show ထက်  မိခင်ဖြစ်သူ မိုင် ဖြစ်စေချင်တဲ့ သူမအမေရဲ့ သီချင်းလေးတွေကို ပိုပြီးအမှတ်ရသွားအောင် အခွေထုတ်ပေးဖို့ အရင် ဆုံးကြိုးစားဖြစ်နေတယ်လို့ သိရပါတယ်။   ပြီးတော့ ရတနာမိုင်က…

Read More

ထမင်းသုံးလမစားဘဲ ဝိတ်ချလိုက်တယ်ဆိုတဲ့ ငွေမှုံရတီ

ရန်ကုန်မေ၂၆-၂၀၁၉ သင်းသဒ္ဒါ(VOM)   သဲသဲရဲ့ညီမလေးကဲကဲဖြစ်တဲ့သရုပ်ဆောင်ငွေမှုံရတီကတော့ထမင်းသုံးလမစားဘဲဝိတ်ချလိုက်တယ်လို့ဆိုပါတယ်။   “ကဲရဲ့ခန္ဓာကိုယ်ပတ်သက်ပြီးတော့၃လလောက်ထမင်းမစားပဲဝိတ်ချလိုက်တာပါ။ကိုယ်ကိုကိုယ်လှအောင်နေလိုက်တာပါ။ဘယ်လိုဝိတ်ချလဲဆိုရင်တော့အပြင်းအထန်ကိုချလိုက်တာပါ။အစာအိမ်ထိခိုက်တဲ့အထိဝိတ်ချဖြစ်တာပေါ့။၃လုံးလုံးထမင်းမစားဘူး။လေ့ကျင့်ခန်းတွေလုပ်ဆောင်တယ်။အသီးအနှံစားတယ်။အဟာရဖြစ်စေမယ့်အရာတွေစားတယ်။ခန္ဓာကိုယ်ပတ်သက်ပြီးသူများတွေဝေဖန်မှုမကြုံခဲ့ပါဘူး။ကိုယ့်ဆီမှာရှိတဲ့အလှကိုတော့တန်ဖိုးထားပါ။ကိုယ့်ရဲ့သတ်မှတ်ထားတဲ့အရာအထိရှိတော့အဲလိုသတ်မှတ်ချက်အထိရောက်အောင်သွားမှာပါ။ဝိတ်ချပြီးကိုယ်ကိုကိုယ်လည်းConfidence ပိုရှိလာတယ်”လို့ဆိုပါတယ်။   သူမကတော့ဗီဒီယိုဇာတ်ကားတွေနဲ့ရုပ်ရှင်ဇာတ်ကားတချို့ကိုလည်း ရိုက်ကူးထားသလိုလက်ရှိမှာတော့ ဇာတ်ကားရိုက်ကူးမှုတွေနားထားတယ်လို့သိရပါတယ်။ အစ်မဖြစ်သူသဲသဲ(ခ)ရွှေမှုံရတီနဲ့ရွှေထူးရဲ့ ဇာတ်ကားဖြစ်တဲ့ဧည့်သည်ရုပ်ရှင်ဇာတ်ကားစာနယ်ဇင်းပွဲတက်ရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။   အွန်လိုင်းမှာLive နဲ့ပတ်သက်ပြီးဝေဖန်မှုများအပေါ်တော့”ကဲရဲ့စိတ်ကအရင်ကလိုတော့မဟုတ်တော့ဘူး။နည်းနည်းတော့တည်ငြိမ်လာပြီ။ဝေဖန်မှုတွေကိုကြုံလာတဲ့အခါမှာကိုယ့်ကိုတိုင်ပြန်ပြီးထိန်သိမ်းနိုင်လာတယ်။ခုကတော့ခန္ဓာကိုယ်ရော၊ရုပ်ရော၊အကုန်ပြောင်းလဲလာပါတယ်”လို့ဆိုပါတယ်။   #voiceofmyanmar #ငွေမှုံရတီ ဓာတ်ပုံ- ငွေမှုံရတီfacebook

Read More

ရန်ကုန်မှာ အမြန်ထိမ်းသိမ်းဖို့လိုအပ်နေတဲ့ ယဉ်ကျေးမှုအမွေအနှစ်အဆောက်အဦးတွေရှိနေ

ရန်ကုန်၊မေ၂၆-၂၀၁၉ သိင်္ဂီ(VOM)     ရန်ကုန်မြို့လယ်မှာအမြန်ထိန်းသိမ်းဖို့လိုအပ်နေတဲ့ယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦတွေရှိနေတယ်လို့Yangon Heritage Trust ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ စာရင်းတွေအရသိရပါတယ်။   လက်ရှိရန်ကုန်မြို့လယ်မှာက  ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံပေါင်း၂၀၀၀ကျော်လောက်ရှိပေမယ့် တချို့အဆောက်အဦးတွေကတော့ကြံ့ခိုင်မှူအားကောင်းပေမယ့်တချို့အဆောက်အဦးတွေကတော့ထိန်းသိမ်းဖို့အမြန်လိုအပ်နေတာတွေရှိတယ်လို့လည်းYangon Heritage Trust အဖွဲ့က ဆိုပါတယ်။       “YHT ဆိုတာကNGO ဖြစ်လို့ ဘယ်အဆောက်အဦးကိုဘာလုပ်ပါလို့တော့အစိုးရကိုပြောဖို့ခက်ပါတယ်။ ဒါပေမယ့်ဒီအဆောက်အဦးတွေကိုပြင်ချင်တယ်ဆန္ဒရှိတယ်ဆိုရင်အကြံဥဏ်ပေးတယ်၊အခကြေးငွေးမယူပါဘူး၊ ထိန်းသိမ်းဆိုတဲ့နေရာမှာအဆောက်အဦးပိုင်တဲ့သူကဘာလုပ်ချင်လဲဆိုတဲ့အပေါ်လည်းမူတည်တယ်။ အဓိကရန်ကုန်၊ ကိုယ်နေတဲ့ဧရိယာမြို့နယ်အမွေအနှစ်တန်ဘိုးတက်လာမယ်ဆိုရင် ပိုင်ရှင်တွေအနေနဲ့ထိန်းသိမ်းဖို့ကိုပိုပြီးတော့စိတ်ပါလာမယ်လ်ို့ယူဆတယ်။”လို့ Yangon Heritage Trustအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသူရိန်အောင်ကပြောပါတယ်။   ဒီလိုအမြန်ထိန်းသိမ်းဖို့လိုအပ်နေတဲ့အဆောက်အအုံတွေနဲ့ပတ်သက်ပြီးရန်ကုန်မြို့လယ်ယဉ်ကျေးမှုအမွေအနှစ်အဆောက်အအုံစာရင်းပြုစုထားကြောင်း၊ဒီစာရင်းတွေအရအဆောက်အအုံတွေအခြေအနေအနေအထားအားလုံးကိုYCDC နဲ့တာဝန်ရှိအဖွဲ့အစည်းတွေကိုတင်ပြထားတယ်လို့သိရပါတယ်။   ” အမွေအနှစ်ဆိုပြီးဒီအဆောက်အဦးအဟောင်းကြီးအတိုင်းထားလို့ကမရဘူးလေ။ခုခေတ်အိမ်တစ်လုံးပြင်တာကလည်းစရိတ်ကကြီးတယ်။လူမနေပဲထိန်းသိမ်းမယ်ဆိုရင်တော့ပိုကြာရှည်ခံမှာပေါ့။ မဟုတ်ရင်ဝိတ်ဒဏ်နဲ့ကြာရင်သက်တမ်းကရင့်လာတော့လူနေလို့အဆင်မပြေတာဖြစ်လာမယ်၊ပြုပြင်ရမယ်။သက်သက်မဲ့အကောင်းကြီးကိုဖြိုဖျက်လိုက်တာတော့မဟုတ်ဘူး။ ကိုယ့်ဝင်ငွေနဲ့ကိုယ်ချိန်ဆပြီးလုပ်ရတာဖြစ်တယ်၊ တစ်ခါတလေကျအဆင်မပြေတာတွေလည်းရှိတယ်။”လို့ကျောက်တံတားမြို့နယ်ထဲကအဆောက်အအုံပိုင်ရှင်တစ်ဦးကပြောပါတယ်။   အဆောက်အအုံပိုင်ရှင်တွေကအဆောက်အအုံကိုဖျက်စီးဖို့ဆန္ဒရှိပါကအမှန်တကယ်ဖျက်သင့်မဖျက်သင့်ဆိုတာကိုလည်းရှင်းလင်းဆွေးနွေးအကြံညဏ်ပေးကြောင်း၊ ဒီကနေ့ရန်ကုန်မှာဖြစ်နေတဲ့အမွေအနှစ်အဆောက်အအုံတွေဖြိုဖျက်ခံနေရခြင်းကစိုးရိမ်ဖွယ်ရာအခြေနေဖြစ်နေတယ်လို့သိရပါတယ်။ ဒါကြောင့်ဖြိုဖျက်နေတာတွေကို ရပ်တန့်နိုင်ဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။   ဒါတွေနဲ့ပတ်သက်ပြီးYangon Heritage Trust YHT နဲ့အတူယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးကိုအထောက်အပံ့ပေးနေတဲ့Slade Property Services  SPS ရဲ့တည်ထောင်သူHugo Slade ကလည်းရန်ကုန်မြို့ဆိုတာလှပတဲ့ဗိသုကာလက်ရာတွေပိုင်ဆိုင်ထားတဲ့ဒေသတွင်းမြို့ကြီးတွေထဲကတစ်ခုဖြစ်တယ်၊ ဒါကြောင့်ကျန်ရစ်နေသေးတဲ့ရန်ကုန်မြို့ရဲ့အမွေအနှစ်တွေကိုမူလအခြေအနေအတိုင်းတွေ့မြင်နေရတဲ့အဆောက်အအုံတွေဟာအရေအတွက်အနေနဲ့ရောယိုယွင်းနေတဲ့အခြေနေတွေကပါထူးခြားပြီးဆွဲဆောင်မှုရှိတယ်လို့ပြောဆိုထားပါတယ်။   #voiceofmyanmar…

Read More

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးပြင်ဆင်နေမှု လုပ်ငန်း ၇၀ ရာခိုင်နှုန်းကျော် ပြီးစီး

ရန်ကုန် ၊မေ – ၂၂ – ၂၀၁၉ သိင်္ဂီ (VOM)   မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး ပြင်ဆင်နေမှု လုပ်ငန်းပမာဏ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီလို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက  ပြောပါတယ်။   ဒီနေ့မနက်  ရန်ကုန်မြို့၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲရုံးမှာ ပြုလုပ်ခဲ့တဲ့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် တင်သွင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာပြောခဲ့တာ ဖြစ်ပါတယ်။   ” မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသက ပုံစံမျိုးစုံတဲ့ ယဉ်ကျေးမှုအထောက်အထားတွေနဲ့ ခိုင်မာတဲ့ ယဉ်ကျေးမှုအထောက်အထားတွေကို  ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းသယ်ဆောင်ခဲ့တာကို ဒီနေ့တွေ့နိုင်တယ်။ ဒီလိုပြည့်စုံတဲ့ ဒေသတစ်ခုကို UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်ခံရနိုင်ဖို့  အချိန်မီတင်သွင်းနိုင်ရမှာဖြစ်တယ်။ ဒီလို အချိန်မီတင်သွင်းနိုင်ဖို့ကလည်း  ပညာရှင်တွေ၊…

Read More
✕
VOM News

FREE
VIEW