မိဘစိတ်တိုင်းကျတဲ့ သူကိုပဲ အိမ်ထောင်ဘက်အဖြစ် ရွေးမယ်ဆိုတဲ့ ရတနာမိုင်

ရန်ကုန်၊ မေ ၂၇-၂၀၁၉

သင်းသဒ္ဒါ(VOM)

 

အသံချိုချိုလေးနဲ့ ပရိသတ်ကို စွဲဆောင်ခဲ့တဲ့ အဆိုတော် ရတနာမိုင်ကတော့ မိဘစိတ်တိုင်းကျတဲ့ သူကိုပဲ အိမ်ထောင်ဘက်အဖြစ် ရွေးမယ်လို့ဆိုပါတယ်။

 

”ညီမက ကိုယ်ချစ်ရတဲ့ ယောက်ျားတော့ ရွေးချယ်ဖြစ်မယ်မထင်ဘူး။ မိဘတွေစိတ်တိုင်းကျ သဘောကျတဲ့ သူမျိုးကိုပဲ ရွေးချယ်ဖြစ်မှာပါ။”လို့ ဆိုပါတယ်။

 

သူမကတော့ မိခင် မိုင်နဲ့ အတူ  Two Lady Show လုပ်မယ်ပြောပြီး မလုပ်ဖြစ်သေးတာကြောင့် ပရိသတ်တွေကို ကတိပျက် သလိုဖြစ်နေရကြောင်းနဲ့  ဒီနှစ်မှာတော့ သေချာပေါက် ကျင်းပဖြစ်မယ်လို့ ဆိုပါတယ်။

 

ဒါပေမယ့် Two Lady Show ထက်  မိခင်ဖြစ်သူ မိုင် ဖြစ်စေချင်တဲ့ သူမအမေရဲ့ သီချင်းလေးတွေကို ပိုပြီးအမှတ်ရသွားအောင် အခွေထုတ်ပေးဖို့ အရင် ဆုံးကြိုးစားဖြစ်နေတယ်လို့ သိရပါတယ်။

 

ပြီးတော့ ရတနာမိုင်က ”အချစ်ဆိုတာကတော့ အေးမြတဲ့လူကို ပိုင်ဆိုင်ထားရင် အေးမြမယ်၊ ပူလောင်တဲ့လူကို ပိုင်ဆိုင်ထားရင်တော့ ပူလောင်ရမယ်လို့ ထင်တယ်။ ရွေးရင်းရွေးရင်းနဲ့ပဲ အပျိုကြီးဖြစ်သွားရော။ ကိုယ့်အတွက် ကောင်းမယ့်လူ၊ အနွံတာခံမယ့်လူ၊ ကိုယ့်ကိုစိတ်ချမ်းသာအောင်ထားမယ့် လူမျိုးကိုပဲ ရွေးသင့်တယ်လို့ ထင်ပါတယ်။” လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – ရတနာမိုင် facebook

 

#voiceofmyanmar # မိဘစိတ်တိုင်းကျတဲ့သူကိုပဲအိမ်ထောင်ဘက်အဖြစ်ရွေးမယ် #ရတနာမိုင် #ရန်ကုန်

Related posts

✕
VOM News

FREE
VIEW