မရိုက်ချင်ဘဲ လူမှုရေးအရ ရိုက်ပေးလိုက်ရတဲ့ ဇာတ်ကားတွေရှိတယ်လို့ စိုးမြတ်သူဇာဆို

ရန်ကုန် ဖေဖော်ဝါရီ ၁၅ -၂၀၁၉

သင်းသဒ္ဒါ (VOM)

 

ကာရိုက်တာမျိုးစုံကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာကတော့ မရိုက်ချင်ဘဲ လူမှုရေးအရ ရိုက်ပေးလိုက်ရတဲ့ ဇာတ်ကားတွေရှိတယ်လို့ဆိုပါတယ်။

 

”တချို့ကားတွေ ကျတော့ မကြီးလူမှုရေးအရ ရိုက်ပေး လိုက်ရတာတွေရှိတယ်။ တစ်ခါတလေသိတယ်။ ကိုယ့်ဘာသာကိုယ် မရိုက်ချင် မှန်း။ ဒါပေမဲ့ အကြောင်းကြောင်းတွေ အမျိုးမျိုးကြောင့် လက်ခံလိုက်ရတဲ့ ကားတွေရှိတယ်။ မကြီးတို့ ရုပ်ရှင် အသိုင်းအဝိုင်းက နည်းနည်းလေး။ အနုပညာရှင် အချင်း ချင်း အပြန်အလှန်ကူညီမှ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ကိုယ်တွေလည်း နေနိုင်တာပေါ့။ အဲဒီတော့ အဲဒါလေး တွေကိုပဲ ပရိသတ်က နားလည်ပေးပါလို့ မကြီးပြောချင် တယ်။ အားတွေလည်း နာပါတယ်။ ခဏခဏ အားနာ ခိုင်းလို့ပါ”လို့ဆိုပါတယ်။

 

သူမတော့ လတ်တလော ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားတဲ့ ”ဂျင်းကောင်” ရုပ်ရှင် ကားကြီးမှာ မြင့်မြတ် ၊Kညီ ၊ ခိုင်သင်းကြည်၊အိချောပို ၊ရွှေသမီး စတဲ့ အနုပညာရှင်တွေနဲ့ အတူပါဝင် သရုပ်ဆောင်ထားပါတယ်။

 

ပေါကားတွေလို ဝေဖန်မှုအပေါ် ”ဒီလိုမျိုးပေါကားတွေလို့ တချို့ သူတွေက ပြောကြတယ်။ မကြီး ပြောပြမယ်။ ကားတွေကို ကြည့် ကြည့်။ အနုပညာပိုင်းမှာ အားလျော့တယ်လို့ ပြောကြတယ်။ ခေတ်ကာလက မတူကြဘူးလေ။ ခေတ်တွေက ပြောင်းလာတယ်။ မကြီးတို့ ငယ်ငယ်က တစ်မျိုး အခုကျတော့ တစ်မျိုးပေါ့။ အဲဒီလိုပဲ မကြီးတို့ခေတ်တွေ ပြောင်းလာသလို လူတွေရဲ့အကြိုက်ကလည်း မတူတော့ဘူး။ လူတွေက ပေါကားပေါကားလို့ ပြောကြတယ်။ ဒါပေမဲ့ မကြီးကတော့ တစ်ခါမှမတွေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို ကားမျိုးတွေကိုကြိုက်တဲ့ ပရိသတ်က သီးသန့်ရှိတယ်။ အဲဒါကိုအနုပညာ သမားတွေက အဲဒါလေးကိုသိတယ်။ အဲဒါကြောင့်မို့လည်း ရိုက်ပေးနေတာ။ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းက ဘယ်တူပါ့မလဲ။ မကြိုက် ရင်တော့ မကြည့်ကြနဲ့ဒါပဲ ရှိတာပေါ့လို့ တစ်ခါတလေကျရင် မကြီးလည်း ပြောပြခဲ့ပါတယ်။ တချို့ကားတွေ မကြီး လည်း ပေါတောတောတွေ ပါကောင်းပါမယ်။ ဒါပေမဲ့ နားလည် ပေးစေချင်တယ်”လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – သင်းသဒ္ဒါ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW