ချင်းပြည်နယ်မှာ ဘိုးဘွာပိုင်မြေသာရှိ ပိုစတာကမ်ပိန်း ပြုလုပ်

ဟားခါး ဖေဖော်ဝါရီ ၁၅-၂၀၁၉ မိုင်ချယ်ရီ (VOM)   ချင်းပြည်နယ်မှာ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းမရှိ ဘိုးဘွားပိုင်မြေသာရှိဆိုတဲ့ စာသားပါ ပိုစတာတွေ ကို ပြည်နယ်အတွင်းမှာရှိတဲ့ မြို့အားလုံးမှာ ပိုစတာကပ်တဲ့ အစီအစဉ်​ကို ချင်းမြေယာဆိုင်ရာကွန်ယက် ကနေ ဦးဆောင်ပြီး ဒီကနေ့ စတင် ဆောင်ရွက်နေတာဖြစ်ပါတယ်။   ဒီလှုပ်ရှာမှုကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ချင်းအမျိုးသားနေ့အထိ တစ်ပြည်လုံးအပြီး ကပ်ထားနိုင်ရေး လှုပ်ရှားနေတာဖြစ်ပြီး ဒီကနေ့မှာတော့ ဟားခါးမြို့ နဲ့ တွန်းဇန်မြို့နယ်မှာရှိတဲ့ လူစည်ကားရာနေရာတွေမှာ လိုက်လံ ကပ်ထားနေတာ ဖြစ်ပါတယ်။ ချင်းမြေယာဆိုင်ရာကွန်ယက်ရဲ့ ညှိနှိုင်းစီမံရေးမှူး ကိုမန်ဇခုပ်က “အစိုးရ အနေနဲ့ ပြဌာန်းထားတဲ့ မြေလွတ်မြေရိုင်း ဥပဒေကို ချက်ခြင်း ဖျက်သိမ်းပေးဖို့။ ပြီးတော့ ချင်းပြည်နယ်မှာ မြေလွတ်မြေလပ် မရှိကြောင်း ဆိုတာကို အစိုးရက အသိအမှတ် ပြုပြီးတော့မှ ဓလေ့ထုံးတမ်းအရ…

Read More

၂၀၁၉ ခုနှစ်အတွက် Schuman Awards ဆုကို ရရှိသူများ

ရန်ကုန် ဖေဖော်ဝါရီ ၁၅-၂၀၁၉ TGH (VOM)   ၂၀၁၉ ခုနှစ်အတွက် Schuman Awards ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် လူ့အခွင့်အရေးဆုကို ကျား/မရေးရာ နှင့် ငြိမ်းချမ်းရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူ ၊ငြိမ်းချမ်းရေးအတွက် တက်ကြွစွာလှုပ်ရှားဆောင်ရွက်သူ ဦးအောင်ကျော်မိုး နှင့် လူ့အခွင့်အရေးကို ကာကွယ်ပြောဆိုသူ ဦးရောဘတ်စန်းအောင်တို့မှ ရရှိခဲ့ကြောင်း သိရသည်။ မြန်မာနို်င်ငံမှာရှိတဲ့ ဥရောပသမဂ္ဂအဖွဲ့ကနေ တစ်ကမ္ဘာလုံးက တန်ဖိုးထားတဲ့ ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးများကို  မြှင့်တင်ရေးတွင် စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်သူများကို အသိအမှတ်ပြုသည့် Schuman Awards ဆုများကို နှစ်စဉ်ပေးအပ်လျက်ရှိရာ ယခုနှစ်အတွက်  မိမိတို့၏ အသက်အိုးအိမ်ကို အများပြည်သူတွက် နှစ်မြှုပ်ထားပြီး ၎င်းတို့၏ ရဲစွမ်းသတ္တိများသည် ပြည်သူအများ၏ဘဝများကို ထင်ရှားသည့် အကျိုးသက်ရောက်မှုဖြစ်စေပြီး မထင်ရှားသောပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်းသိရသည်။   Schuman Awards ဆုများချီးမြှင့်သည့် အခမ်းအနားတွင်…

Read More

ချစ်သူများနေ့မှာ ကျောက်ဆည်ရှိ မင်းရဲဆည်အတွင်း GTI ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

ကျောက်ဆည် ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉   ဖေဖော်ဝါရီလ ၁၄ ရက်နေ့ (ချစ်သူများနေ့)မှာ ကျောက်ဆည်မြို့၊ဘောဂဝတီ ရပ်ကွက်အတွင်းက မင်းရဲဆည်အတွင်းမှာ ကျောက်ဆည်နည်းပညာတက္ကသိုလ်က ပထမနှစ်(Mechanical)ကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။   ရေနစ်သေဆုံးခဲ့တဲ့ ကျောင်းသားဟာ မြင်းခြံမြို့နေ ကိုအေးမင်းပိုင်ဆိုသူ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက်ရက်နေ့ ညနေ ၅ နာရီအချိန်က သူငယ်ချင်း ၃ ဦးနဲ့အတူ မင်းရဲဆည်အတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်မြို့မရဲစခန်းက သိရပါတယ်။   မင်းရဲဆည်အတွင်း ရေဆင်းချိုးရာကနေ ရေနစ်ပျောက်ဆုံးသွားခဲ့တဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ ပထမနှစ်(Mechanical)ကျောင်းသား ကိုအေးမင်းပိုင် ရဲ့ ရုပ်အလောင်းကို ရဲတပ်ဖွဲ့ဝင်တွေ၊မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ နဲ့ ကျောက်ဆည်မြို့က လူမှု/အသက်ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ရှာဖွေခဲ့ရာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် အချိန်က…

Read More

ကတ်ရှ်မီးယားဒေသမှာ အသေခံဗုံးခွဲတိုက်ခိုက်ခံရလို့ အိန္ဒိယတပ်ဖွဲ့ဝင် ၄၇ ဦးသေဆုံး

ဒေလီ၊ ဖေဖော်ဝါရီ-၁၅ မျိုးဆက် (VOM)   အိန္ဒိယအစိုးရအုပ်ချုပ်မှုအောက်မှာရှိတဲ့  အငြင်းပွားဖွယ် ကတ်ရှ်မီးယားဒေသမှာ အိန္ဒိယတွဲဖက်စစ်ဆင်ရေး ရဲတပ်ဖွဲ့ယာဉ်တန်း ကို စစ်သွေးကြွတွေက အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့လို့ တပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း စရီနင်ဂမြို့သို့ တပ်ဖွဲ့ဝင်တွေတင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးကို ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ဆောင်ထားတဲ့  ကားတစ်စီးက အတင်းဝင်တိုက်ပြီး ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဆိုပါတိုက်ခိုက်မှုကို ပါကစ္စတန်အခြေစိုက် အစ္စလာမ်မစ်စစ်သွေးကြွအုပ်စု ဂျာအစ်အီးမိုဟာမက်အဖွဲ့က ကြိုးကိုင်လုပ်ဆောင်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။ လက်ရှိမှာ ဒါဏ်ရာရရှိသူတွေရဲ့ အခြေအနေဟာ စိုးရိမ်ဖွယ်ရှိနေတာကြောင့် သေဆုံးသူအရေအတွက် တိုးမြင့်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ယင်းတိုက်ခိုက်မှုမှာ ၁၉၈၉ခုနှစ်အတွင်း စတင်ခဲ့တဲ့ အိန္ဒိယအုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ သူပုန်လှုပ်ရှားမှု နောက်ပိုင်း ကတ်ရှ်မီးယားဒေသအတွင်း အိန္ဒိယတပ်ဖွဲ့ဝင်တွေအပေါ် အသေအပျောက်အများဆုံး တိုက်ခိုက်မှု တစ်ခုဖြစ်ပါတယ်။ ဒီဒေသဟာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံလုံးက ခွဲခြားအုပ်ချုပ်နေကြပြီး…

Read More

မရိုက်ချင်ဘဲ လူမှုရေးအရ ရိုက်ပေးလိုက်ရတဲ့ ဇာတ်ကားတွေရှိတယ်လို့ စိုးမြတ်သူဇာဆို

ရန်ကုန် ဖေဖော်ဝါရီ ၁၅ -၂၀၁၉ သင်းသဒ္ဒါ (VOM)   ကာရိုက်တာမျိုးစုံကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာကတော့ မရိုက်ချင်ဘဲ လူမှုရေးအရ ရိုက်ပေးလိုက်ရတဲ့ ဇာတ်ကားတွေရှိတယ်လို့ဆိုပါတယ်။   ”တချို့ကားတွေ ကျတော့ မကြီးလူမှုရေးအရ ရိုက်ပေး လိုက်ရတာတွေရှိတယ်။ တစ်ခါတလေသိတယ်။ ကိုယ့်ဘာသာကိုယ် မရိုက်ချင် မှန်း။ ဒါပေမဲ့ အကြောင်းကြောင်းတွေ အမျိုးမျိုးကြောင့် လက်ခံလိုက်ရတဲ့ ကားတွေရှိတယ်။ မကြီးတို့ ရုပ်ရှင် အသိုင်းအဝိုင်းက နည်းနည်းလေး။ အနုပညာရှင် အချင်း ချင်း အပြန်အလှန်ကူညီမှ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ကိုယ်တွေလည်း နေနိုင်တာပေါ့။ အဲဒီတော့ အဲဒါလေး တွေကိုပဲ ပရိသတ်က နားလည်ပေးပါလို့ မကြီးပြောချင် တယ်။ အားတွေလည်း နာပါတယ်။ ခဏခဏ အားနာ ခိုင်းလို့ပါ”လို့ဆိုပါတယ်။   သူမတော့ လတ်တလော ဒါရိုက်တာ ကိုပေါက်…

Read More

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှာကို ထောက်ခံတဲ့အနေနဲ့ ကလေးမှာ စတစ်ကာကမ်ပိန်း ပြုလုပ်

ကလေး ဖေဖော်ဝါရီ ၁၅-၂၀၁၉ မိုင်ချယ်ရီ (VOM) စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပပြုလုပ်မဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးထောက်ခံ ဆန္ဒထုတ်ဖော်ပွဲမှာ တစ်မြို့နယ်လုံး ပူးပေါင်းပါဝင်လာဖို့အတွက်ဆိုပြီး ဆိုင်ကယ်နဲ့ကားတွေမှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံပွဲ ၂၃.၂.၂၀၁၉ ဆိုတဲ့ စာသားတွေ ပါဝင်တဲ့ စတစ်ကာတွေ လိုက်လံကပ်ပေးတဲ့ လှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။   ဒီလှုပ်ရှားမှု ကို ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဆောင်ပြီး ကလေးမြို့လမ်းဆုံ မီးပွိုင့်​ မှာ ဆိုင်ကယ်အစီးရေ ၂၀၀၀ နဲ့ ကားအစီးရေ ၇၅၀မှာ ကပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း(ကလေးမြို့ )တာဝန်ခံ ဦးဘကြူး က အခုလို ပြောပါတယ် “ဖွဲ့စည်းပုံ ဥပဒေ မှာပါတဲ့ သမ္မတ က ၀န်ကြီးချုပ်တွေကို တိုက်ရိုက်ခန့်အပ်ရမယ် ဆိုတာကို…

Read More

တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုတရားခံတွေကို အမိန့်ချမှတ်

အင်းစိန် ဖေဖေါ်ဝါရီ ၁၅-၂၀၁၉ TGH (VOM ) အန်အယ်လ်ဒီပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကိုသတ်တဲ့အမှုမှာ တရားခံတွေကို ဒီကနေ့ မှာ အင်းစိန်မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ ဦးကိုနီကိုသေနတ်နဲ့တေ့ပစ်တဲ့ ကြည်လင်းကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့သေဒဏ်၊ တဆက်တည်း သေနတ်သမားကြည်လင်းဟာ တက္ကစီသမား ကိုနေဝင်းကို ကြိုတင်ကြံစည်မှုမရှိဘဲ ရုတ်တရက် ဖြစ်ပေါ်လာတဲ့အနေအထားပေါ်မူတည်ပြီး နောက်ထပ်သေနတ်နဲ့ပစ်သတ်တာဖြစ်လို့ ၃၀၂ နဲ့ ထောင် အနှစ် ၂၀ချမှတ်လိုက်ပါတယ်။ အမှုတွဲမှာပါတဲ့ တရားခံတွေဖြစ်တဲ့ အောင်ဝင်းဇော်ကို ကြိုးမိန့်နဲ့သေဒဏ် ချမှတ်ခဲ့ပါတယ်။ နောက်ထပ်အမှုတွဲတရားခံတွေဖြစ်တဲ့ ဇေယျာဖြိုးကို ထောင်ဒဏ် ၅ နှစ်နဲ့ အောင်ဝင်းထွန်းကို ထောင်ဒဏ် ၃ နှစ် ချမှတ် လိုက်တယ်လို့ ၂ဖက်ရှေ့နေတွေကပြောပါတယ်။

Read More

စိန့်မာတင်ကျွန်းကို မြန်မာပိုင်အဖြစ် မြေပုံမှာဖော်ပြလို့ ဘင်္ဂလားဒေ့ရှ်ကန့်ကွက်

  ဒါကာ၊ ဖေဖော်ဝါရီ-၁၅-၂၀၁၉ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စိန့်မာတင်ကျွန်းကို မြန်မာအစိုးရ ၀က်ဘ်ဆိုက်တစ်ခုမှာ မြန်မာနိုင်ငံပိုင်နက်အဖြစ် ဖော်ပြထားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက် အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။   ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် M Delwar Hossain က ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ ဦးအောင်ကျော်မိုးကို ဖေဖော်ဝါရီ ၁၄ ရက်က ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်တာဖြစ်ပါတယ်။   အဆိုပါကျွန်းကို မြန်မာအစိုးရ တရားဝင် ၀က်ဘ်ဆိုက်မြေပုံတွေမှာ မြန်မာပိုင်ကျွန်းအဖြစ် ရည်ညွှန်းဖော်ပြထားလို့ ၂၀၁၈ ခုနှစ် အောက်တိုဘာလကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ကန့်ကွက်ခဲ့ဖူးပြီး ဒီလိုမှားယွင်းဖော်ပြခဲ့တဲ့ ၀က်ဘ်ဆိုက်တွေကနေ ရည်ညွှန်းချက်တွေကို မြန်မာဘက်က ပြန်လည် ပယ်ဖျက်ပေးခဲ့ပါတယ်။   ယခုတစ်ကြိမ်မှာတော့ မြန်မာအစိုးရရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီးဌာနရဲ့ ပြည်သူ့အင်အား…

Read More

နိုင်​ငံ​တော်​သမ္မတ(ငြိမ်း)ဦးသိန်းစိန်​   မဟာဂန္ဓာရုံ​ကျောင်းတိုက်​​​အတွင်း နိုင်​လွန်​ကတ္တရာလမ်း ​လှူ ဒါန်းမှုပြုလုပ်​   မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၁၅-၂၀၁၉ ဟိန်းကို(VOM)   မန္တ​လေးတိုင်း​ ၊ အမရပူရမြို့နယ်​၊ မဟာဂန္ဓာရုံ​​ကျောင်းတိုက်​​အတွင်း နိုင်​လွန်​ကတ္တရာလမ်း​လှူဒါန်းခြင်း အခမ်းအနားကို ဒီက​နေ့နံနက်​ပိုင်းက မဟာဂန္ဓာရုံဘုန်းကြီး​ကျောင်းဝန်းထဲမှာ ပြုလုပ်​ခဲ့ပါတယ်​။   ​ကျောင်းတိုက်​အတွင်း ​အလျား၁၀၀၆​ပေ အနံ ၁၄​ပေ ရှိ နိုင်လွန်​​​ကတ္တရာလမ်းကို ကျပ်​သိန်း​ပေါင်း ၁၅၇ သိန်း​ကျော်​ အကုန်​ကျခံကာ နိုင်​ငံ​တော်​သမ္မတ(ငြိမ်း) ဦးသိန်းစိန်​ မိသားစုက လှူ ဒါန်းမှုပြုလုပ်​ခဲ့တာပါ။   နိုင်​လွန်​ကတ္တရာလှူဒါန်းတဲ့ အခမ်းအနားကို မန္တ​လေးတိုင်း​ ဝန်​ကြီးချုပ်​(ငြိမ်း) ဦးရဲမြင့်​ နဲ့ ပြည်​​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံဖြိုး​ရေးပါတီအကြီးအကဲတွေလည်း တက်​​ရောက်​ခဲ့ပါတယ်​။       #voiceofmyanmar#ဦးသိန်းစိန်#သမ္မတ(ငြိမ်း)

Read More

တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကိုသတ်တဲ့အမှု စီရင်ချက်ချဖွယ်ရှိ

အင်းစိန် ဖေဖေါ်ဝါရီ ၁၅- ၂၀၁၉ TGH(VOM) တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ပစ်သတ်တဲ့ ကြည်လင်းနဲ့အပေါင်းပါတွေရဲ့အမှုကို ဒီကနေ့အပြီးသတ်စီရင်ချက်ချတော့မှာမို့ စိတ်ဝင်စားတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ နိုင်ငံခြားသံတမန်တွေဟာ  မြောက်ပိုင်းခရိုင်တရားရုံးမှာ ရောက်ရှိနေကြပါတယ်။ အင်းစိန်ထောင်ကနေ ကြည်လင်းတို့ကိုရုံးထုတ်လာတဲ့ကားရောက်ရှိပြီမို့ စီရင်ချက်ဟာ မကြာခင်သိရတော့မှာဖြစ်ပါတယ်။ VOM သတင်းထောက် သင်္ဂီထွန်းက ရိုက်ကူးပေးပို့ထားပါတယ်။   #voiceofmyanmar#ကြည်လင်း#ဦးကိုနီ

Read More
VOM News

FREE
VIEW