ချစ်သူများနေ့မှာ ကျောက်ဆည်ရှိ မင်းရဲဆည်အတွင်း GTI ကျောင်းသားတစ်ဦး ရေနစ်သေဆုံး

ကျောက်ဆည် ဖေဖော်ဝါရီ ၁၅၊ ၂၀၁၉

 

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ (ချစ်သူများနေ့)မှာ ကျောက်ဆည်မြို့၊ဘောဂဝတီ ရပ်ကွက်အတွင်းက မင်းရဲဆည်အတွင်းမှာ ကျောက်ဆည်နည်းပညာတက္ကသိုလ်က ပထမနှစ်(Mechanical)ကျောင်းသားတစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

 

ရေနစ်သေဆုံးခဲ့တဲ့ ကျောင်းသားဟာ မြင်းခြံမြို့နေ ကိုအေးမင်းပိုင်ဆိုသူ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၄ ရက်ရက်နေ့ ညနေ ၅ နာရီအချိန်က သူငယ်ချင်း ၃ ဦးနဲ့အတူ မင်းရဲဆည်အတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်မြို့မရဲစခန်းက သိရပါတယ်။

 

မင်းရဲဆည်အတွင်း ရေဆင်းချိုးရာကနေ ရေနစ်ပျောက်ဆုံးသွားခဲ့တဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ ပထမနှစ်(Mechanical)ကျောင်းသား ကိုအေးမင်းပိုင် ရဲ့ ရုပ်အလောင်းကို ရဲတပ်ဖွဲ့ဝင်တွေ၊မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ နဲ့ ကျောက်ဆည်မြို့က လူမှု/အသက်ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ရှာဖွေခဲ့ရာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် အချိန်က မင်းရဲဆည် ရေတားဘောင်အနီးမှာ ၄င်းရဲ့ အလောင်းအား ရှာဖွေရရှိခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်ဆည်မြို့မရဲစခန်းကနေ သေမှုသေခင်းအမှတ်စဉ် ၄ /၂၀၁၉ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရပါတယ်

#voiceofmyanmar#ကျောက်ဆည်#နည်းပညာတက္ကသိုလ်ကျောင်းသား#နေနစ်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW