၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှာကို ထောက်ခံတဲ့အနေနဲ့ ကလေးမှာ စတစ်ကာကမ်ပိန်း ပြုလုပ်

ကလေး ဖေဖော်ဝါရီ ၁၅-၂၀၁၉

မိုင်ချယ်ရီ (VOM)

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပပြုလုပ်မဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးထောက်ခံ ဆန္ဒထုတ်ဖော်ပွဲမှာ တစ်မြို့နယ်လုံး ပူးပေါင်းပါဝင်လာဖို့အတွက်ဆိုပြီး ဆိုင်ကယ်နဲ့ကားတွေမှာ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံပွဲ ၂၃.၂.၂၀၁၉ ဆိုတဲ့ စာသားတွေ ပါဝင်တဲ့ စတစ်ကာတွေ လိုက်လံကပ်ပေးတဲ့ လှုပ်ရှားမှုကို ဒီနေ့မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

ဒီလှုပ်ရှားမှု ကို ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဆောင်ပြီး ကလေးမြို့လမ်းဆုံ မီးပွိုင့်​ မှာ ဆိုင်ကယ်အစီးရေ ၂၀၀၀ နဲ့ ကားအစီးရေ ၇၅၀မှာ ကပ်ပေးခဲ့တာ ဖြစ်ပါတယ်။

၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း(ကလေးမြို့ )တာဝန်ခံ ဦးဘကြူး က အခုလို ပြောပါတယ်

“ဖွဲ့စည်းပုံ ဥပဒေ မှာပါတဲ့ သမ္မတ က ၀န်ကြီးချုပ်တွေကို တိုက်ရိုက်ခန့်အပ်ရမယ် ဆိုတာကို မကြိုက်ဘူး။အဲ့ဒါဖက်ဒရယ် မဟုတ်ဘူးလေ။ တကယ်က၀န်ကြီးချုပ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်က ရွေးရမှာ။ အဲ့ဒီအချက်တွေကို ပြင်စေချင်တယ်”။

 

စတစ်ကာ ကမ်ပိန်းလှုပ်ရှားတာကို ဒီနေ့အပြင် လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာလည်း ထပ်မံ ပြုလုပ်မှာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ကျရင်တော့ တစ်မြို့နယ်လုံး အတိုင်းအတာနဲ့ ကလေးမြို့ ရွှေဘုံသာ ဘုရားကြီးဝန်းအတွင်းမှာ လူစုပြီး လမ်းလျှောက်ထောက်ခံဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ဖို့ ရှိနေပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW