နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်   မဟာဂန္ဓာရုံကျောင်းတိုက်​​​အတွင်း နိုင်လွန်ကတ္တရာလမ်း လှူ ဒါန်းမှုပြုလုပ်

 

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၁၅-၂၀၁၉

ဟိန်းကို(VOM)

 

မန္တ​လေးတိုင်း​ ၊ အမရပူရမြို့နယ်​၊ မဟာဂန္ဓာရုံ​​ကျောင်းတိုက်​​အတွင်း နိုင်​လွန်​ကတ္တရာလမ်း​လှူဒါန်းခြင်း အခမ်းအနားကို ဒီက​နေ့နံနက်​ပိုင်းက မဟာဂန္ဓာရုံဘုန်းကြီး​ကျောင်းဝန်းထဲမှာ ပြုလုပ်​ခဲ့ပါတယ်​။

 

ကျောင်းတိုက်​အတွင်း ​အလျား၁၀၀၆​ပေ အနံ ၁၄​ပေ ရှိ နိုင်လွန်​​​ကတ္တရာလမ်းကို ကျပ်​သိန်း​ပေါင်း ၁၅၇ သိန်း​ကျော်​ အကုန်​ကျခံကာ နိုင်​ငံ​တော်​သမ္မတ(ငြိမ်း) ဦးသိန်းစိန်​ မိသားစုက လှူ ဒါန်းမှုပြုလုပ်​ခဲ့တာပါ။

 

နိုင်​လွန်​ကတ္တရာလှူဒါန်းတဲ့ အခမ်းအနားကို မန္တ​လေးတိုင်း​ ဝန်​ကြီးချုပ်​(ငြိမ်း) ဦးရဲမြင့်​ နဲ့ ပြည်​​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံဖြိုး​ရေးပါတီအကြီးအကဲတွေလည်း တက်​​ရောက်​ခဲ့ပါတယ်​။

 

 

 

#voiceofmyanmar#ဦးသိန်းစိန်#သမ္မတ(ငြိမ်း)

Related posts

Leave a Comment

VOM News

FREE
VIEW