နေပြည်တော်၊ ဇူလိုင် ၁၇ – ၂၀၁၉ ကိုထွန်း (VOM) ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ဖို့ဆိုတာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ သဘောထားမဟုတ်ဘဲ နိုင်ငံရေးလူတစ်စုရဲ့ ဆန္ဒသာဖြစ်တယ်လို့ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ဒီနေ့ ဇူလိုင် ၁၇ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားစဉ်မှာ ပြောဆိုခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)ပြင်ဆင်ရေး လုပ်ငန်းစဉ်ဟာ ဥပဒေနဲ့မညီသလို ဆက်ပြီးလုပ်နေဆောင်နေတာဟာလည်း တိုင်းပြည်အတွက် မကောင်းဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် အခြေခံပြည်သူလူထုဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နားလည်သိရှိမှုနည်းသလို ဒီဥပဒေ ရှိခြင်း၊ မရှိခြင်းက သူတို့အတွက်ဘာပြသနာမှ မရှိဘူးလို့လည်း ဆိုပါတယ်။ အလားတူပဲ တိုင်းရင်းသားတွေမှာလည်း ဘာပြသနာမှ မဖြစ်သလို တပ်မတော်ပါဝင်ပတ်သက်တာ၊ မပတ်သက်တာကလည်း ပြသနာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။…
Read MoreCategory: ဓာတ်ပုံ ဗီဒီယို
၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေးမှာ ၅၉(စ) လို မပြင်သင့်တဲ့ ပုဒ်မတွေ မပြင်ဖို့ ဆန္ဒဖော်ထုတ်
မန္တလေး၊ ဇူလိုင် -၁၇ – ၂၀၁၉ ဖြူဖြူ (VOM) ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်ထောင်စု လွှတ်တော်မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး(ခြေ/ဥ) ပူးပေါင်းကော်မတီကနေ ၂၀၀၈ ခြေ၊ဥ ပြင်ဆင်ဖို့ လေ့လာတွေ့ရှိချက်တွေ တင်သွင်းလိုက်ပြီးတဲ့နောက် မပြင်ဆင်သင့်တဲ့ ဥပဒေတချို့ကို မပြင်ဖို့ ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ၂၀၀၈ ခြေ၊ဥမှာ ပြင်ဆင်သင့်ပြင်ဆင်ထိုက်တာတွေ ပါဝင်သလို လုံးဝမပြင်ဆင်သင့်တဲ့ ၅၉(စ)လို ပုဒ်မတွေ မပြင်ဖို့ဆိုပြီး လူအင်အား ၅၀၀ နဲ့အထက်ဟာ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ အဲဒီဆန္ဒဖော်ထုတ်ပွဲမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ၊ ၂၀၀၈ခြေ၊ဥ ပြင်ဆင်လိုတဲ့ ပါတီဝင်အချို့နဲ့ ပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ ပုဒ်မ ၁၂ ပါ ပြဌာန်းချက်များပြင်ဆင်ပေးရေး၊ ပုဒ်မ ၅၉(စ) မူလအတိုင်းဆက်လက်ထားရှိရေး၊ ပုဒ်မ ၄၃၆…
Read Moreမင်းကင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်မှာ ဘာကြောင့်မတ်တပ်ရပ်ခဲ့သလဲ
နေပြည်တော်၊ ဇူလိုင် – ၁၅ – ၂၀၁၉ ကိုထွန်း(VOM) ဒီနေ့ နေပြည်တော် ပြည်သူ့လွှတ်တော်မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက တင်ပြတဲ့အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြင်ဆင်ဖို့အချက်တွေကို ကန့်ကွက်လိုက လာမယ့် ဇူလိုင် ၁၈ ရက်မှာ အမည်စာရင်းပေးသွင်းဖို့ ပြောဆိုချက်အပေါ် မင်းကင်းမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က မတ်တပ်ရပ်ကန့်ကွက်ခဲ့ပါတယ်။ ပြင်ဆင်ဖို့အချက်ပေါင်း ၃၇၅၆ ချက်အတွက် အချိန်လုံလောက်မှုမရှိတာကြောင့် ကန့်ကွက်ခဲ့တာပါ။ အဲဒီနောက် လွှတ်တော်နာယက ကနေ ၂၂ ရက်ကို ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ ဒ့ါအပြင် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ဖို့ကို ဥပဒေအတိုင်းလုပ်ဆောင်ခဲ့မှုမရှိတဲ့အပြင် ဘယ်သူမှမဆွေးနွေးဘဲ ဒါကို အတည်ဖြစ်အောင် လုပ်ဆောင်နေတာကိုလည်း လက်မခံဘူးလို့ ဦးမောင်မြင့် ဆိုပါတယ်။ #voiceofmyanmar #နေပြည်တော် #ပြည်သူ့လွှတ်တော် #၂၀၀၈ခြေဥပြင်ဆင်ရေး #ပူးပေါင်းကော်မတီရဲ့အစီရင်ခံစာ #မင်းကင်း #ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် #ဦးမောင်မြင့်
Read More၂၀၀၈ ခြေဥပြင်ဆင်ရေးအတွက် တင်ပြချက်အပေါ် ဦးမင်းကိုနိုင်အမြင်
နေပြည်တော်၊ ဇူလိုင် ၁၅ – ၂၀၁၉ ကိုထွန်း(VOM) လွှတ်တော်ရဲ့အတွင်းနဲ့ လွှတ်တော်ရဲ့ပြင်ပက ဟန်ချက်ညီအောင် ဘယ်လို အလုပ်လုပ်သင့်လဲဆိုတာကို အကောင်အထည်ဖော်ဖို့ လိုတယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမင်းကိုနိုင်က ပြောပါတယ်။ ဒီနေ့ နေပြည်တော် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဧည့်သည်တော်အဖြစ်လာရောက်နားထောင်ခဲ့စဉ် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းကော်မတီက တင်ပြတဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင်ခံစာ အပေါ်ကို သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ #voiceofmyanmar #၂၀၀၈ ခြေဥပြင်ဆင်ရေး #ဦးမင်းကိုနိုင် #ပြည်သူ့လွှတ်တော် #နေပြည်တော်
Read Moreအများစိတ်ဝင်စားနေတဲ့ ဗစ်တိုးရီးယားအမှုက စွပ်စွဲခံထားရသူကို ဒီနေ့ ရုံးထုတ်
နေပြည်တော်၊ ဇူလိုင် ၁၅ – ၂၀၁၉ ကိုထွန်း(VOM) နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ သုံးနှစ်ခန့်အရွယ် မိန်းကလေး အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူကို ဒီနေ့ ဇူလိုင် ၁၅ ရက်မှာတော့ နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလက Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ ဗစ်တိုးရီးယားဟာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်ခံခဲ့ရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လက်ရှိမှာ ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားတာပါ။ ဒီနေ့မှာ စွပ်စွဲခံရသူ ကိုအောင်ကြီးရှေ့နေဘက်က ပါဝါတင်ဖို့နဲ့ အမှုကိုစီစဉ်ဖို့ပေါ့သာ ဆောင်ရွက်သွားမှာဖြစ်ပြီး စတင်စစ်ဆေးမှုတော့ မရှိသေးဘူးလို့ သိရပါတယ်။ လာမယ့်ရုံးချိန်းကို ဇူလိုင် ၂၄ ရက်ကို…
Read Moreမြစ်ကြီးနားရေကြီးမှု စိုးရိမ်ရေအမှတ်ထက် ကျော်လွန် ကယ်ဆယ်ရေးတိုးမြှင့်ဆောင်ရွက်နေရ
မြစ်ကြီးနား၊ ဇူလိုင် ၁၃ -၂၀၁၉ ရန်အောင်ထွန်း(VOM) မြစ်ကြီးနားမြို့ မြစ်ရေတိုးနေမှုဟာ ဇူလိုင် ၁၂ ရက် ညပိုင်း ၁၂ နာရီတိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်ထက် ၂၅ စင်တီမီတာ ကျော်လွန်နေပြီ ဖြစ်ပြီး ကယ်ဆယ်ရေးတိုးမြှင့်ဆောင်ရွက်နေရတယ်လို့ မြစ်ကြီးနားမြို့နယ် ဒု မီးသတ် ဦးစီးမှူးက ဆိုပါတယ်။ မြစ်ကြီးနားမြို့ စိုးရိမ်ရေအမှတ်ဟာ ၁၂၀၀ စင်တီမီတာဖြစ်ပြီး ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်း တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ၁၂၂၅ စင်တီမီတာကို ရောက်ရှိနေတာပါ။ ဒါကြောင့် မြို့တွင်းရေကျော်လမ်း တချို့ကိုလည်း ပိတ်ဆို့ထားရပါတယ်။ အနိမ့်ပိုင်းရပ်ကွက်တွေ ရေ၀င်မှုကလည်း တိုးလာနေပြီး လက်ရှိအချိန်ထိ ရပ်ကွက် ၁၄ ခုက ရေနစ်မြုပ်နေတဲ့ အိမ်ထောင်စု ၆၄၇ စုမှာ နေထိုင်သူ လူဦးရေ ၃၂၆၉…
Read MoreVictoria အမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ရေး လူနှစ်ထောင်လောက် မန္တလေးမှာ ဆန္ဒထုတ်ဖော်
မန္တလေး၊ဇူလိုင် ၈-၂၀၁၉ ဟိန်းကို(VOM) နေပြည်တော်က Wisdom Hill မူကြိုကျောင်းမှာ လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခံခဲ့ရတဲ့ အသက် ၃ နှစ်ခန့်အရွယ် မိန်းကလေးတစ်ဦး အမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် မန္တလေးမြို့က လူ့အဖွဲ့အစည်တွေ စုပေါင်းပြီး ဒီနေ့ မနက်ပိုင်းက ဆန္ဒထုတ်ဖော် တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ လူပေါင်း နှစ်ထောင်ခန့်ဟာ အဖြူရောင်အင်္ကျီတွေဝတ်ဆင်ပြီး ၆၆ လမ်းနဲ့ ၃၅ လမ်းထောင့်ကနေ ကြွေးကြော်သံတွေနဲ့ လမ်းလျှောက်ချီတက်ခဲ့ကြပြီး မနော်ရမ္မံပြည့်သူ့ဟစ်တိုင်းကွင်းအတွင်းမှာ ဟောပြောမှုတွေပြုလုပ်ခဲ့ကြပါတယ်။ #voiceofmyanmar #Victoria #အမှုမှန်ပေါ်ပေါက်ရေး #မန္တလေး #
Read Moreနေပြည်တော် မူကြိုကျောင်းသူလေးအမှု တရားမျှတမှုရရှိရေး ပြည်မြို့မှာ လမ်းလျောက်ဆန္ဒဖော်ထုတ်
ပြည် ၊ ဇွန် ၆-၂၀၁၉ လမင်း (VOM) နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိကမူကြိုကျောင်းမှာဖြစ်ပွားခဲ့တဲ့ ၃ နှစ်အရွယ်သမီးငယ်လေး သက်ငယ်မုဒိန်းအပြုခံခဲ့ရတဲ့ အမှု့တရားမျှတမှု့ရရှိရေးအတွက် ဇူလိုင် ၆ ရက်နေ့ညနေက ပြည်မြို့မှာ စုပေါင်းလမ်းလျောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ် ။ ဒီဆန္ဒဖော်ထုတ်ပွဲကို ပြည်မြို့လယ်မှာရှိတဲ့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့ကနေ ညနေ ၄ နာရီခွဲအချိန်ခန့်ကစတင်ပြီး “ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှု့ကိုရှာဖွေပေး ၊ ကလေးသူငယ်များအတွက် လွတ်လပ်လုံခြုံတဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးပါ ၊ နောက်ထပ်ဗစ်တိုးရီးယားများ အလိုမရှိ ၊ လူ့အဖွဲ့စည်းရဲ့ ရတနာကလေးငယ်တိုင်းကိုဂရုစိုက်ပါ”စတဲ့စာတန်းပါ တဲ့ဗီနိုင်းတွေကို ကိုင်ဆောင်ပြီး ပြည်မြို့သူမြို့သား ၂၀၀ ကျော်က ပြုလုပ်ခဲ့တာဖြစ်ပါတယ် ။ ဆန္ဒဖော်ထုတ်ပွဲအပြင် စတေကာ ၊ ဖဲကြိုးနက် ၊ ပန်းဖလက်ဝေခြင်း လှုပ်ရှားမှုတွေကိုပါပြုလုပ်ခဲ့ပြီး Justice for Victoria စာတမ်းပါ စတေကာ ၃၀၀…
Read More၅၇နှစ်မြောက် 7JULY အခမ်းအနား ရတနာပုံတက္ကသိုလ်ဗကသတွေပြုလုပ်
မန္တလေး၊ ဇူလိုင်၇-၂၀၁၉ ဟိန်းကို(VOM) ရန်ကုန်တက္ကသိုလ်တွင်းက ကျောင်းသားသမဂ္ဂအဆောက်အုံဖြိုခွဲခံရခြင်း၅၇နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကိုဒီကနေ့မနက်ပိုင်းကမန္တလေး ရတနာပုံတက္ကသိုလ်ဗကသအဖွဲ့ဝင်တွေစုပေါင်းပြီးပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကိုကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကပူးပေါင်းပါဝင်ခဲ့ခြင်းမရှိတဲ့အပြင်အခမ်းအနားမှာပြသမယ့်သမိုင်းမှတ်တမ်းဓာတ်ပုံတွေကိုလည်းသမဂ္ဂရုံးခန်းရှေ့မှာပဲ့မနေ့ကညပိုင်းကဖျက်စီးခံရမှုတွေရှိခဲ့ပါတယ်။ #voiceofmyanmar #ဆဲဗင်းဇူလိုင် #ရတနာပုံ #ဗကသ
Read Moreမန္တလေးတိုင်း အန်အယ်လ်ဒီပါတီရဲ့ ပါတီဝင်-အစိုးရ-လွှတ်တော်တွေ့ဆုံပွဲ
မန္တလေး – ဇူလိုင် ၅-၂၀၁၉ ဟိန်းကို+နေလင်း မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီ-အစိုးရ-လွှတ်တော်တွေ့ဆုံပွဲကို ဒီနေ့ဇူလိုင်၅ရက်မနက်ပိုင်းက လမ်း၈၀ ယူနန်ဘုံကျောင်းခမ်းမမှာပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဒေါက်တာဇော်မြင့်မောင်က လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုရှယ်မီဒီယာအသုံးပြုတာ သတိထားဖို့နဲ့ တိုင်စာတွေပိုများလာတဲ့ကိစ္စတွေအပြင် ဒေသဖွံ့ဖြိုးရေးတွေအားသွန်ခွန်စိုက်လုပ်ဖို့နဲ့ ပြည်သူနဲ့ပိုမိုထိတွေ့ဖို့တွေ ပြောခဲ့ပါတယ်။ ဗီအိုအမ်သတင်းဌာနက ဟိန်းကိုနဲ့ နေလင်း ရိုက်ကူးတင်ပြထားပါတယ်။ #voiceofmyanmar #မန္တလေး #ပါတီ #အစိုးရ #လွှတ်တော် #တွေ့ဆုံပွဲ #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #အန်အယ်လ်ဒီ
Read More