၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေးဟာ လူထု သဘောထားမဟုတ်၊ နိုင်ငံရေးလူတစ်စု ဆန္ဒသာဖြစ်တယ်

နေပြည်တော်၊ ဇူလိုင် ၁၇ – ၂၀၁၉

ကိုထွန်း (VOM)

 

 

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ဖို့ဆိုတာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ သဘောထားမဟုတ်ဘဲ နိုင်ငံရေးလူတစ်စုရဲ့ ဆန္ဒသာဖြစ်တယ်လို့ ပျော်​ဘွယ်​မြို့နယ် ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​သောင်း​အေးက ဒီနေ့ ဇူလိုင် ၁၇ ရက်မှာ ကျင်းပတဲ့  ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားစဉ်မှာ ပြောဆိုခဲ့ပါတယ်။

 

ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေ (၂၀၀၈)ပြင်​ဆင်​​ရေး လုပ်​ငန်းစဉ်​ဟာ ဥပ​ဒေနဲ့မညီသလို ဆက်​ပြီးလုပ်​​နေဆောင်နေတာဟာလည်း တိုင်းပြည်​အတွက်​ မ​ကောင်းဘူးလို့ ဆိုပါတယ်။

 

ဒါ့အပြင် အခြေခံပြည်သူလူထုဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နားလည်သိရှိမှုနည်းသလို ဒီဥပဒေ ရှိခြင်း၊ မရှိခြင်းက သူတို့အတွက်ဘာပြသနာမှ မရှိဘူးလို့လည်း ဆိုပါတယ်။ အလားတူပဲ တိုင်းရင်းသားတွေမှာလည်း ဘာပြသနာမှ မဖြစ်သလို တပ်မတော်ပါဝင်ပတ်သက်တာ၊ မပတ်သက်တာကလည်း ပြသနာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

 

“ဒီကိစ္စတွေကို နားလည်တာက နိုင်ငံရေးလူတစ်စုပဲ။ ဒီလူစုကပဲ လုပ်နေတာ။ ပြည်သူတစ်ရပ်လုံးလို့ သုံးနှုန်းနေတာဟာ အင်မတန် မသင့်တော်ပါဘူး။” လို့ ဦးသောင်းအေးက ပြောပါတယ်။

 

ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးလည်းဖြစ်တဲ့ ဦးသောင်းအေးက ဒီဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လာမယ့် ဇူလိုင် ၂၂ ရက်မှာလည်း သဘောမတူကြောင်း ဆက်ပြောသွားမယ်လို့ သိရပါတယ်။

 

#voiceofmyanmar #၂၀၀၈ ခြေ၊ဥ #ပြင်ဆင်ရေး #လူထုသဘောထားမဟုတ်၊နိုင်ငံရေးလူတစ်စု ဆန္ဒသာဖြစ် #နေပြည်တော် #ပျော်ဘွယ် #ဦးသောင်းအေး #ပြည်ခိုင်ဖြိုး

Related posts

Leave a Comment

VOM News

FREE
VIEW