ပုဒ်မ ၅၉ (စ)မပြင်ဆင်ရေး ရန်ကုန်မှာ ဆန္ဒဖော်ထုတ်

ရန်ကုန်၊ ဇူလိုင် ၁၇ – ၂၀၁၉ သိဂီ င်္(VOM)   ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးနဲ့ သံဃာအချင်းချင်းသင်းကွဲအောင် သွေးခွဲစော်ကားနေမှုတွေကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ ဒီနေ့ ဇူလိုင် ၁၇ ရက် မနက်ပိုင်းက ရန်ကုန်မြို့မှာ လူအင်အားသောင်းနဲ့ချီ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။   ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနဲ့ တိုင်းရင်းသားအချင်းချင်း သင်းကွဲအောင် သွေးကွဲစော်ကားနေတဲ့သူတွေကို ဆန့်ကျင်ရှုတ်ချဖို့၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အချုပ်အခြာအာဏာကိုကာကွယ်ဖို့ ဆန္ဒဖော်ထုတ်တာ ဖြစ်ပြီး ဒီပွဲမှာ ကြေးစားတွေ မပါဝင်ဘူးလို့ အမျိုးသားရေးဆောင်ရွက်သူတွေက ပြောပါတယ်။   ” မိမိလူမျိုး ဘာသာသနာကို ကာကွယ်စောင့်ရှောက်တဲ့ ရဟန်းရှင်တွေ၊ အများပြည်သူတွေ အမျိုးသားရေး ချစ်မြတ်နိုးသူတွေကိုကျ ကြေးစားတဲ့ ပြောကြတယ်။ အမှန်က ကြေးစားရဲ့ ဝေါဟာရကို မသိလို့။ ကိုယ့်နိုင်ငံ…

Read More

စစ်ကိုင်းမြို့မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထောင်နဲ့ချီပြီး ထောက်ခံ

စစ်ကိုင်း၊ ဇူလိုင် ၁၇ – ၂၀၁၉ စောပြည့်ချမ်းသာ(VOM)     စစ်ကိုင်းမြို့မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံတဲ့အနေနဲ့ ဒီနေ့ မနက်ပိုင်းက လူဦးရေ ထောင်နဲ့ချီပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။   အဲဒီ ဆန္ဒဖော်ထုတ်ပွဲကို  စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း၊ ဆားတောင်၊ ရွာသစ်ကြီး၊ မင်းကွန်းနဲ့ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်က ပြည်သူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။   စစ်ကိုင်းမြို့ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့ကနေ လူစုပြီး တာရိုးလမ်းကနေ မြို့မဈေးလမ်းကတစ်ဆင့် ဗိုလ်ချုပ်ပန်းခြံအထိ  အခြေခံဥပဒေပြင်ဆင်ရေးအစီရင်ခံစာအတည်ပြုရေး ဒို့အရေး၊ တိုင်းပြည်ငြိမ်းချမ်းသာယာရေး မူကြမ်းအသစ်အတည်ပြုပေးရေး ဒို့အရေး၊ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒ အောင်ရမည် စတဲ့ ကွေးကြော်သံတွေနဲ့ ဗီနိုင်းဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။   #voiceofmyanmar #၂၀၀၈ခြေ၊ဥပြင်ဆင်ရေး #ထောက်ခံပွဲ #စစ်ကိုင်း

Read More

၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေးဟာ လူထု သဘောထားမဟုတ်၊ နိုင်ငံရေးလူတစ်စု ဆန္ဒသာဖြစ်တယ်

နေပြည်တော်၊ ဇူလိုင် ၁၇ – ၂၀၁၉ ကိုထွန်း (VOM)     ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ဖို့ဆိုတာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ သဘောထားမဟုတ်ဘဲ နိုင်ငံရေးလူတစ်စုရဲ့ ဆန္ဒသာဖြစ်တယ်လို့ ပျော်​ဘွယ်​မြို့နယ် ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​သောင်း​အေးက ဒီနေ့ ဇူလိုင် ၁၇ ရက်မှာ ကျင်းပတဲ့  ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားစဉ်မှာ ပြောဆိုခဲ့ပါတယ်။   ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေ (၂၀၀၈)ပြင်​ဆင်​​ရေး လုပ်​ငန်းစဉ်​ဟာ ဥပ​ဒေနဲ့မညီသလို ဆက်​ပြီးလုပ်​​နေဆောင်နေတာဟာလည်း တိုင်းပြည်​အတွက်​ မ​ကောင်းဘူးလို့ ဆိုပါတယ်။   ဒါ့အပြင် အခြေခံပြည်သူလူထုဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နားလည်သိရှိမှုနည်းသလို ဒီဥပဒေ ရှိခြင်း၊ မရှိခြင်းက သူတို့အတွက်ဘာပြသနာမှ မရှိဘူးလို့လည်း ဆိုပါတယ်။ အလားတူပဲ တိုင်းရင်းသားတွေမှာလည်း ဘာပြသနာမှ မဖြစ်သလို တပ်မတော်ပါဝင်ပတ်သက်တာ၊ မပတ်သက်တာကလည်း ပြသနာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။…

Read More

လုပ်ငန်းခွင်မှာ အနိုင်ကျင့်တဲ့ အလုပ်ရှင်တွေကို ထောင်ချတော့မယ်

ဆိုးလ်၊ ဇူလိုင်-၁၇-၂၀၁၉ မျိုးဆက် (VOM)   အလုပ်ရှင်တွေကို ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပြစ်ဒဏ်ပေးမှုတွေနဲ့အတူ လုပ်ငန်းခွင်မှာ အနိုင်ကျင့်မှုတိုက်ဖျက်ရေး ဥပဒေသစ်ကို တောင်ကိုရီးယားမှာ ပြဌာန်းလိုက်ပါတယ်။   တောင်ကိုရီးယားနိုင်ငံမှာ  လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်နှောင့်ယှက်တာတွေနဲ့ပတ်သက်ပြီး အလုပ်ရှင်တွေကို  အရေးယူဖို့လိုအပ်တာကြောင့် ပထမဆုံးအကြိမ်အဖြစ် အဲဒီဥပဒေကို ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။   အတင်းပြောတာမျိုး၊ ကုမ္ပဏီလုပ်ငန်းတွေကို အတင်းအကြပ်စေခိုင်းတာမျိုး အပြုအမူတွေကိုပါ အလုပ်သမားတွေအနေနဲ့ တိုင်ကြားနိုင်တော့မှာ ဖြစ်ပါတယ်။   တောင်ကိုရီးယားနိုင်ငံမှာ လုပ်ငန်းခွင်အတွင်း နှောင့်ယှက်အနိုင်ကျင့်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ် ပေါ်နေပြီး ၀န်ထမ်း ၇၀ ရာခိုင်နှုန်းကို သက်ရောက်မှုရှိနေတယ်လို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။   ဥပဒေသစ်အရ လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံရကြောင်း တိုင်ကြားတဲ့ဝန်ထမ်းကို ထုတ်ပယ်တာအပြင် ဘယ်လိုအရေးယူမှုမျိုးကိုမှ မပြုလုပ်ဖို့ အလုပ်ရှင်ကို ပိတ်ပင်တားမြစ်ထားပါတယ်။ လုပ်ငန်းခွင် အနိုင်ကျင့်တယ်လို့ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်သုံးနှစ် ဒါမှာမဟုတ်…

Read More

မြောက်​ဦး​ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်​ဖို့ အစီအစဉ်​တွေ အပြီးသတ်ရေးစွဲနေ

ရန်​ကုန်​၊ ဇူလိုင်​ ၁၇ – ၂၀၁၉ သူရိန် (VOM)   ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသတစ်ခုဖြစ်တဲ့ မြောက်ဦးကို ဒီနှစ်ကုန်ပိုင်းမှာ ကမ္ဘာ့အမွေအနှစ်စာရင်း တင်​သွင်းနိုင်​ဖို့ အစီအစဉ်​​တွေ ရေးဆွဲ​နေတယ်​လို့​ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောပါတယ်​။   မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းဖို့ ပြင်ဆင်နေပြီး လက်ရှိမှာ မြောက်ဦးဒေသအတွင်း စီမံခန့်ခွဲရေး အစီအစဉ်တွေ ရေးဆွဲတာ၊ စောင့်ကြည့်အကဲခတ်ရေး ဆောင်ရွက်တာ​တွေကို နိုင်ငံတကာပညာရှင်တွေနဲ့ ပြည်တွင်းပညာရှင်တွေ ပူးပေါင်းညှိနှိုင်းရေးဆွဲ​နေပြီး အခုနှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းမှာ တင်သွင်းသွားမယ်​လို့ သိရပါတယ်​။   “ဒီဒေသတစ်ခုလုံးကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းဖို့အတွက် လက်ရှိမှာ စီမံခန့်ခွဲမှုအပိုင်းကို ရေးဆွဲနေပါတယ်။ မူကြမ်းအားဖြင့်တော့ တော်တော်လေး ပြီးနေပါပြီ။ အစည်းအဝးကတော့ နောက်ထပ် နှစ်ကြိမ်၊သုံးကြိမ်လောက်တော့ လုပ်ရဦးမှာပါ။ ဒီနှစ်ထဲ အပြီးသတ်ရေးဆွဲပြီးတော့ တင်သွားဖို့ရှိတယ်​။” လို့…

Read More

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာစစ်ဘက်ခေါင်းဆောင်တွေကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်

ဝါရှင်တန်၊ ဇူလိုင်-၁၇-၂၀၁၉ မျိုးဆက် (VOM)   ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ခဲ့တဲ့အပေါ် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အခြားစစ်ဘက် ထိပ်တန်းခေါင်းဆောင်တွေကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်တယ်လို့ အမေရိကန်က ဇူလိုင် ၁၆ ရက်မှာ ကြေညာလိုက်ပြီး သူတို့ကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။   ဒီိလိုအရေးယူပိတ်ဆို့မှုတွေ ချမှတ်ရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လက်ထောက် ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ အခြားထိပ်တန်းစစ်ဘက်အရာရှိနှစ်ဦးနဲ့ သူတို့ရဲ့ မိသားစုတွေပါဝင်ပြီး ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးယူရာမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။   လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို မြန်မာအစိုးရက အရေးယူမှုမပြုလုပ်နိုင်သေးတာနဲ့ နိုင်ငံတစ်ဝန်းမှာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက်ကျူးလွန်နေတယ်ဆိုတဲ့ သတင်းတွေ ထပ်ပြီးထွက်နေတဲ့အပေါ် စိုးရိမ်ပူပန်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ထုတ်ပြန်ချက်မှာ ဆိုပါတယ်။  …

Read More

၂၀၀၈ ​ခြေ၊ဥ ပြင်​​ဆင်​​ရေးမှာ ၅၉(စ) လို မပြင်​သင့်​တဲ့ ပုဒ်​မ​တွေ မပြင်​ဖို့ ဆန္ဒဖော်ထုတ်

မန္တ​လေး၊ ဇူလိုင်​ -၁၇ – ၂၀၁၉ ဖြူဖြူ (VOM)     ပြီးခဲ့တဲ့ ရက်​ပိုင်းက ပြည်​​ထောင်​စု လွှတ်​​တော်​မှာ ၂၀၀၈ အ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေး(​ခြေ/ဥ) ပူး​ပေါင်း​ကော်​မတီက​​နေ ​၂၀၀၈ ​ခြေ၊ဥ ပြင်​ဆင်​ဖို့ ​လေ့လာ​တွေ့ရှိချက်​​တွေ  တင်​သွင်းလိုက်​ပြီးတဲ့​နောက်​ မပြင်ဆင်သင့်တဲ့ ဥပဒေတချို့ကို မပြင်​​ဖို့ ဒီ​နေ့ မန္တ​လေးမြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။   ၂၀၀၈ ​ခြေ၊ဥမှာ ပြင်​ဆင်​သင့်​ပြင်​ဆင်​ထိုက်​တာ​တွေ ပါဝင်​သလို လုံးဝမပြင်​ဆင်​သင့်​တဲ့ ၅၉(စ)လို ပုဒ်​မ​တွေ မပြင်​ဖို့ဆိုပြီး လူအင်​အား ၅၀၀ နဲ့အထက်ဟာ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။   အဲဒီဆန္ဒဖော်ထုတ်ပွဲမှာ အမျိုးသား​ရေးတက်​ကြွလှုပ်​ရှားသူ​တွေ၊ ၂၀၀၈​ခြေ၊ဥ ပြင်​ဆင်​လိုတဲ့ ပါတီဝင်​အချို့နဲ့ ပြည်​သူ​တွေ ပါဝင်​ခဲ့ကြပါတယ်​။   ၂၀၀၈ အ​ခြေခံဥပ​ဒေမှာ ပုဒ်​မ ၁၂ ပါ ပြဌာန်းချက်​များပြင်​ဆင်​​ပေး​ရေး၊ ပုဒ်​မ ၅၉(စ) မူလအတိုင်းဆက်​လက်​ထားရှိ​ရေး၊ ပုဒ်​မ ၄၃၆…

Read More

၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေး ထောက်ခံပွဲ ရန်ကုန်နဲ့ မုံရွာမှာ ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၇ – ၂၀၁၉ သိဂီ င်္၊ရန်နိုင်စိုး (VOM)   ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ပြင်ဆင်ရေး ထောက်ခံပွဲကို ရန်ကုန်မြို့နဲ့ မုံရွာမြို့တို့မှာ ဒီနေ့ ဇူလိုင် ၁၇ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။   “ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရဖြစ်တယ်။ ပြည်သူကဝန်းရံတယ်။ တခြားနယ်မှာ လုပ်တာတွေနဲ့ အဆက်အစပ် မရှိပါဘူး။ ဒီပွဲက ပြည်သူက လုပ်တာပါ။”လို့ ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ ထောက်ခံပွဲကော်မတီဝင် ဦးသန်းနိုင်ထွေးက ပြောပါတယ်။   ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ  လူထောင်ချီပူးပေါင်း လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး အဲဒီထောက်ခံပွဲမှာ ဝန်းရံသူတွေအတွက် ၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေးကို ထောက်ခံပါက လက်မှတ်ပါဝင်ရေးထိုးဖို့ လက်မှတ်ကောက်ခံတဲ့ နေရာတွေလည်း ပြုလုပ်ထားပါတယ်။ ရရှိတဲ့လက်မှတ်စာရင်းကို အများပြည်သူသိအောင် ထုတ်ပြန်ပေးမှာဖြစ်ပြီး လောလောဆယ်စာရင်းအရတော့ လူအင်အား ၃၀၀၀ လောက် ပါဝင်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။…

Read More
VOM News

FREE
VIEW