စစ်ကိုင်းမြို့မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လူထောင်နဲ့ချီပြီး ထောက်ခံ

စစ်ကိုင်း၊ ဇူလိုင် ၁၇ – ၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

 

စစ်ကိုင်းမြို့မှာ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံတဲ့အနေနဲ့ ဒီနေ့ မနက်ပိုင်းက လူဦးရေ ထောင်နဲ့ချီပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

 

အဲဒီ ဆန္ဒဖော်ထုတ်ပွဲကို  စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း၊ ဆားတောင်၊ ရွာသစ်ကြီး၊ မင်းကွန်းနဲ့ စစ်ကိုင်းမြို့ပေါ် ရပ်ကွက်က ပြည်သူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။

 

စစ်ကိုင်းမြို့ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့ကနေ လူစုပြီး တာရိုးလမ်းကနေ မြို့မဈေးလမ်းကတစ်ဆင့် ဗိုလ်ချုပ်ပန်းခြံအထိ  အခြေခံဥပဒေပြင်ဆင်ရေးအစီရင်ခံစာအတည်ပြုရေး ဒို့အရေး၊ တိုင်းပြည်ငြိမ်းချမ်းသာယာရေး မူကြမ်းအသစ်အတည်ပြုပေးရေး ဒို့အရေး၊ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒ အောင်ရမည် စတဲ့ ကွေးကြော်သံတွေနဲ့ ဗီနိုင်းဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး လမ်းလျှောက်ဆန္ဒ ဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

 

#voiceofmyanmar #၂၀၀၈ခြေ၊ဥပြင်ဆင်ရေး #ထောက်ခံပွဲ #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW