၂၀၀၈ ​ခြေ၊ဥ ပြင်​​ဆင်​​ရေးမှာ ၅၉(စ) လို မပြင်​သင့်​တဲ့ ပုဒ်​မ​တွေ မပြင်​ဖို့ ဆန္ဒဖော်ထုတ်

မန္တ​လေး၊ ဇူလိုင်​ -၁၇ – ၂၀၁၉

ဖြူဖြူ (VOM)

 

 

ပြီးခဲ့တဲ့ ရက်​ပိုင်းက ပြည်​​ထောင်​စု လွှတ်​​တော်​မှာ ၂၀၀၈ အ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေး(​ခြေ/ဥ) ပူး​ပေါင်း​ကော်​မတီက​​နေ ​၂၀၀၈ ​ခြေ၊ဥ ပြင်​ဆင်​ဖို့ ​လေ့လာ​တွေ့ရှိချက်​​တွေ  တင်​သွင်းလိုက်​ပြီးတဲ့​နောက်​ မပြင်ဆင်သင့်တဲ့ ဥပဒေတချို့ကို မပြင်​​ဖို့ ဒီ​နေ့ မန္တ​လေးမြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

 

၂၀၀၈ ​ခြေ၊ဥမှာ ပြင်​ဆင်​သင့်​ပြင်​ဆင်​ထိုက်​တာ​တွေ ပါဝင်​သလို လုံးဝမပြင်​ဆင်​သင့်​တဲ့ ၅၉(စ)လို ပုဒ်​မ​တွေ မပြင်​ဖို့ဆိုပြီး လူအင်​အား ၅၀၀ နဲ့အထက်ဟာ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

 

အဲဒီဆန္ဒဖော်ထုတ်ပွဲမှာ အမျိုးသား​ရေးတက်​ကြွလှုပ်​ရှားသူ​တွေ၊ ၂၀၀၈​ခြေ၊ဥ ပြင်​ဆင်​လိုတဲ့ ပါတီဝင်​အချို့နဲ့ ပြည်​သူ​တွေ ပါဝင်​ခဲ့ကြပါတယ်​။

 

၂၀၀၈ အ​ခြေခံဥပ​ဒေမှာ ပုဒ်​မ ၁၂ ပါ ပြဌာန်းချက်​များပြင်​ဆင်​​ပေး​ရေး၊ ပုဒ်​မ ၅၉(စ) မူလအတိုင်းဆက်​လက်​ထားရှိ​ရေး၊ ပုဒ်​မ ၄၃၆ အတိုင်း​ဆောင်​ရွက်​​ပေး​ရေး၊ ပုဒ်​မ ၃၆၁ ကို ကာကွယ်​​စောင့်​​ရှောက်​​ပေး​ရေး၊ အ​ခြေခံဥပ​ဒေ အခန်း ၁ ပါ ပြဌာန်းချက်​တွေကို ဆက်​လက်​ထားရှိ​ပေး​ရေး စာသားပါ ဗီနိုင်း​တွေ ကိုင်​​ဆောင်​ပြီး ဒို့အ​ရေး ​ကြွေး​ကြော်​သံ​တွေနဲ့အတူ မန္တ​လေးမြို့ မဟာ​အောင်​​မြေမြို့နယ်​ ၆၆×၃၇ လမ်းက​နေ ၆၂ မ​နော်​ရမ္မံလူထုဟစ်​တိုင်​အနီးအထိ လမ်း​လျှောက်​ ချီတက်​ခဲ့ကြတာ ဖြစ်​ပါတယ်​။

 

အခုတောင်းဆိုမှုလိုပဲ မပြင်ဆင်သင့်တဲ့ ဥပဒေတွေကို ပြင်ဆင်ခဲ့မယ်ဆိုရင် လူထုအင်အားအများအပြားနဲ့ ဆက်လက်ကန့်ကွက်သွားမယ်လို့ ဒီနေ့ ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ခဲ့သူတွေက ဆိုပါတယ်။

 

#voiceofmyanmar #၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေး #၅၉(စ) လိုမပြင်သင့်တဲ့ပုဒ်မတွေမပြင်ဖို့ #ဆန္ဒဖော်ထုတ် #မန္တလေး

 

 

Related posts

Leave a Comment

VOM News

FREE
VIEW